လူစီးတွဲနှင့်ကုန်တွဲ(မြစ်ငယ်)အခြေခံသမဂ္ဂ (၄)နှစ်ပြည့်ခဲ့ပြီ ( 23 Jan 2017 in Mandalay)
မန္တလေးမြို့ရှိ လူစီးတွဲနှင့်ကုန်တွဲစက်ရုံအခြေခံအလုပ်သမားသမဂ္ဂ (၄)နှစ်ပြည့် နှစ်ပါတ်လည်အခမ်းအနားကို မန္တလေးမြို့ရှိ မီးရထား ခမ်းမတွင်ပြုလုပ်ခဲ့သည်။
ထိုအခမ်းအနားတွင် လူစီးတွဲနှင့်ကုန်တွဲစက်ရုံအခြေခံအလုပ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးမျိုးချစ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ဥက္ကဋ္ဌ ဦးမောင်မောင်၊ လူစီးတွဲနှင့်ကုန်တွဲစက်ရုံအထွေထွေမန်နေဂျာ ဦးတင်မောင်သန်းတို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အခြေခံအလုပ်သမားသမဂ္ဂအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့်ဧည်သည်တော်များ စုစုပေါင်း (၅၀၀)ကျော် တတ်ရောက်ခဲ့ကြောင်း သိရှိရသည်။ ဘဏ္ဍာရေးဆိုင်ရာ ငွေစာရင်းရှင်းတမ်းများနှင့် အလုပ်သမားသမဂ္ဂလှုပ်ရှားမှုအခြေအနေများကို ရှင်းလင်း တင်ပြကြသည်။