All for Joomla All for Webmasters
အခြေခံသမဂ္ဂသဘောတရားသင်တန်း
(10)th Labour Reporters and Communication Training.
August 17, 2018
အမျိုးသားအဆင့်​ ကျွမ်းကျင်​မူအသိအမှတ်​ပြု လက်​မှတ်​​ပေးအပ်​​ရေးအခမ်းအနား
August 17, 2018

အခြေခံသမဂ္ဂသဘောတရားသင်တန်း

၂၀၁၈ခုနှစ်၊ဇူလိုင်လ(၁၄)ရက်၊
ရေကျော်ကျေးရွာ၊ ထန်းတပင်မြို့နယ်၊ တောင်ငူခရိုင်၊ ပဲခူးတိုင်းဒေသကြီး။

…..မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)နှင့် ဒိန်းမတ်နိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်(LO/FTF)တို့ ပူးပေါင်း၍ ဆရာဖြစ်သင်တန်း(TTM-1) ပေးထားသော မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်(AFFM)၏ အဖွဲ့ဝင် တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အခြေခံ အလုပ်သမားအဖွဲ့အစည်း သမဂ္ဂခေါင်းဆောင် ဦးမြင့်လွင်(အလုပ်အမှုဆောင်)မှ ပြန်လည်ပို့ချသည့် “သမဂ္ဂ အခြေခံ သဘောတရားသင်တန်း”ကို
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ရေကျော်ကျေးရွာမှာ တစ်ရက်တာသင်တန်း ပြုလုပ်ကျင်းပနေခြင်းအား လေ့လာသုံးသပ်သူအဖြစ် သွားရောက် စောင့်ကြည့် ခဲ့ပါသည်။

…..သင်တန်းသို့ ရေကျော်ကျေးရွာနှင့် ကရင်နီကုန်းကျေးရွာ တို့မှ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအခြေခံအလုပ်သမား သင်တန်းသား(၂၈)ဦး တက်ရောက်ခဲ့ကြပြီး၊ သင်တန်းပို့ချ၊(၁)ဦး၊အကူ(၁)ဦး၊မော်နီတာ(BWFM)(၁)ဦး၊စုစုပေါင်း(၃၁)ဦး တက်ရောက်ခဲ့ကြပါသည်။

ThuraNaylin(BWFM)

Leave a Reply

Your email address will not be published. Required fields are marked *