All for Joomla All for Webmasters
မြန်မာဆူးမတ်ဝင်းဝင်းအထည်ချုပ် စက်ရုံတွင် အလုပ်သမား (၂၀၀၀)
Weijie 2 Myanmar Clothing Co.ltd workers’ strike
December 10, 2019
Solidarity support from Suzhosilk Garment union and Hong Tex Garment Union to RUIFA bagpack factory workers’ strike
December 12, 2019

မြန်မာဆူးမတ်ဝင်းဝင်းအထည်ချုပ် စက်ရုံတွင် အလုပ်သမား (၂၀၀၀)

English is below.
အင်းစိန်မြို့နယ် တွင် ရှိသော မြန်မာဆူးမတ်ဝင်းဝင်းအထည်ချုပ် စက်ရုံတွင် အလုပ်သမား (၂၀၀၀) ခန့်သည် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် မြို့နယ် ညှိနှို်င်းဖြန်ဖြေရေးအဖွဲ့၏ ရှေ့မှောက်တွင် ချုပ်ဆိုခဲ့သော စာချုပ်ပါ အချက်များအား လိုက်နာရန်နှင့် စက်ချုပ်၊ QC များကဲ့သို့ ထုတ်လုပ်မှုဆုကြေး မရရှိကြသော အလုပ်သမားများအတွက် ခွင့်ပြုငွေ သတ်မှတ်ပေးရန်။ စူပါများမှလည်း၎င်းတို့၏ လစာအား ပုံသေ သတ်မှတ်ပေးရန်နှင့် လစာတိုးမြှင့်ပေးရန် တောင်းဆိုမှု ပြုလုပ်လျက်ရှိပါသည်။
အလုပ်သမားများသည် လုပ်ခလစာအား တစ်လလျှင် ဘယ်လောက် ရနိုင်သည် ၄င်းတို့ကိုယ်တိုင် တွက်နိုင်သည့် လစာ ပေးစနစ်ကို ရှင်းလင်းစွာ ပြင်ဆင်ပေးရန်ကိုလည်း တောင်းဆိုကြပါသည်။ ၄င်းတို့ နားလည်ထားသည့်အတိုင်း တွက်ချက်မှုဖြင့် ရသင့်သည့် လုပ်ခလစာထဲမှ အကြောင်းပြချက်မရှိဘဲ။ ရှင်းလင်းပြောကြားမှုမရှိပဲ ဖြတ်တော်ခြင်း မပြုရန် အလုပ်သမား (၄၀၀) မှ 2019 ခုနှစ် ဒီဇင်ဘာလ (၂) ရက်နေ့တွင် စတင်တောင်းဆိုရာမှ သပိတ်စတင်ဖြစ်ပွားခဲ့ပါသည်။ ထိုအလုပ်သမားများမှ စက်ရုံရှိ အလုပ်သမားသမဂ္ဂအား အကူအညီပေးရန် စာဖြင့် တောင်းဆိုလာမှုကြောင့် အလုပ်သမားသမဂ္ဂသည် အဖွဲ့ချုပ်ထံမှ သပိတ်မှောက်ခွင့်တင်၍ ပူးပေါင်းတောင်းဆိုဆွေးနွေးမှု လုပ်ခဲ့ရာမှ အလုပ်သမား ၂၀၀၀ ကျော်ပါဝင်၍ လိုအပ်ချက်များကို တောင်းဆိုနေကြခြင်း ဖြစ်ပါသည်။ စက်ရုံနှင့် မြို့နယ် ညှိနှိုင်းဖြန်ဖြေရေးတွင် ညှိနှိုင်းမှုများ လုပ်နေသော်လည်း စက်ရုံဘက်မှ ဆုံးဖြတ်နိုင်သည့် သူမရှိသဖြင့် သဘောတူညီချက် မရရှိသေးပါ။ စာချုပ်ပါ အချက်များနှင့်စပ်လျဉ်း၍ စာချုပ်ကို Cancel လုပ်မည်။ ဆက်လက် လိုက်နာမည် မဟုတ်ကြောင်း၊ ကိုတော့ အလုပ်ရှင်ကိုယ်စားလှယ်မှ ဖြန်ဖြေရေး ရုံးတွင် ပြောသွားပါသည်။ အလုပ်သမားများမှ ဆက်လက် သပိတ်မှောက်လျက်ရှိပါသည်။

Over 2000 workers from Myanmar SUMEC Win Win Garment Factory are on strike for demanding to comply the agreement signed in front of the township conciliation body in 2017 and the others demands on wage increase for workers who are not getting bonus like operators and QC. Also supervisors are asking for constant salary. Workers want their salaries are predictable and calculable. And workers are facing issue that the salaries are cut without explanation and not reasonable. The strike started on 2nd of June and there is no person from factory side who can make decision on workers’ demands.

<iframe src=”https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fftub.burma%2Fposts%2F1260280490849717&width=500″ width=”500″ height=”949″ style=”border:none;overflow:hidden” scrolling=”no” frameborder=”0″ allowTransparency=”true” allow=”encrypted-media”></iframe>

Leave a Reply

Your email address will not be published. Required fields are marked *