All for Joomla All for Webmasters
မြန်မု အထည်ချုပ်စက်ရုံ အလုပ်သမား(၂၀၀)ခန့်ဖြင့် တွေ့ဆုံ
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ
June 20, 2019
Case of SUMEC Win Win Garment Factory
June 20, 2019

မြန်မု အထည်ချုပ်စက်ရုံ အလုပ်သမား(၂၀၀)ခန့်ဖြင့် တွေ့ဆုံ

မြန်မု အထည်ချုပ်စက်ရုံ အလုပ်သမား (၂၀၀) ခန့် လှိုင်သာယာမြို့နယ်၊ ဘုရင့်နောင် ပန်းခြံအနီးရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် CTUM သို့ လာရောက် အကူအညီတောင်းခံ ။ (၂၀၁၉ ခုနှစ် ဇွန်လ (၄-၅) ရက်။

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်ရှိ မြန်မု Myan Mode အထည်ချုပ်စက်ရုံမှ အလုပ်သမား (၂၀၀) ခန့်သည် ၂၀၁၉ ခုနှစ် ဇွန်လ (၄) ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား.သမဂ္ဂများ အဖွဲ့ချုပ် CTUM သို့ လာရောက်အကူအညီတောင်းခံခဲ့ကြပါသည်။ မြန်မု စက်ရုံ အလုပ်သမားများသည် လုပ်ငန်းခွင်သို့ ၀င်ရောက် အလုပ်လုပ်ကိုင်နိုင်ရန် နှင့် အလုပ်သမားအဖွဲ့အစည်းဖွဲ့စည်းအား ဥပဒေနှင့်အညီ ဖွဲ့စည်းလိုသဖြင့် ကူညီပေးပါရန် CTUM သို့ အကူအညီတောင်းခံခဲ့ကြပါသည်။

မြန်မုအထည်ချုပ်စက်ရုံသည် လက်ရှိအခြေအနေတွင် အလုပ်သမားအဖွဲ့အစည်း တစ်ဖွဲ့ ရှိပြီး တောင်းဆိုမှု ပြုလုပ်နေသည့် ကာလလည်း ဖြစ်ပါသည်။ တောင်းဆိုမှု ပြုလုပ်စဉ်ကာလအတွင်းတွင် တောင်းဆိုမှု ပြုလုပ်ရာတွင် မပါဝင်သည့် အလုပ်သမားများအား အလုပ်ဝင်ရောက် လုပ်ကိုင်ရန် ဟန့်တားမှုများ ဖြစ်ပေါ်ခဲ့သည့် အတွက် အလုပ်သမားများသည် အလုပ်သမားလေဘာရုံးသို့ သွားရောက်အကူအညီတောင်းခံခဲ့သည်ဟု သိရှိရပါသည်။

အလုပ်လုပ်ခွင့်ကို တားဆီးခံနေရသည့် အလုပ်သမား (၂၀၀) ခန့်မှလည်း CTUM သို့ လာရောက် အကူအညီတောင်းခံကြခြင်းဖြစ်ပါသည်။ စက်ရုံတွင် လတ်တလော ဖြစ်ပေါ်နေသည့် ကိစ္စများနှင့် စပ်လျဉ်း၍ အခြေအနေအား အလုပ်သမားများအား CTUM အဖွဲ့ဝင် မြို့နယ်ခေါင်းဆောင်များမှ မေးမြန်းခဲ့ပါသည်။ ထို့နောက် အလုပ်သမားများ၏ ဆန္ဒအတိုင်း အလုပ်သမားအဖွဲ့အစည်းကို ဥပဒေနှင့်အညီ ကူညီဖွဲ့စည်းပေးခဲ့ပါသည်။ အလုပ်သမားအဖွဲ့အစည်း ခေါင်းဆောင်အဖြစ် ရွေးချယ်ခံလိုသူများမှ/ ကို အမည်စာရင်းတင်သွင်းခြင်း၊ ဆန္ဒမဲပေးရွေးချယ်ခြင်းဖြင့် အလုပ်သမားများမှ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြောက်ခဲ့ကြပါသည်။

