All for Joomla All for Webmasters
(၁၀၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ (ILC)
Myanmar tripartite delegation Vision Zero team and DGUV training institute team
June 20, 2019
ITUC meeting and ILO workers group meeting on 9th June 2019
June 20, 2019

(၁၀၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ (ILC)

(၁၀၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ (ILC) သို့ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ CTUM, MICS-TUsF တို့ မှ အလုပ်သမား ကိုယ်စားလှယ်နှင့် အလုပ်သမားအကြံပေး ကိုယ်စားလှယ်များ တတ်ရောက်ခြင်း။
( ၀၈ ဇွန် ၂၀၁၉)

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (International Labour Organization – ILO) ၏ (၁၀၈)ကြိမ်မြောက် (108th International Labour Conference) အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၀) ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပါသည်။

ILC တွင် ကမ္ဘာ့နိုင်ငံအရပ်ရပ်မှ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ တတ်ရောက်ကာ မိမိနိုင်ငံရှိ အလုပ်သမားများ၏ အခွင့်အရေးချိုးဖောက်ခံရမူများ၊ အပြည်ပြည်ဆိုင်ရာ စံချိန်စံနူန်းများ ချမှတ်ရေးနှင့် ပြင်ဆင်ရေးစသည့်တို့ကို ဆွေးနွေး အဖြေရှာကြပါသည်။

မြန်မာနိုင်ငံအနေဖြင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း ( ပြည်တွင်း ပြည်ပအလုပ်သမားရေးရာကော်မတီ) နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်း(တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ) တို့သည် CTUM ၏ အလုပ်သမားကိုယ်စားလှယ်၊ အလုပ်သမားအကြံပေး ကိုယ်စားလှယ်များနှင့် အတူ ILC သို့ တတ်ရောက်ကာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားစံနူန်းများနှင့် ILO ၏ နှစ်တရာပြည့်အခမ်းအနားကိုတက်ရောက် လေ့လာသွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံကိုယ်စားပြု အလုပ်သမားကိုယ်စားလှယ်အဖြစ် ဦးမောင်မောင် (CTUM ဥက္ကဋ္ဌ) မှ တက်ရောက် ဆွေးနွေးမည်ဖြစ်ပြီး အလုပ်သမား အကြံပေးကိုယ်စားလှယ်များအဖြစ် ဦးသန်းလွင် (CTUM အထွေထွေအတွင်းရေးမှူး)၊ ဒေါ်ဖြိုးစန္ဒာစိုး ( CTUM လက်ထောက်အထွေထွေအတွင်းရေးမှူး)၊ ဒေါ်ခိုင်ဇာအောင် (CTUM ဘဏ္ဍရေးမှူး)၊ ဒေါ်ဆွေဆွေခိုင် ( CTUM အမျိုးသမီးကော်မတီဥက္ကဌ၊ IWFM ခေါင်းဆောင်တဦး)၊ ဒေါ်နန်းအေးမြမှု ( CTUM အမျိုးသမီးကော်မတီ ဒုဥက္ကဌ၊ MWFM ခေါင်းဆောင်တဦး) ၊ ဒေါ်သဲဝင့် (AFFM အထွေထွေအတွင်းရေးမှူး)၊ ဒေါ်ထွေးထွေးသိန်း ( တာဝန်ခံ- CTUM ရွှေ့ပြောင်းအလုပ်သမား၊ ကလေးအလုပ်သမားနှင့် အိမ်တွင်းအလုပ်သမားဌာန)နှင့် ဒေါ်အိနြေ္ဒကြည်တင် ( တာဝန်ခံ CTUM ဥပဒေဌာန)တို့ မှ သက်ဆိုင်ရာ ခေါင်းစဉ်များ၊ ကော်မတီများတွင် ကိုယ်စားပြု၍ ပါဝင် တတ်ရောက် ဆွေးနွေးမည် ဖြစ်ပါသည်။

ထို့ပြင် အလုပ်သမား အကြံပေးကိုယ်စားလှယ်များ အဖြစ် MICS – TusF မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်၊ လက်ထောက် အထွေထွေအတွင်းရေးမှူး ဦးမင်းသက်ထွေးနှင့် FES မှ တာဝန်ခံ ဦးစောမွန်းလိုက်ပန်ပို တို့လည်း တတ်ရောက်မည် ဖြစ်ပါသည်။

(၁၀၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံတွင် အဓိက ကော်မတီ (၃)ခု ဖြင့် ဆွေးနွေးသွားမည် ဖြစ်ပြီး ၄င်းတို့မှာ (၁) ILO စံနူန်းများ ကျင့်သုံးရေးကော်မတီ၊ (၂) စံနူန်းသစ်ချမှတ်ရေးကော်မတီ – အလုပ်အကိုင်လောကတွင် ကျား-မ အခြေပြု အကြမ်းဖက်ခြင်းနှင့် ထိပါး နှောင့်ယှက်စော်ကားခြင်း ပပျောက်ရေးဆိုင်ရာ စံနူန်းသစ်၊ (၃) ILOနှစ်တရာပြည့် ကြေညာစာတမ်း ကော်မတီတို့ ဖြစ်ပါသည်။

<iframe src=”https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fftub.burma%2Fposts%2F1114492622095172&width=500″ width=”500″ height=”791″ style=”border:none;overflow:hidden” scrolling=”no” frameborder=”0″ allowTransparency=”true” allow=”encrypted-media”></iframe>

Leave a Reply

Your email address will not be published. Required fields are marked *