၂၀၁၀နည်းဥပဒေပါအလုပ်ရှင်နှင့်အလုပ်သမားများ၏တာဝန်ဝတ္တရားများဆိုင်ရာဆွေးနွေးပွဲ
(၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ၊ ၂၀ရက်နေ့၊ မှော်ဘီမြို့နယ်)
CTUM၏အဖွဲ့ဝင် Myanmar SMCအထည်ချုပ်စက်ရုံအလုပ်ခေါင်းဆောင်တဦးဖြစ်သော ဒေါ်မြနှင်းသက်ဦးဆောင်၍ ၄င်းစက်ရုံမှ အလုပ်သမားစုစုပေါင်း(၂၀)ဦး(မ-၅ဦး၊ ကျား-၁၅ဦး)ကို ၂၀၁၀နည်းဥပဒေပါအလုပ်ရှင်နှင့်အလုပ်သမားများ၏တာဝန်ဝတ္တရားများဆိုင်ရာဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
ထိုဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူများသည် စုပေါင်းညှိနှိုင်းတောင်းဆိုမှုသဘောတူညီချက်CBAဆိုင်ရာ ဆရာဖြစ်သင်တန်းကို တက်ရောက်ပြီးသူများဖြစ်ပြီး မိမိတို့အလုပ်သမားအဖွဲ့အစည်းတွေ သင်ကြားလေ့လာခဲ့သည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။
ဆွေးနွေးခဲ့သည့်ခေါင်းစဉ်များမှာ
ဥပဒေပါ အလုပ်သမားအခွင့်အရေးများ၊
ခွင့်ရက်နှင့်အလုပ်ပိတ်ရက်များ၊
ဒီမိုကရေစီနည်းကျ အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခြင်း၊
အလုပ်ရှင်များ၏ တာဝန်ဝတ္တရားများနှင့်
အလုပ်ရှင်-အလုပ်သမားညှိနှိုင်းဆောင်ရွက်သဘောတူညီချက်ရရှိစေရန်စသည့်တို့
ဆွေးနွေးခဲ့ကြသည်။