All for Joomla All for Webmasters
အလုပ်မှ ထုတ်ပယ်ခံခဲ့ရသော DJY ခြေအိတ်စက်ရုံ အလုပ်သမားများအား အလုပ်ရှင်မှ အလုပ်ပြန်ခန့်ရန်
The pay rate debate
November 11, 2017
ယနေ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်တွေ့ဆုံ
November 11, 2017

အလုပ်မှ ထုတ်ပယ်ခံခဲ့ရသော DJY ခြေအိတ်စက်ရုံ အလုပ်သမားများအား အလုပ်ရှင်မှ အလုပ်ပြန်ခန့်ရန်

Over Two hundred dismissed workers from DJY Knitting Myanmar Co., Ltd are reinstated by the factory after consultation of the Brand, CTUM and the factory.
အလုပ်မှ ထုတ်ပယ်ခံခဲ့ရသော DJY ခြေအိတ်စက်ရုံ အလုပ်သမားများအား အလုပ်ရှင်မှ အလုပ်ပြန်ခန့်ရန် သဘောတူ၍ အလုပ်ပြန်ခန့်ထားပြီး ဖြစ်ပါကြောင်း။

CTUM was asked to help the dispute by DJY workers. CTUM officials met with Lidl brand representatives on the dispute and situation on industrial relations at factory. CTUM urged for reinstatement of dismissed workers. With the help of Brand and cooperation of the factory management and a CTUM official, Win Theingi Soe, the dismissed workers were reinstated. 🙂

Reference: https://www.mmtimes.com/…/sock-factory-fires-workers-strike…

အလုပ်မှ ထုတ်ပယ်ခံခဲ့ရသော DJY ခြေအိတ်စက်ရုံ အလုပ်သမားများအား အလုပ်ရှင်မှ အလုပ်ပြန်ခန့်ရန် သဘောတူ၍ အလုပ်ပြန်ခန့်ထားပြီး ဖြစ်ပါကြောင်း။

DJY ခြေအိတ်စက်ရုံ အငြင်းပွားမှု၊ အလုပ်သမားများ ဆန္ဒပြမှု နှင့် အလုပ်သမား (၂၀၀) ကျော် အလုပ်မှ ထုတ်ပယ်ခံခဲ့ရသော ကိစ္စအား မှတ်မိကြအုံးမယ် ထင်ပါတယ်။ နောက်ဆုံး ရရှိသည့် ရလာဒ် ကို အများသိစေရန် တင်ပြအပ်ပါသည်။
DJY စက်ရုံ အလုပ်သမားများ ဆန္ဒထုတ်ဖော်တောင်းဆိုနေသည့် အငြင်းပွားမှုအားကူညီပေးပါရန် CTUM သို့ အလုပ်သမားများမှ တောင်းဆိုလာသည့်နောက်တွင် အလုပ်သမားများ၏ ဆန္ဒထုတ်ဖော်မှုကို ရပ်ဆိုင်းရန်နှင့် ဥပဒေကြောင်းအရေ ဆက်လက် ဖြေရှင်းကြပါရန် အလုပ်သမားများအား ဒေါ်ဝင်းသီင်္ဂိစိုး ဦးဆောင်သော CTUM အဖွဲ့ဝင်သမဂ္ဂ ခေါင်းဆောင်များ စည်းရုံးရေးမှူးများမှ ရှင်းပြပေးခဲ့ပါသည်။ ထို့နောက် ဖြေရှင်းရေးအတွက် လိုအပ်သည့် ကိစ္စများအား ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းပြခဲ့သည့်နောက်တွင် အလုပ်သမားများသည် သပိတ်မှောက် ဆန္ဒထုတ်ဖော်မှုကို ရပ်ဆိုင်းခဲ့ကြပါသည်။ ထို့နောက် အမှုအား ခုံသမာဓိအဆင့်ဆင့်သို့ တင်ပြဖြေရှင်းခဲ့ပါသည်။
ထိုကာလအတွင်းတွင် DJY စက်ရုံတွင် ပစ္စည်းအပ်နေသော Idil Brand (buyer) နှင့်လည်း တွေ့ဆုံ၍ စက်ရုံတွင် ဖြစ်ပွားနေသော အခြေအနေများ၊ အလုပ်သမား ၂၀၀ ဦးကျော်အား အလုပ်မှ ထုတ်ပယ်မှုသည် ဥပဒေနှင့် ညီညွှတ်မှု မရှိသည့် အခြေအနေများအားဆွေးနွေးခဲ့ကြပြီး အလုပ်သမားများအား အလုပ်ပြန်လည် ခန့်အပ်ပေးစေရန်အတွက် တိုက်တွန်းပြောကြားခဲ့ပါသည်။ Brrand ပစ္စည်းအပ်သူ၊ စက်ရုံတာဝန်ရှိသူများနှင့် CTUM မှ ဒေါ်ဝင်းသိင်္ဂိစိုးတို့မှ ပူးပေါင်းဆောင်ရွက်မှုဖြင့်
ယခုအခါတွင် အလုပ်မှ ရပ်စဲခံရသော အလုပ်သမားများအား အလုပ်ရှင်မှ သဘောတူကာ အလုပ်ပြန်လည် ခန့်ထားခဲ့ပြီး ဖြစ်ပါကြောင်း အများသိစေရန် ၀မ်းသာစေရန် တင်ပြအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *