All for Joomla All for Webmasters
အလုပ်သမား အဖွဲ့အစည်း ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ နည်းပညာ အကြံပေးအဖွဲ့ အစည်းအဝေး
အလုပ်​သမားသတင်း​ထောက်​နှင့်​ ဆက်​သွယ်​​ရေးသင်​တန်းမှ တတ်​​ရောက်​သူများရိုက်​ကူး​သော ဗီဒီယို
December 27, 2017
Labour Reporters and Communication Training.
December 27, 2017

အလုပ်သမား အဖွဲ့အစည်း ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ နည်းပညာ အကြံပေးအဖွဲ့ အစည်းအဝေး

အလုပ်သအလုပ်သမား အဖွဲ့အစည်း ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ နည်းပညာ အကြံပေးအဖွဲ့ အစည်းအဝေး
(၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်) – နေပြည်တော်
Technical Working Group meeting on Labour Law Reform on 15th in Nay Pyi Taw, discussed on Labour Organization Law amendment.

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် အလုပ်သမားအဖွဲ့အစည်း ဥပဒေ ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ နည်းပညာ အကြံပေးအဖွဲ့၏ အစည်းအဝေးကို နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့်အတူ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ် (၃) ဦး၊ အလုပ်သမားအဖွဲ့ချုပ်များမှ ကိုယ်စားလှယ် (၆) ဦး၊ ရှေ့နေချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ ILO ရန်ကုန်ရုံးမှ ကိုယ်စားလှယ်များနှင့် လွှတ်တော် ကိုယ်စားလှယ် (၁) ဦး တက်ရောက်ဆွေးနွေးခဲ့ပါသည်။

အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားများ မှ ပြင်ဆင်လိုသည့် အချက်များကို တင်ပြ၍ ဆွေးနွေးခဲ့ကြပြီး အားလုံး သဘောတူညီမှု မရရှိသည့် အချက်များနှင့် စပ်လျဉ်း၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ၏ သဘောထား မှတ်ချက်များကို မှတ်တမ်းတင်ခဲ့ကြပါသည်။

ပြင်ဆင်လိုသည့်အချက်များအား သဘောထားမှတ်ချက်များနှင့်အတူ လွှတ်တော် ကော်မတီများသို့ ပေးပို့သွားမည်ဖြစ်သည်ဟု အလုပ်သမားဝန်ကြီးဌာနမှ သိရပါသည်။

သုံးပွင့်ဆိုင်ဖွဲ့စည်းထားသည့် ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ နည်းပညာ အကြံပေးအဖွဲ့၏ ရည်ရွယ်ချက်မှာ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ ဆွေးနွေးညှိနှိုင်း၍ အားလုံး ဘုံသဘောတူညီသည့် ပြင်ဆင်ချက်များကို ရရှိစေရေး ကြိုးစားဆောင်ရွက်ကြရန် ဖြစ်သော်လည်း ဖြစ်စေလိုသည့် အတိုင်း အားလုံးဘုံသဘောတူညီသည့် ဥပဒေ ပြင်ဆင်ချက်များ ရရှိသည့် အနေအထားထိသို့ မရောက်ရှိခဲ့ပါ။

ထို့ကြောင့် ILO ဘက်မှလည်း အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားများ၏ တင်ပြချက်များနှင့် စပ်လျဉ်း၍ ILO ၏ စံနှုန်းများအား ပြန်လည် တင်ပြ၍ သဘောထားမှတ်ချက်များ ပေးခဲ့ကြပါသည်။

တင်ပြသူ –
ခိုင်ဇာအောင်
ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ နည်းပညာ အကြံပေးအဖွဲ့ (အလုပ်သမားကိုယ်စားလှယ်- CTUM)

Leave a Reply

Your email address will not be published. Required fields are marked *