All for Joomla All for Webmasters
မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားအဖွဲ့ချုပ် (IWFM) ဒုတိယအကြိမ် ညီလာခံ (ပထမနေ့)
AFFM 3rd Congress. 1st meeting of Central Committee
November 28, 2017
2nd Congress of Industrial Workers’ Federation of Myanmar( IWFM) Second Day
November 28, 2017

မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားအဖွဲ့ချုပ် (IWFM) ဒုတိယအကြိမ် ညီလာခံ (ပထမနေ့)

မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားအဖွဲ့ချုပ် (IWFM) ဒုတိယအကြိမ် ညီလာခံ (ပထမနေ့) (26-27 Nov 2017 at CTUM Solidarity Hall Dagon Tsp
IWFM ဒုတိယအကြိမ်မြောက် ညီလာခံဖွင့်ပွဲအမှာစကားကို ညီလာခံသဘာပတိအဖြစ် ဆောင်ရွက်သော ဦးမျိုးမြင့်၊ CTUM ဥက္ကဌ ဦးမောင်မောင်၊ ရခိုင်တိုင်းရင်းသားရေးရာနှင့်အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်၊ ဒေါ်ဌေးဌေးစိုး အလုပ်သမားညွှန်ကြားရေးဦးစီးမှူး ရန်ကုန်တိုင်းဦးစီးမှူး၊ Sister Annie, Industri ALL ဒေသဆိုင်ရာ အတွင်းရေးမှူး၊ Sister Catherine, ILO၊ AFL CIO,Solidarity Center မှ Brother Jamie တို့မှ ပြောကြားခဲ့ပါသည်။
ထိုနောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များမှ ပေးပို့လာသော သ၀ဏ်လွှာအား ဖတ်ကြားခြင်း၊ လုပ်ငန်းအစီရင်ခံစာများ တင်သွင်းခြင်း အစီအစဉ်တွင်
က) ရန်ကုန်တိုင်းဒေသကြီး ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားအဖွဲ့အစည်း
– လှိုင်သာယာမြို့နယ် ချည်မျှင်နှင့် အထည်အလိပ် အဖွဲ့အစည်း
– လှိုင်သာယာမြို့နယ် လူသုံးကုန်အလုပ်သမားအဖွဲ့အစည်း
– မှော်ဘီမြို့နယ် စားသောက်ကုန်/လူသုံးကုန်အလုပ်သမားအဖွဲ့အစည်း နှင့်
ခ) ပဲခူးတိုင်းဒေသကြီး ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားအဖွဲ့အစည်း
– ပဲခူးမြို့နယ် ချည်မျှင်နှင့်အထည်အလိပ် အလုပ်သမားအဖွဲ့အစည်း
– ရေတာရှည်မြို့နယ် ချည်မျှင်နှင့်အထည်အလိပ်အလုပ်သမားအဖွဲ့အစည်း
ဂ) IWFM ဗဟိုကော်မတီ လုပ်ငန်းအစီရင်ခံစာ။
ဃ) IWFM ဘဏ္ဍာရေးအစီရင်ခံစာ။
င) IWFM အမျိုးသမီးကော်မတီ
စ) IWFM လူငယ်လှုပ်ရှားမှု
တို့မှ လုပ်ငန်းအစီအစဉ်ခံစာ တင်သွင်းပြီးနောက်
မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားအဖွဲ့ချုပ် ဒုတိယအကြိမ်ညီလာခံသက်တမ်းအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများ လျာထားသတ်မှတ်ခြင်း။
က) စည်းရုံးရေး။
ခ) ပညာပေးရေး။
ဂ) လုပ်ငန်းခွင် ဆက်ဆံရေး တည်ဆောက်ရေး။
ဃ) သမဂ္ဂတွင် အမျိုးသမီးခေါင်းဆောင်များ ပါဝင်လာရေးနှင့် အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်ရေး။
င) ဥပဒေရေးရာပြင်ဆင်မှုတွင် ပါဝင်လာနိုင်ရေး တို့ကို ဆွေးနွေးခဲ့ပါသည်။
မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားအဖွဲ့ချုပ် ဖွဲ့စည်းပုံဆိုင်ရာ ပယ်ဖျက်ခြင်း။ ဖြည့်စွက် ခြင်းတို့ကို အတည်ပြုခြင်းတို့ကို ဆွေးနွေးလျက်ရှိရာ ဒုတိယနေ့တွင် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *