All for Joomla All for Webmasters
အကြမ်းဖက်စစ်အုပ်စု၏ ချိုးဖောက်ကျူးလွန်မှုများအပေါ် စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် ထုတ်ပြန်ကြေညာသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့- ILO ၏  စုံစမ်းစစ်ဆေးရေး ကော်မရှင် (Commission of Inquiry – COI) အစီရင်ခံစာအပေါ် ကြိုဆိုထောက်ခံကြောင်း ထုတ်ပြန်ကြေညာချက်
Statement welcoming and supporting the report of the Commission of Inquiry – COI of the International Labour Organization – ILO
October 16, 2023
Statement welcoming the United States Government, Canada and the United Kingdom sanction on the MOGE and junta and calling for enforcements.
November 2, 2023

အကြမ်းဖက်စစ်အုပ်စု၏ ချိုးဖောက်ကျူးလွန်မှုများအပေါ် စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် ထုတ်ပြန်ကြေညာသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့- ILO ၏  စုံစမ်းစစ်ဆေးရေး ကော်မရှင် (Commission of Inquiry – COI) အစီရင်ခံစာအပေါ် ကြိုဆိုထောက်ခံကြောင်း ထုတ်ပြန်ကြေညာချက်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်။

၁။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ – ILO ၏ စုံစမ်းစစ်ဆေးရေးကော်မရှင် (Commission of Inquiry – COI) မှ အကြမ်းဖက်စစ်အုပ်စု၏ ချိုးဖောက်ကျူးလွန် မှုများအပေါ် စာမျက်နှာ (၂၀၄) ပါဝင်သည့် အစီရင်ခံစာတစ်စောင် ထုတ်ပြန် ကြေညာခဲ့ပါသည်။ ထိုအစီရင်ခံစာ အပေါ် မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် – CTUM အနေဖြင့် ကြိုဆိုထောက်ခံ ပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

၂။ ILO ဆိုသည်မှာ နိုင်ငံပေါင်း (၁၈၇) နိုင်ငံပါဝင်သည့် ကုလသမဂ္ဂမိသားစုအဖွဲ့ဝင်များဖြစ်သည်နှင့်အညီ စုံစမ်းစစ်ဆေးရေးကော်မရှင် – COI ကို ဖွဲ့စည်းပြီး အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်ချိုးဖောက်မှုများအပေါ် လူပေါင်းများစွာကို စစ်ဆေးပြီးနောက် တွေ့ရှိချက်ကို အစီရင်ခံစာဖြင့် ထုတ်ပြန်ခြင်းဖြစ်သည့်အတွက် အလွန် ကောင်းမွန်သည့် အစီရင်ခံစာဖြစ်ပါသည်။

၃။ အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ILO စုံစမ်းစစ်ဆေးရေးကော်မရှင် -COI ကို လုံးဝအသိအမှတ်မပြုပါကြောင်းနှင့် ပြည်တွင်းသို့လုံးဝဝင်ရောက်ခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ အကြမ်းဖက်စစ်အုပ်စုသည် ကုလသမဂ္ဂအဖွဲ့ဝင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ILO တွင် နိုင်ငံအနေဖြင့် သဘောတူလက်မှတ်ရေးထိုးထားသည့် အလုပ်သမားအခွင့်အရေးဆိုင်ရာ အခြေခံပြဌာန်းချက်များကို လိုက်နာရန် ငြင်းဆိုနေသည့် စုဖွဲ့မှုသာလျှင် ဖြစ်ပါသည်။ ကျူးလွန်မှုများကို သက်သေသာဓကများ၊ အချက်အလက်များ ထောက်ပြခြင်းများအပေါ် လုံးဝ ငြင်းဆန်နေသောကြောင့် မိမိတို့နိုင်ငံအတွက် လွန်စွာစိတ်မကောင်း ဖြစ်ရပါသည်။

၄။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့- ILO ၏ ညွှန်ကြားရေးမှူးမှ COI အစီရင်ခံစာနှင့် ပါတ်သက်၍ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ILO မှ ထုတ်ပြန်သည့် အစီရင်ခံစာကို သဘောတူ၍ကျူးလွန်မှူများပပျောက်အောင် ILO နှင့် ဆက်လက်ဆောင်ရွက်ရန်ရှိ/ မရှိ ဆိုသည့်အချက်နှင့် ဆက်လက်၍ ချိုးဖောက်နေဦးမည်ဆိုပါက ကမ္ဘာခုံရုံး – ICJ သို့ သွားမည်လားဆိုသည့် မေးခွန်းကို မေးမြန်းထား

ပါသည်။ အကြမ်းဖက်စစ်အုပ်စုအနေဖြင့် အဆိုပါမေးခွန်းအပေါ် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ မတိုင်မီပြန်လည် ဖြေကြားရမည်ဖြစ်ပါကြောင်း ပြည်သူလူထုနှင့်အလုပ်သမားထုကို အသိပေးလိုပါသည်။

၅။ စစ်အုပ်စုအနေဖြင့် စုံစမ်းစစ်ဆေးရေးကော်မရှင် – COI ကို လုံးဝအသိအမှတ်မပြုပါကြောင်း ထုတ်ဖော် ပြောကြားခဲ့သည့်အပြင် ပြည်တွင်းသို့ လုံးဝ ဝင်ရောက်ခြင်းကို ခွင့်မပြုခဲ့ပါ။ စစ်အုပ်စုအနေဖြင့် ဆက်လက်၍ စုံစမ်းစစ်ဆေးရေးကော်မရှင် – COI ၏ အစီရင်ခံစာကို ငြင်းဆန်မှုများ ပြုလုပ်မည်ဆိုပါက ICJ တွင် အလုပ်သမား အခြေခံ အခွင့်အရေးချိုးဖောက်မှုများအပေါ် ရင်ဆိုင်ဖြေရှင်းရန် ILO မှ တရားစွဲဆိုမှုကို ကြုံတွေ့ရမည်ဖြစ်သည်။ သို့မဟုတ်ပါက ILO အနေဖြင့် ယခင် ၂၀၀၀ ခုနှစ်ကဲ့သို့ပင် ပိတ်ဆို့အရေးယူမှုများကို ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် နိုင်ငံအနေဖြင့် ရင်ဆိုင်သွားရမည်ဖြစ်ပါကြောင်းကို အားလုံး သိရှိနိုင်ရန် တင်ပြပါသည်။

၆။ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် – CTUM အနေဖြင့် လွတ်လပ်သော အလုပ်သမား သမဂ္ဂများ ပေါ်ပေါက်ရှင်သန်နိုင်ရန် လိုအပ်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ တော်လှန်ရေး အင်အားစုများနှင့် အတူတူ စနစ်ပြောင်းလဲသည်အထိ ဆက်လက်ပူးတွဲ အကောင်အထည်ဖော်သွားမည် ဖြစ်ပါကြောင်း ထုတ်ပြန် ကြေညာအပ်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)

Leave a Reply

Your email address will not be published. Required fields are marked *