All for Joomla All for Webmasters
အကြမ်းဖက်စစ်အုပ်စုသည် CTUM အပေါ် ဥပဒေကြောင်းအရ မည်သည့်နည်းလမ်းနှင့်မှ အရေးယူနိုင်သည့် တရားဝင်မှုမရှိသည့်အပြင် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်
ကမ္ဘာ့အလုပ်သမားနေ့ May Day လှုပ်ရှားမှုတွင်ပူးပေါင်းပါဝင်ကြရန်နှိုးဆော်ခြင်း
May 1, 2023
The SAC, a TERRORIST organization, has no legitimacy to take any legal action against the CTUM, or any other legal organizations, and must be held accountable to the violation of labour rights.
October 2, 2023

အကြမ်းဖက်စစ်အုပ်စုသည် CTUM အပေါ် ဥပဒေကြောင်းအရ မည်သည့်နည်းလမ်းနှင့်မှ အရေးယူနိုင်သည့် တရားဝင်မှုမရှိသည့်အပြင် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၀၂) ရက်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (ILO)၊ စုံစမ်းစစ်ဆေးရေးကော်မရှင် (Commission of Inquiry -COI)၏အစီရင်ခံစာကိုလုပ်ကြံတုံ့ပြန်ရန်ကော်မတီအဆင့်သုံးဆင့်ဖွဲ့စည်းကြောင်းတရားမဝင်ပြန်တမ်းဖြင့် အတည်တကျထုတ်ပြန်ခြင်းနှင့်စပ်လျဥ်းပြီး၊မိမိတို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) မှထောက်ပြလိုသည်မှာ မြန်မာနိုင်ငံတွင် တရားဝင်ဖွဲ့စည်းထူထောင်ထားပြီး အတည်တကျမှတ်ပုံတင် ထားသည့် အဖွဲ့အစည်းများအပေါ်အရေးယူနိုင်သောမည်သည့်အခွင့်အရေးမှ အကြမ်းဖက်စစ်အုပ်စုထံတွင် သော်လည်း ကောင်း၊ အကြမ်းဖက်စစ်အုပ်စုကဖွဲ့စည်းထားသည့် မည်သည့် အဖွဲ့အစည်းထံတွင်သော်လည်းကောင်း မရှိ ပါ။

အကြမ်းဖက်စစ်အုပ်စုမှ ဖွဲ့စည်းထားသည့် ကော်မတီများသည် လက်ရှိအချိန်တွင် ဤအမှုထက် ယင်းတို့ ကိုယ်တိုင် အခြေအနေကို ပိုမိုမဆိုးရွားစေခင်၊ ILO ယန္တရားများ၊ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများနှင့် ကျင့်သုံးရမည့် အခြေခံမူများကို သိနားလည်ရန် အရေးကြီးသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင် COI ကို ဖြေကြားမည့် အကြမ်းဖက်စစ်အုပ်နှင့် အကြမ်းဖက်စစ်အုပ်စုမှ ဖွဲ့စည်း တည်ထောင်ထားသည့် အလုပ်မားဝန်ကြီးဌာနမှ ကော်မတီများသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ် (ILO) မည်ကဲ့သို့ လုပ်ငန်းဆောင်ရွက်ကြောင်း ကျနစွာ လေ့လာသင့်သည်။

• ILO ၏ ကျွမ်းကျင်ပညာရှင်များပါဝင်သည့် ကော်မတီက မြန်မာနိုင်ငံ၏ အခြေအနေကို အကဲဖြတ် ဆန်းစစ်ရေးနှင့် စပ်လျဥ်းပြီး၊ ILO အုပ်ချုပ်ရေးအဖွဲ့၏ သက်ဆိုင်ရာ သုံးပွင့်ဆိုင် အဖွဲ့ဝင်များ (အစိုးရ ကိုယ်စားလှယ်များ၊ အလုပ်ရှင် ကိုယ်စားလှယ်များ၊ အလုပ်သမား ကိုယ်စားလှယ်များ) က COI ဖွဲ့စည်းရေးကို ပူးတွဲဆုံးဖြတ်ခဲ့သည်။

