All for Joomla All for Webmasters
မွန်ပြည်နယ်ရှိ MTLTUFအဖွဲ့ဝင်များနှင့် CTUMခေါင်းဆောင်များ တွေ့ဆုံခြင်း
ဘားအံမြို့နယ် AFFM မြို့နယ်အဆင့် သမဂ္ဂခေါင်းဆောင်များနှင့်တွေ့ဆုံခြင်း
November 23, 2016
ကရင်ပြည်နယ်ရှိ BWFM အဖွဲ့ဝင်များနှင့်တွေ့ဆုံခြင်း။
November 23, 2016

မွန်ပြည်နယ်ရှိ MTLTUFအဖွဲ့ဝင်များနှင့် CTUMခေါင်းဆောင်များ တွေ့ဆုံခြင်း

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ(၂၃)ရက်နေ့ နေ့လည်(၁၂)နာရီတွင် မွန်ပြည်နယ်မော်လမြိုင် မြို့ရှိ ကုန်တင်ကုန်ချအလုပ်သမားသမဂ္ဂများရုံးတွင် CTUM ဥက္ကဌ နှင့် မော်လမြိုင်မြို့ရှိ မြန်မာနိုင်ငံ သယ်ယူပို့ဆောင်ရေးနှင့် ၀န်ဆောင်မှုအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။
CTUM ဥက္ကဌ မှ လုပ်ငန်းဖော်နေသည့် အခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြပါသည်။ တက်ရောက်လာသော သမဂ္ဂခေါင်းဆောင်များမှလည်း သိရှိလိုသည့် အကြောင်းအရာများ မေးမြန်ပြီး အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။
တက်ရောက်သူများမှာ
၁။ မော်လမြိုင်မြို့နယ်အဆင့် ကုန်တင်ကုန်ချအလုပ်သမားသမဂ္ဂခေါင်းဆောင်များ
၂။ လျှပ်စစ်အလုပ်သမားသမဂ္ဂခေါင်းဆောင်များ
၃။ ဆိုင်ကယ်တက္ကစီးအလုပ်သမားသမဂ္ဂခေါင်းဆောင်များ စုစုပေါင်း (၃၀)တက်ရောက်ခဲ့ပါသည်။
၂၀၁၆ ခုနှစ် နိုဝင်ဘာလ(၂၂)ရက်နေ့ ညနေတွင် ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ မြိုင်ကလေးတန်(၉၀၀)ဘိလပ်မြေစက်ရုံ အလုပ်သမားသမဂ္ဂခေါင်း ဆောင်များနှင့် တွေ့ဆုံခဲ့ပါသည်။ စက်ရုံအတွင်း လုပ်ငန်းခွင်အခက်အခဲများတင်ပြ ဆွေးနွေးပြီး CTUM အဖွဲ့ချုပ် ဥက္ကဌ မှ လက်ရှိ ဆောင်ရွက်နေသော လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြပါသည်။

1 3 4 5312

Leave a Reply

Your email address will not be published. Required fields are marked *