ထို့နောက် တက်ရောက်လာသူများမှ လုပ်ငန်းခွင် အခြေအနေများကို ဆွေးနွေးခဲ့ကြပါပြီး အလုပ်ရှင်နှင့် ညှိနှိုင်းဆွေးနွေးလိုသည့် အချက်များကို ပြင်ဆင်ခဲ့ကြပါသည်။

လုပ်ငန်းခွင်အတွင်း လိုအပ်ချက်များကို တောင်းဆိုခြင်းကို အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေနှင့်အညီ ညှိနှိုင်းဆောင်ရွက်ကြရန်၊ တောင်းဆိုရာတွင် အခြေအနေ အချိန်အခါများကို ထည့်သွင်း စဉ်းစားရန်၊ ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ အကျိုးဆက်များကို ခန့်မှန်း ပြင်ဆင်ကြရန် စသည့် တို့ကို အဖွဲ့ချုပ်အနေဖြင့် အကြံပြု ဆွေးနွေးခဲ့ပါသည်။

ထို့ပြင် အလုပ်သမား အဖွဲ့အစည်း ဖွဲ့စည်းပြီး ဖြစ်သည့် အတွက် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ အုပ်စု ခေါင်းဆောင်များသည် လိုအပ်သည့် အ သိပညာ များကို လေ့လာရန် လိုအပ်ကြောင်း၊ အလုပ်သမား ဥပဒေသင်တန်းများ တက်ရန်၊ ညှိနှိုင်းရေး စွမ်းရည် မြှင့်တင်ရေး သင်တန်းများ တက်ရန်၊ စည်းရုံးရေး နည်းနာ သင်တန်းများ တက်ရောက်ရန်၊ လိုအပ်ကြောင်း၊ သင်တန်းကို အဖွဲ့ချုပ်မှ ဖိတ်ကြားမည် ဖြစ်ကြောင်း။

သမဂ္ဂဖွဲ့စည်းခြင်းသည် အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်ရန်နှင့် မရသေးသည့် အခွင့်အရေးများ ရရှိစေရန်၊ လုပ်ငန်းခွင်တွင်း ဂုဏ်သိက္ခာရှိစွာ အလုပ်လုပ်နိုင်ရန်၊ ကောင်းမွန်သည့် အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေး တည်ဆောက်ရန်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးမှ တစ်ဆင့် စက်ရုံ တည်တံခိုင်မြဲရေး၊ အလုပ်သမားများ၏ အလုပ်အကိုင် တည်မြဲရေး၊ လူနေမှု အဆင့်အတန်းမြင့်မားလာရေးကို ဦးတည်ဆောင်ရွက်ရန် ဖြစ်ကြောင်း။ ကိုလည်း CTUM ကိုယ်စားလှယ်များမှ ဆွေးနွေးပေးခဲ့ပါသည်။

ထို့ပြင် လက်ရှိ စက်ရုံတွင် ဖွဲ့ထားပြီးဖြစ်သည့် သမဂ္ဂခေါင်းဆောင်များနှင့် ညှိနှိုင်းဆောင်ရွက်ကြရန်လည်း အကြံပြုပေးခဲ့ပါသည်။

အလုပ်သမားခေါင်းဆောင်များအနေဖြင့် ဥပဒေများအတိုင်း လမ်းကြောင်းမှန် ဆောင်ရွက်နိုင်ကြစေရန်အတွက် လူမှုဖူလုံရေး ဥပဒေ၊ အငြင်းပွားဖြေရှင်းရေး ဥပဒေ၊နှင့် အငြင်းပွားဖြေရှင်းရေး ဥပဒေ ပြင်ဆင်ချက်များကို လည်း အဖွဲ့ချုပ်မှ အလုပ်သမားခေါင်းဆောင်များအား ပေးအပ်ခဲ့ပါသည်။

ခိုင်ဇာအောင်
ဥက္ကဌ – မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် IWFM ။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် – CTUM

<iframe src=”https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fftub.burma%2Fposts%2F1112329425644825&width=500″ width=”500″ height=”791″ style=”border:none;overflow:hidden” scrolling=”no” frameborder=”0″ allowTransparency=”true” allow=”encrypted-media”></iframe>

Leave a Reply

Your email address will not be published. Required fields are marked *