၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေသင်တန်း
2012 Social Security Training
၂၀၁၇ ခုနှစ်၊ ဇူလိုင်လ(၂)ရက်
မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
ဒိန်းမတ်နိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(LO/FTF) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(CTUM)တို့ပူးပေါင်း၍အလုပ်သမားသမဂ္ဂများမှ TOTဆရာဖြစ်သင်တန်းTTM1 နှင့် TTM2 (Training of Trainer Module) သင်ရိုးညွှန်းတမ်း သင်တန်းတက်ရောက်ခဲ့ပြီးဖြစ်သော SMC အထည်ချုပ် စက်ရုံ အခြေခံသမဂ္ဂ အတွင်းရေးမှုး မမြနှင်းသက် မှ ဦးဆောင်၍ သင်တန်းပြုလုပ်ခဲ့ပါသည်။
TOTဆရာဖြစ်သင်တန်းပေးထားသော သမဂ္ဂခေါင်းဆောင်များမှ မိမိတို့ဒေသရှိသမဂ္ဂအဖွဲ့ဝင်များကိုပြန်လည်ပို့ချသော ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေ အခန်း (၆ ) လုပ်ငန်းခွင် ထိခိုက်မှု ဆိုင်ရာ အာမခံစနစ် နှင့် အကျိုးခံစားခွင့်ဆိုင်ရာ ဆွေးနွေးသင်ကြားပေးပြီး သင်တန်းသား ၂၄ ဦး တက်ရောက်ခဲ့ပါသည်