All for Joomla All for Webmasters
လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးသင်တန်း
Labour law training
August 17, 2018
အလုပ်သမားအဖွဲ့အစည်းများကို လွတ်လပ်စွာဖွဲ့စည်းခွင့်နဲ့ အလုပ်သမားရေးရာ အငြင်းပွားမှု တွေကို ဖြေရှင်းရေးတွေမှာအားနည်းနေကြောင်း
August 18, 2018

လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးသင်တန်း

CTUM ရွှေ့ပြောင်းအလုပ်သမားဌာနမှ မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးသင်တန်းကို ပို့ချပေးလျှက်ရှိပါသည်။ သင်တန်းကို ILO, Triangle Project ၏ပံ့ပိုးမှုဖြင့် ပြုလုပ်ခြင်းဖြစ်ပါသည်။
တက်ရောက်လာသော သင်တန်းသားများမှာ ယောကျာင်္းလေး ၅ ယောက်နှင့် မိန်းကလေး ၂၂ ယောက် စုစုပေါင်း ၂၇ ယောက်တက်ရောက်ပါသည်။
သံဖြူဇရပ်မြို့ရှိ အသင်းတော်၏ဖွံ့ဖြိုးရေးတာဝန်ခံ ဆရာမ ဒေါ်တိုးတိုးအေးမှ အဖွင့် အမှာစကားပြော ကြားပေးပါသည်။
သင်တန်းကို ရွှေ့ပြောင်းသွားလာလုပ်ကိုင်ဖူးသူများ၊ ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသည့် သူများ၏ မိသားစုဝင်များ၊ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ရန် စီစဉ်နေသည့် သူများပါဝင်တက်ရောက်ပါသည်။
သင်တန်းကို သင်တန်းဆရာ အဖြစ် CTUM ရွှေ့ပြောင်းအလုပ်သမားဌာနမှ ဦးအောင်ကျော်မြင့်နှင့် ဒေါ်ထွေးထွေးသိန်းတို့မှ ပို့ချပေးခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *