All for Joomla All for Webmasters
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ် (Employment Contract)
Collective Bargaining Training for Trade Union Leaders of CTUM with the support of IndustriALL
September 13, 2017
AMG အထည်ချုပ်စက်ရုံ သမဂ္ဂ ဒီမိုကရေစီကျဖွဲ့စည်း
September 13, 2017

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ် (Employment Contract)

Agreed Employment Contract by UMFCCI, it’s brothers and sisters association and Trade Union Confederations/federations. Signed in the National Tripartite Dialogue Forum by Government, Employer and Worker representatives. Trade Unions should prepare for signing EC or renew EC. Government officer will contact to employers to renew/signing EC very soon. If need more clarification on attached EC, Trade Union reps (CTUM or Non CTUM) can write or call the following phone numbers to reach CTUM.
အလုပ်ရှင်အဖွဲ့ချုပ်နှင့် အလုပ်သမားအဖွဲ့ချုပ်များ ဆွေးနွေးထားပြီး National Tripartite Dialogue Forum သုံးပွင့်ဆိုင် အစည်းအဝေးတွင် လက်မှတ်ရေးထိုးအတည်ပြုခဲ့သော အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်အား အများသိစေပါရန် တင်ပြအပ်ပါသည်။ မကြာမီတွင် မြို့နယ် အလုပ်သမားဦးစီးများမှ လုပ်ငန်းရှင်များသို့ မိတ္တူများကို ပေးပို့သွားမည်ဖြစ်ပြီး EC စာချုပ်များ ပြန်လည် ချုပ်ဆိုကြရန် အကြောင်းကြားလာမည် ဖြစ်ပါသည်။ ထို့ကြောင့် ယခုတင်ပြထားသေ စာချုပ်အား သေချာ ဖတ်ရှုလေ့လာကြပါရန် တိုက်တွန်းအပ်ပါသည်။
အလုပ်ရှင်မှ အလုပ်သမားများအား စာချုပ် ချုပ်ဆိုရန် ပြောကြားလာသည့်အခါတွင် အလုပ်သမားအဖွဲ့အစည်း ကိုယ်စားလှယ်များသည် အလုပ်ရှင်ထံမှ EC စာချုပ် မူကြမ်းကို ရရှိမည် ဖြစ်ပါသည်။ ထိုမူကြမ်းအား သေချာစွာ ဖတ်ရှု၍ ကွဲလွဲမှုများ ရှိပါက (သို့မဟုတ်) ကွဲလွဲမှုများသည် အလုပ်သမားများအတွက် အကျိုးထိခိုက်စေသော အကြောင်းအရာများ ဖြစ်ပါက အလုပ်ရှင်နှင့် ပြန်လည် ဆွေးနွေးနိုင်ပါသည်။
အလုပ်သမားအဖွဲ့အစည်း ကိုယ်စားလှယ်များအနေဖြင့် ယခုတင်ပြထားသော EC စာချုပ်တွင် မရှင်းလင်းသည့် ကိစ္စရပ်များ ရှိပါက CTUM အဖွဲ့ဝင် မဟုတ်သည့်တိုင် အလုပ်သမားများ၏ အကျိုးငှာ မေးမြန်းလိုပါက မေးမြန်းနိုင်ပါသည်။ သိရှိလိုသည့်အချက်များကို စာရေးသား မေးမြန်းခြင်း၊ ဖုန်းဖြင့် ဆက်သွယ်ခြင်းများ ပြုနိုင်ပါသည်။
သတိပြုရန် တစ်ချက်မှာ – လုပ်ငန်းခွင်စည်းကမ်းများကို စာချုပ်တွင် ဖော်ပြထားခြင်း မရှိပါ။ နောက်ဆက်တွဲ (က) (ခ) အနေဖြင့် ထည့်သွင်းရမည်ဖြစ်ပါသည်။ စည်းကမ်းချက်များကို အလုပ်ရှင်မှ ပူးတွဲတင်ပြလာပါက သေချာ ဖတ်ရှုကြပါ၊ မသင့်တော်သည်များ၊ လုပ်ငန်းခွင်နှင့် မသက်ဆိုင်သည့် ကိစ္စရပ်များ ပါဝင်ပါက ပြန်လည် ဆွေးနွေးပြင်ဆင်နိုင်ပါသည်။
လိုအပ်သည့် အကူအညီရှိပါက အဖွဲ့ချုပ်သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ဆက်သွယ်ရန် ဖုန်းလိပ်စာများ –
၁) ရုံးဖုန်း – ၀၁၅၅၁၅၂၆
၂) ဦးဝင်းဇော် – ၀၉၂၅၀၂၆၃၂၃၂
၃) ဦးငယ်လေး – ၀၉၇၉၇၄၆၇၁၁၀
၎) ဦးမင်းမင်းလတ် -၀၉၄၃၀၈၉၃၄၆
၅) ဦးအောင်ကျော် – ၀၉၄၂၈၁၈၂၇၈၈
၆) ဒေါ်ဖြိုးစန္ဒာစိုး – ၀၉၄၂၀၁၂၂၅၄၂
၇) ဒေါ်စုမာ – ၀၉၇၉၅၆၅၈၅၁၃
၈) ဒေါ်ခိုင်ဇာအောင် – ၀၉၄၂၀၂၅၂၀၂၅
၉) ဒေါ်ဝင်းသိင်္ဂိစိုး – ၀၉၉၇၉၃၇၂၉၂၇
၁၀) ဦးရဲသူရ – ၀၉၂၅၀၃၆၃၇၆၄
၁၁) ဦးမျိုးလေး – ၀၉၇၉၁၇၁၂၃၀၀
၁၂) ဒေါ်စန်းစန်း – ၀၉၇၉၉၆၀၈၂၁၅

Agreed Employment Contract by UMFCCI, it's brothers and sisters association and Trade Union Confederations/federations….

Posted by Ctum Myanmar on Sunday, September 10, 2017

Leave a Reply

Your email address will not be published. Required fields are marked *