• အဆိုပါ ဆုံးဖြတ်ချက်ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ (International Labour Conference – ILC)က ဆက်လက် အတည်ပြုပေးခဲ့ပြီး၊ ဤလုပ်ငန်းစဥ်ကို ထောက်ပံ့ရန် အသုံးစရိတ်အား လက်ခံသဘောတူခဲ့သည်။

• ILO အဖွဲ့ဝင်များ၏ ဆုံးဖြတ်ချက်များကို သက်ဆိုင်ရာပြဌာန်းချက်များအဖြစ်သာမက ကျင့်သုံးရန် လိုအပ် သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာစံချိန်စံနှုန်းများအဖြစ် သတ်မှတ်ခြင်းဖြစ်ပြီး၊ ဤဆုံးဖြတ် ချက် ချမှတ်ခြင်းသည် ILO ရုံး၏ အရေးအရာ မဟုတ်ပေ။

• COI သည် ILO ရုံးနှင့် မသက်ဆိုင်ဘဲ အုပ်ချုပ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်ကို လိုက်နာပြီး ၎င်းတို့၏ လုပ်ငန်း ဆောင်ရွက်မှုများကို စတင်ခဲ့သည်။

စစ်အာဏာရှင်အစဥ်အဆက်တို့၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခဲ့မှုများအတွက် ပမာဏ အတော်ပင် များ ပြားသော သက်သေအထောက်အထားတို့ကို ILO ကျွမ်းကျင်ပညာရှင်များကော်မတီ၊ နိုင်ငံတကာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်နှင့် ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များက ၁၉၉၂ ခုနှစ် ကတည်းက ကောက်ယူ စုဆောင်းထားပြီးဖြစ်ကြောင်း အကြမ်းဖက်စစ်အုပ်နှင့် အကြမ်းဖက် စစ်အုပ်စုမှ ဖွဲ့စည်း တည်ထောင် ထားသည့် အလုပ်မားဝန်ကြီးဌာနတို့သိရှိရန်လိုအပ်သည်။

ဤတွင် အကြမ်းဖက် စစ်အုပ်စုက အလုပ်သမားရေးရာကိစ္စရပ်များအတွက် လက်ရှိ ခန့်အပ်ထားသော တာဝန်ရှိ ပုဂ္ဂိုလ်ဖြစ်သည့် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးသည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဖြစ်ခဲ့သည့် အချိန် ၌ လူ့အခွင့်အရေး ချိုးဖောက်ခဲ့ခြင်းနှင့် ကျူးလွန်ခဲ့သော အထောက်အထားများလည်း ပါဝင်သည်။

မိမိတို့ CTUM သည် တရားဝင် အလုပ်သမားအဖွဲ့ချုပ်ဖြစ်သည့်အားလျော်စွာ နိုင်ငံတကာ အလုပ်သမား သမဂ္ဂ လှုပ်ရှားမှုများတွင် တသားတည်းဆက်လက်ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ အလုပ်သမား များသည် ရေရှည်တည်တံ့ခိုင်မြဲသော၊ အားလုံးအတွက် အကျုံးဝင်သော ဖယ်ဒရယ်ဒီမိုကရေစီ စနစ်အောက်တွင် စနစ်အပြောင်းအလဲပြီးမြောက်အောင်မြင်ရေးကို ရှေးရှု့လျက် အလုံးစုံသောနည်းလမ်းဖြင့် တရားမဝင် အကြမ်း ဖက်စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးကို ဖယ်ရှားရန် သံဌိဌာန် ချမှတ်ထားပြီး ဖြစ်ပါ ကြောင်း ထုတ် ပြန်ကြေညာအပ်ပါသည်။

လေးစားစွာဖြင့်

မောင်မောင်

ဥက္ကဋ္ဌ

Leave a Reply

Your email address will not be published. Required fields are marked *