All for Joomla All for Webmasters
ဝမ်းသာစရာ သတင်း Good News/Sad News စိတ်မကောင်းစရာ သတင်း
Update situation of dismissal case at Solamoda Factory
March 29, 2018
Measures to Ensure Female Leadership and Participation in Myanmar
March 29, 2018

ဝမ်းသာစရာ သတင်း Good News/Sad News စိတ်မကောင်းစရာ သတင်း

Sad News စိတ်မကောင်းစရာ သတင်း – (၈-ဖေဖော်ဝါရီလ ၂၀၁၈ ခုနှစ်)

CTUM/ IWFM အနေဖြင့် Great One NangHton Garment Factory စက်ရုံတွင် သမဂ္ဂ ဖွဲ့စည်းရန် ကြိုးပမ်းမှုကြောင့် အလုပ်ဖြုတ်ခံရသော ကိုသူရအား အလုပ်ပြန်ရရှိရေးအတွက် အဆင့်ဆင့် ဆောင်ရွက်ပေးခဲ့ရာ ကြားကာလ နစ်နာကြေး (၁၀) သိန်းကျော်နှင့်အတူ အလုပ်ပြန်လည် ခန့်အပ်မည်ဖြစ်ကြောင်း အဖွဲ့ချုပ်သို့ စက်ရုံမှ (၆) ရက်နေ့ ဖောဖော်ဝါရီလတွင် အကြောင်းကြားလာပါသည်။ (၇) ရက်နေ့တွင် လျှော်ကြေးငွေ (၁၀)သိန်းကို ရရှိသွားပါသည်။ (၈) ရက်နေ့တွင် အလုပ်ပြန်ဆင်းရမည်ဟု ပြောပါသည်။

ယနေ့ (၈) ရက်နေ့တွင် ကိုသူရသည် အလုပ်မဆင်းခဲ့ပါ။ အလုပ်ရှင်မှ စက်ရုံသို့ ပြန်လည် မ၀င်ရောက်စေလိုသည့်အတွက် ပုံ၍ ပေးသော ငွေ သိန်း (၂၅) သိန်းကို ယူ၍ အလုပ်မှ ထွက်သွားပါသည်။

ကိုသူရအတွက်တော့ မည်သူမှ မရရှိနိုင်သော အထည်ချုပ် စက်ရုံတွင်အလုပ်ဖြုတ်ခံရသည့်အတွက် ရရှိငွေ (မရထိုက်သောငွေ) အား ရရှိ၍ ပျော်လျှင်တော့ ပျော်နေပါမည်။ သူ၏ ဂုဏ်သိက္ခာ သေဆုံးသွားပြီ ဖြစ်ပါသည်။

ထို့အတူ မြန်မာနိုင်ငံမှ အလုပ်သမားများအား လျော်ျကြေးငွေ ပေးလိုက်လျှင် အလုပ်မှ ထုတ်နိုင်သည်ဆိုသော အတွေးအခေါ်ကို အလုပ်ရှင်အား ပြသရာ ရောက်ခဲ့သဖြင့် စိတ်မကောင်းဖြစ်ရပါသည်။

ယခုကိစ္စရပ်သည် ထိုစက်ရုံအလုပ်ရှင်အတွက်လည်း အန္တရာယ်ကို မိမိဘာသာ ဖိတ်ခေါ်သကဲ့သို့ ဖြစ်နေသည်ကို သိရှိသင့်ပါသည်။ သမဂ္ဂ စုဖွဲ့မှုများကို ဆက်လက် လုပ်ဆောင်ကာ အခက်အခဲ ပြသနာများ ဖန်တီးခြင်း၊ စက်ရုံကို မတည်ငြိမ်ဖြစ်စေခြင်းတို့ကို ပြုမည်။ အလုပ်ထုတ်ခံရပါက လျှော်ကြေး မြောက်မြားစွာ ရနိုင်သည်ဟု အလုပ်သမားများမှ အထင်ရောက်သွားစေပါသည်။ ထိုသို့ ဖြစ်ပေါ်ပါက တစ်ချိန်တွင် စက်ရုံ ပိတ်ရသည်အထိ ဖြစ်သွားနိုင်ပါသည်။

ထို့ကြောင့်
– ဂုဏ်သိက္ခာကိုငွေနှင့် ရောင်းစားခဲ့၍ ထိခိုက်သွားသော အလုပ်သမား၏ ဂုဏ်သိက္ခာ။
– မလိုလားအပ်သော ပြသနာများ ထပ်မံ ရင်ဆိုင်ရမည့် စက်ရုံတို့အတွက် စိတ်မကောင်းဖြစ်ရပါသည်။

CTUM/ IWFM အနေဖြင့် လည်း မလွဲမရှောင်သာသော အငြင်းပွားမှုများကို ရိုးသားသော အလုပ်သမားများအကျိုးငှာ ဆက်လက် ကူညီဆောင်ရွက်ပေးရပါအုံးမည်။

ခိုင်ဇာအောင်
ဥက္ကဌ
မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် IWFM
Good News – Great One NangHton Garment Factory agreed to reinstate the dismissed the lead person of union formation after 5 months with the engagement of IWFM/CTUM.

ဝမ်းသာစရာ သတင်း (၇-ဖေဖော်ဝါရီ-၂၀၁၈)
အလုပ်သမားသမဂ္ဂဖွဲ့စည်းရန် ကြိုးပမ်းမှုကြောင့် အလုပ်မှ အထုတ်ခံရသော Great One Nang Hton အထည်ချုပ်စက်ရုံမှ အလုပ်သမားခေါင်းဆောင် ကိုသူရအား ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် အလုပ်မှ လုပ်ငန်းခွင် စည်းကမ်းများနှင့် အညီ မဟုတ်ဘဲ အလုပ်မှ ထုတ်ပယ်ခဲ့သဖြင့် စက်ရုံသို့ ပစ္စည်းအပ်သည့် Brand နှင့် အတူ ဆက်သွယ်ကာ အလုပ်ပြန်လည် ရရှိရေးအတွက် မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများ အဖွဲ့ချုပ် IWFM မှ ကြိုးပမ်းခဲ့ပါသည်။
၂၀၁၇ ခုနှစ် နိုဝင်ဘာလ တွင် အလုပ်ရှင်၊ Brand ၊ CTUM နှင့် အလုပ်သမားများ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ အလုပ်ပြန်မခန့်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။

အလုပ်ပြန်လည် ခန့်အပ်ရေးအတွက် တိုက်တွန်းမှုများကို ဆက်လက်၍ တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ရာ နောက်ဆုံးတွင် အလုပ်ရှင်သည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် ကိုသူရအား အလုပ်ပြန်လည် ခန့်အပ်မည်ဖြစ်ကြောင်း IWFM ကိုယ်စားလှယ်အား အကြောင်းကြားပါသည်။ ကိုသူရသည် ကြားကာလ နစ်နာကြေးငွေ (၁၀) သိန်းကျော်ကိုလည်း လက်ခံရရှိခဲ့ပါသည်။

ဝမ်းသာနိုင်ကြပါစေကုန်။

မခိုင်ဇာအောင်
ဥက္ကဌ
မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများ အဖွဲ့ချုပ် IWFM

Leave a Reply

Your email address will not be published. Required fields are marked *