All for Joomla All for Webmasters
၁၂ ကြိမ်မြောက် သုံးပွင့်ဆိုင် အစည်းအဝေးတွင် CTUM နှင့် MICS တို့မှ ဥပဒေပြင်ဆင်ရေးဆိုင်ရာ သဘောထားများ တင်ပြခြင်း
NTDF တွင် အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေး ဥပဒေ ဒုတိယအကြိမ် ပြင်ဆင်ခြင်းဆိုင်ရာ သဘောထားမှတ်ချက်များ
January 27, 2019
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းဥပဒေကြမ်းနှင့် ပတ်သက်၍ အလုပ်သမားအစုအဖွဲ့များ – CTUM , MICS – TUsF နှင့် AFFM – IUF တို့၏ အဆိုပြုချုက်များနှင့် ကျိုးကြောင်း ဖော်ပြချက်များ
January 28, 2019

၁၂ ကြိမ်မြောက် သုံးပွင့်ဆိုင် အစည်းအဝေးတွင် CTUM နှင့် MICS တို့မှ ဥပဒေပြင်ဆင်ရေးဆိုင်ရာ သဘောထားများ တင်ပြခြင်း

12 ကြိမ်မြောက် သုံးပွင့်ဆိုင် အစည်းအဝေး (၂၅-ဇန်န၀ါရီ-၂၀၁၉) မှာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM နှင့် MICS တို့မှ ဥပဒေပြင်ဆင်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွင် ကြုံတွေ့ရသည့်အခက်အခဲများ၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်မှ အတည်ပြုထားသည့် ဥပဒေများနှင့် ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ သဘောထားမှတ်ချက်များတွင် အလုပ်သမားများအတွက် အခက်အခဲများ၊ အလုပ်သမားအဖွဲ့အစည်းဥပဒေပြင်ဆင်ရန်အတွက် ရေးဆွဲနေသည့် မူကြမ်းတွင် အလုပ်သမား အဖွဲ့ချုပ်များမှ တင်ပြချက်များကို အလေးထား စဉ်းစားမှုမရှိဘဲ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်ကို ကန့်သတ်၊ ချုပ်ချယ်ထားသည့်အချက်များ ပါဝင်ခြင်း၊ အလုပ်သမားသမဂ္ဂ အခြေခံအခွင့်အရေးများကို ပယ်ဖျက်ထားသည့် ကိစ္စများ ကို တင်ပြပြီးတဲ့နောက်

CTUM ဥက္ကဌ ဦးမောင်မောင်မှ သုံးပွင့်ဆိုင် ယန္တရားတွင် ပါဝင်နေခြင်းကို ယာယီဆိုင်းငံ့ကြောင်း တင်ပြခြင်း ဖြစ်ပါသည်။

နှစ်နှစ်တာ ကာလအတွင်း သုံးပွင့်ဆိုင် ဆွေးနွေးပွဲများတွင် CTUM သည် တက်တက်ကြွကြွနဲ့ ပါဝင်ခဲ့တယ်။ အစည်းအဝေးတက်ရောက်တိုင်းမှာလည်း အိမ်စာ (လုပ်ရမယ့် အလုပ်များကို ကြိုတင်ပြင်ဆင်ခဲ့တယ်)။ နည်းပညာအကြံပေး ကော်မတီ (၁၆) ခုလောက်မှာလည်း ပါဝင်နေတယ်။

ဒါပေမယ့် မအောင်မြင်ဘူး။

အထူးသဖြင့် ကောင်းမွန်တဲ့ ဥပဒေတွေက ပေါ်မလာဘူး။

ဒါကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM က တာဝန်ရှိတယ်လို့ ခံယူတယ်။ ဒါကြောင့် သုံးပွင့်ဆိုင်ယန္တရားကနေ ယာယီဆိုင်းငံ့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *