All for Joomla All for Webmasters
အလုပ်အကိုင်အာမခံချက်ရှိရေးနှင့်အလုပ်ရှင်-အလုပ်သမားကြားအပြုသဘောဆောင်သော ဆက်ဆံရေးဆိုင်ရာ စက်မှုလုပ်ငန်းခွင်ဆက်ဆံရေး နှီးနှောဖလှယ်ပွဲ
Myanmar Fortune Garment workers’ union is established democratically with 400 members.
December 12, 2019
AFFM နှင့် ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကျေးလက်လူမှု့ဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ
December 18, 2019

အလုပ်အကိုင်အာမခံချက်ရှိရေးနှင့်အလုပ်ရှင်-အလုပ်သမားကြားအပြုသဘောဆောင်သော ဆက်ဆံရေးဆိုင်ရာ စက်မှုလုပ်ငန်းခွင်ဆက်ဆံရေး နှီးနှောဖလှယ်ပွဲ

အလုပ်အကိုင်အာမခံချက်ရှိရေးနှင့်အလုပ်ရှင်-အလုပ်သမားကြားအပြုသဘောဆောင်သော ဆက်ဆံရေးဆိုင်ရာ စက်မှုလုပ်ငန်းခွင်ဆက်ဆံရေး နှီးနှောဖလှယ်ပွဲ (၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ (၁၇-၁၈)ရက်၊ ကနောင်ခန်းမ၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့)
ဆွေးနွေးပွဲ၏ အဖွင့်အမှာစကားကို မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ဥက္ကဌဦးမောင်မောင်၊ ဂျပန်သံရုံးတာဝန်ခံ Mr. Yuta Isozaki ( First Secretary Embassy of Japan) ၊ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ဖောင်ဒေးရှင်း (JILAF) Mr. Hiroyuki Nagumo (President of JILAF)၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန၊ ဒုညွှန့်ကြားရေးမှူးချူပ် ဦးတင်ကိုကိုနိုင် ၊ ILO (Yangon) Ms.Mariana ( Program Manager – Vision Zero Fund) ၊ UMFCCI အလုပ်အမှုဆောင် ဦးသန်းနိုင်ဦး၊ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချူပ် (MCEF) အထွေထွေအတွင်းရေးမှူး ဦးမျိုးမြင့်၊ FES Director Brother Bernt Berger ၊ လှိုင်သာယာစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ ဦးအုန်းဆိုက်တို့က ပြောကြားခဲ့ပါသည်။
ထိုနောက် ဂျပန်နိုင်ငံအလုပ်သမားလှုပ်ရှားမှုများ၏ အခန်းကဏ္ဍများကို JILAF, Deputy Secretary General Brother Kenji Niizuma မှ အကျယ်တ၀င့် ရှင်းလင်းတင်ပြခဲ့ပါသည်။ စုပေါင်းတောင်းဆိုညှိနှိုင်းမှုနှင့် အလုပ်သမားလှုပ်ရှားမှုများကို JILAF, Field Project Group Brother Masaru Yamaguchi က တင်ပြဆွေးနွေးခဲ့ပါသည်။ အလုပ်ရှင်-အလုပ်သမား စက်မှုလုပ်ငန်းခွင်ဆက်ဆံရေး ကို အစိုးရကိုယ်စားလှယ်အဖြစ် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန၊ ဒုညွှန့်ကြားရေးမှူးချူပ် ဦးတင်ကိုကိုနိုင် မှ ရှင်းလင်း တင်ပြခဲ့ပါသည်။ ထိုနောက် အငြင်းပွားမှုဖြေရှင်းရေးယန္တရားများဖြစ်သော ခုံသမာဓိကောင်စီ၊ ခုံသမာဓိ၊ မြို့နယ်၊ စက်ရုံအတွင်း အဆင့်ဆင့်တို့မှာ ကိုယ်စားလှယ်များက ဦးဆောင်ဆွေးနွေးခဲ့ပြီး အမေးအဖြေများ အပြန်အလှန် ဆွေးနွေးခဲ့ပါသည်။


Leave a Reply

Your email address will not be published. Required fields are marked *