All for Joomla All for Webmasters
ရန်ကုန်တိုင်းဒေသကြီး အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ ကော်မတီ ဒုတိယအကြိမ် အစည်းအ ဝေး
MNE Declaration Workshop
October 24, 2019
Planning and Evaluation Meeting
October 26, 2019

ရန်ကုန်တိုင်းဒေသကြီး အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ ကော်မတီ ဒုတိယအကြိမ် အစည်းအ ဝေး

ရန်ကုန်တိုင်းဒေသကြီး အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ကော်မတီ ဒုတိယအကြိမ် အစည်းအ ဝေး၂၀၁၉ ခုနှစ် အောက်တိုဘာလ (၂၅)ရက် ။

ရန်ကုန်တိုင်းဒေသကြီး အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကို တိုင်းဒေသကြီးအစိုးရ အစည်းအဝေးခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအစည်းအဝေးကို တိုင်းဒေသကြီးကော်မတီ ဥက္ကဌ ဒေါ်စိုးမိုးစုကြည် (ဝန်ကြီး – လူဝင်မှုကြီးကြပ်ရေး နှင့် လူစွမ်းအားအရင်းမြစ်ဝန်ကြီးဌာန) ၊ အလုပ်ရှင်ကိုယ်စားလှယ်များ နှင့်အတူ အလုပ်သမားကိုယ်စားလှယ်များ ဖြသ်ကြသော ဦးရဲဝင်းထွန်း (CTUM,BWFM)၊ ဦးဌေးလွင် (CTUM,AFFM) ၊ ဦးအေးသောင်း (CTUM,MTF) တို့သည် အခြားအလုပ်သမားကိုယ်စားလှယ် များနှင့်အတူ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးကော်မတီ အနေဖြင့် ပထမအကြိမ်တွင် တောင်းခံခဲ့သော အလုပ်ရှင်၊အလုပ်သမားကိုယ်စားလှယ်များထံမှ တောင်းခံထားသော အချက်အလက်များကို တင်ပြမှုများအဖြင့် အလုပ်ရှင်ကိုယ်စားလှယ် ဒေါ်တင်တင်ရီ မှ လည်းကောင်း ၊အလုပ်သမားကိုယ်စားလှယ် ဦးရဲဝင်းထွန်း မှ အဖွဲ့ချုပ်မှ ကောက်ယူထားတဲ့ နေထိုင်ကုန်ကျမှု စစ်တမ်းကောက်ယူထားသည့် စစ်တမ်း နမူနာပုံစံ နှင့် အချက်အလက်ထည့်သွင်းသည့် နမူပုံများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ဆက်လက် ဥက္ကဌ. နှင့် အတွင်းရေးမှုး တို့မှ မိမိတို့ကော်မတီအနေဖြင့် အမျိုးသားကော်မတီ သို့ တင်ပြရမည့်အချိန်နီးလာပြီ ဖြစ်သည့် အတွက် လုပ်မည့် စစ်တမ်းကောက်မှုဆိုင်ရာ မြို့နယ်များရွေးချယ်ခြင်း နှင့် စစ်တမ်း ကောက်မူပုံစံကို အတည်ပြုပြီး စတင်မည့်အချိန်ကို ဆွေးနွေးသတ်မှတ်ရန် တင်ပြဆွေးနွေးခဲ့ပါသည်။ အလုပ်ရှင်ကိုယ်ားးလှယ် ဦးထွန်းထွန်း မှ အလုပ်သမား များအတွက်သာမဟုတ် အလုပ်ရှင်များ၏ ပေးနိုင်စွမ်းအပေါ်လည်း စစ်တမ်းကောက်ယူသင့်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။အလုပ်သမားကိုယ်စားလှယ် ဦးရဲဝင်းထွန်းမှ ဦးထွန်းထွန်း ၏ ဆွေးနွေးချက်များအပေါ်တွင် ပြန်လည်ဆွေးနွေးပေးခဲ့ပါသည်။
ထို့နောက် ဥက္ကဌ. နှင့် အတွင်းရေးမှုး တို့ မှ လိုအပ်သည်ကိုများဖြည့်စွတ်တင်ပြဆွေးနွေးပြီး အစည်းအဝေးကို ပြီးဆုံးခဲ့ပါသည်။
အောက်ဖော်ပြပါ ဆုံးဖြတ်ခဲ့ကြပါသည်။

၁) အလုပ်ရှင်ကိုယ်စားလှယ်များ အနေဖြင့် စစ်တမ်းတွင် ထပ်မံဖြည့်စွတ်လိုသည့်အချက်အလက်များကို အမြန်ဆုံး ကော်မတီအတွင်းရေး ထံပေးပို့သွားရန်။

၂) ကော်မတီ အစည်းအဝေးကို အနီးဆုံးမြန်မြန် ပြန်ခေါ်နိုင်ရန် ကော်မတီ အတွင်းရေးမှုးမှ ညှိနှိုင်းဆောင်ရွက်သွားရန် ။

၃) နောက်တကြိမ် အစည်းအဝေးတွင် စစ်တမ်း ကောက်ယူမည့် ဖောင်ပုံစံ နှင့် ကောက်ယူသွားမည့် မြို့နယ် များကို အတည်ပြုခြင်း နှင့် ကွင်းဆင်းရက်ကို သတ်မှတ်သွားရန် ။

တို့ကို ဆုံးဖြတ်ခဲ့ကြပါသည်။

လေးစားစွာဖြင့်

ရဲဝင်းထွန်း
BWFM

<iframe src=”https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fmedia%2Fset%2F%3Fset%3Da.1216898018521298%26type%3D3&width=500″ width=”500″ height=”792″ style=”border:none;overflow:hidden” scrolling=”no” frameborder=”0″ allowTransparency=”true” allow=”encrypted-media”></iframe>

Leave a Reply

Your email address will not be published. Required fields are marked *