ပဲခူးဆိုင်းဒေသကြီး ဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်း တိုင်းဒေသကြီးအဆင့် ဖွဲ့စည်းခြင်းဆိုင်ရာ အကြို လုပ်ငန်းညှိနှိုင်းအစည်းအဝေး
ဒိုက်ဦးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး။
၂၀၂၀ ခုနှစ်၊ မတ်လ (၁) ရက်နေ့။
မြန်မာနိုင်ငံ ဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်း အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (BWFM) ၏ အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီးရှိ ဒိုက်ဦးမြို့နယ်၊ ညောင်လေးပင်မြို့နယ်၊ ကျောက်တံခါးမြို့နယ်နှင့် ဖတိုမြို့ရှိ ဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်း အလုပ်သမားအဖွဲ့အစည်းများဖြင့် ပဲခူးတိုင်းဒေသကြီးအဆင့် ဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်း အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းနိုင်ရန်အတွက် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒိုက်ဦးမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ BWFM ဥက္ကဋ္ဌ ဦးမင်းမင်းလတ်၊ တွဲဖက်အထွေထွေအတွင်းရေမှူး ဒေါ်ဖြိုးစန္ဒာစိုးနှင့် ဘဏ္ဍာရေးမှူး ဦးရဲဝင်းထွန်းတို့မှ သွားရောက်၍ ဆွေးနွေးပေးခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် မြန်မာနိုင်ငံ သယ်ယူပို့ဆောင်ရေးနှင့် ၀န်ဆောင်မှု အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (MTF) ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးမိုးနှင့် ဦးမောင်မောင်ကြည်တို့မှလည်း ၀ိုင်းဝန်းကူညီပေးခဲ့ပါသည်။
အစည်းအဝေးတွင် မြို့နယ် (၃) မြို့နယ်မှ ခေါင်းဆောင် (၃၀) ဦး ကျား (၂၀) ဦး မ (၁၀) ဦးတက်ရောက်ခဲ့ပါသည်။
<iframe src=”https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fftub.burma%2Fposts%2F1330397183838047&width=500″ width=”500″ height=”830″ style=”border:none;overflow:hidden” scrolling=”no” frameborder=”0″ allowTransparency=”true” allow=”encrypted-media”></iframe>