All for Joomla All for Webmasters
နိုင်ငံခြားရင်းနှီးမြှပ်နှံမှု
Collective Bargaining Agreement training
November 15, 2017
ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်ပြည်နယ်ပြည်သူ့လွှတ် တော်ဥက္ကဌနှင့်(C.T.U.M)ဥက္ကဌ၊ အီတလီနိုင်ငံမှတာဝန်ရှိသူတို့တွေ့ဆုံမှု
November 15, 2017

နိုင်ငံခြားရင်းနှီးမြှပ်နှံမှု

နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ ၀င်မှု နှောင့်နှေးခြင်း၊ ရပ်ဆိုင်းခြင်းများသည် အလုပ်သမားများ၏ တောင်းဆိုမှုကြောင့်သာ မဟုတ်ဘဲ အလုပ်ရှင်များမှ လိုက်နာရမည့် ဥပဒေ၊ စည်းကမ်း၊ ကျင့်ဝတ်များကို မလိုက်နာသည့်အတွက်ဖြစ်ကြောင်း နိုင်ငံတော် အစိုးရနှင့် အလုပ်ရှင်၊ လွှတ်တော် အမတ်များကိုလည်း သိစေချင်ပါတယ်။
နိုင်ငံတိုးတက်စေလိုပါက ရင်းနှီးမြှပ်နှံမှုများ ပိုမိုလာရောက်စေလိုပါက အလုပ်သမား ဥပဒေများကို ပိုမိုကောင်းမွန်စေရန် ပြင်ဆင်ရမည်ဖြစ်ပါသည်။ အလုပ်သမားသမဂ္ဂများကို ကာကွယ်ပေးရမည်ဖြစ်ပါသည်။

နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ ၀င်မှု နှောင့်နှေးခြင်း၊ ရပ်ဆိုင်းခြင်းများသည် အလုပ်သမားများ၏ တောင်းဆိုမှုကြောင့်သာ မဟုတ…

Posted by Ctum Myanmar on Monday, November 13, 2017

အခြေခံအကြောင်းအရာကို သေချာသိ၍ ကောင်းမွန်သည့် စနစ်များကို ဆွေးနွေးဖော်ဆောင်ရန် လိုအပ်ပါသည်။ မဟုတ်ပါက အနာတစ်ခြား၊ ဆေးတစ်ခြားဖြစ်နေပါမည်။
================================================
2017 ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့တွင် IWFM မှ ကူညီဖွဲ့စည်းပေးနေသော Great One အထည်ချုပ်စက်ရုံ မှ အလုပ်သမားသမဂ္ဂ ဥက္ကဌနှင့် အတွင်းရေးမှူးအား အလုပ်မှ ထုတ်ပယ်မှုအတွက် အလုပ်ပြန်လည် ခန့်ထားပေးစေရန် စက်ရုံတွင် အထည်အပ်သော Brand နှင့် ဆက်သွယ်အကူအညီတောင်းခံရာ Great One သမဂ္ဂနှင့် အတွင်းရေးမှူးတို့အား (27) ရက်နေ့တွင် အလုပ်ပြန်လည်ခန့်အပ်ခဲ့သော်လည်း စက်တင်ဘာလ (၃၀) ရက်နေ့တွင် ဥက္ကဌဖြစ်သူ ကိုသူရ အား အလုပ်မှ နှုတ်ထွက်ရန် စူပါ/မန်နေဂျာများမှ ဖိအားပေးခဲ့သည်။ စူပါ/မန်နေဂျာများ ၂၀ ကျော် ၀ိုင်း၍ လက်မှတ်ထိုးထားသော သူရ၏ ထွက်စာသည် အလုပ်သမားတစ်ဦး သာမန်အလုပ်နှုတ်ထွက်ချိန်သော ရေးသော ထွက်စာ မဟုတ်ပါ။ ဖိအားပေးခံရသဖြင့် အလုပ်ပြန်လည် ခန့်ထားပေးပါရန် ကိုသူရမှ မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးတွင် တင်ပြကာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေအတိုင်း ဖြေရှင်းလျက် ရှိပါသည်။ ထို့ပြင် အမှုဆောင် တစ်ဦးဖြစ်သူ မမိုးသူဇာအား ဖိအားပေး၍ အဖွဲ့တွင် ဆက်လက် မပါဝင်ရန်၊ လက်မှတ်ရေးထိုးစေကာ စိတ်ဓာတ်ကျဆင်း စေရန်လည်း ဆောင်ရွက်ခဲ့ကြသည်။

CTUM/IWFM အနေဖြင့် ဖြစ်စဉ်များကို Brand သို့ ပေးပို့ကာလာရောက်တွေ့ဆုံညှိနှိုင်းပေးရန် တောင်းဆိုမှုကြောင့် ဒိန်းမတ်အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (3F) မှ ကိုယ်စားလှယ်နှင့် Brand ကိုယ်စားလှယ်တို့သည် Great One အငြင်းပွားမှုအား ကူညီဖြေရှင်းရန် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြပါသည်။

ယနေ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ဒိန်းမတ်အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (3F)၊ Brand ကိုယ်စားလှယ်၊ စက်ရုံပိုင်ရှင် နှင့် တာဝန်ရှိသူများ၊ CTUM/IWFM ကိုယ်စားလှယ်များ၊ Great One စက်ရုံ အလုပ်သမားကိုယ်စားလှယ်များ သည် စက်ရုံတွင် လိုအပ်ချက်များ၊ ကိုသူရအား အလုပ်ပြန်လည်ခန့်ထားရေး၊ နှင့် အလုပ်သမားသမဂ္ဂ ဖွဲ့စည်းမှုအား အသိအမှတ်ပြုရန် ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

လုပ်ငန်းခွင်ဆိုင်ရာ အခြေအနေများ၊ ခွင့်ကိစ္စများ၊ လစာကိစ္စ၊ ဆေးခန်းကိစ္စရပ်များ စုစုပေါင်း (၁၄) ချက်အား တောင်းဆို အဆင်ပြေခဲ့သော်လည်း ကိုသူရအား အလုပ်ပြန်လည် ခန့်ထားရန်ကို သဘောတူညီမှု မရရှိသေးပါ။

ဆက်လက်ဆွေးနွေးသွားရအုံးမည် ဖြစ်ပါသည်။ ညှိနှိုင်းမှု အခြေအနေများအား ဆက်လက် တင်ပေးပါမည်။

အငြင်းပွားစဖြစ်သည့်အချိန်မှ စတင်၍ Brand မှ အပ်ထားသော အထည်များကို ရပ်ဆိုင်းထားခဲ့သည်။ ထပ်မံ အပ်ရန်ရှိသော ပို၍ များသော order ကို အပ်ရန် ပြင်ဆင်နေသည့် ကာလဖြစ်ရာ လုပ်ငန်းများအားလုံးကို ရပ်ဆိုင်းထားသည်။

ထိုကဲ့သို့ အလုပ်သမားသမဂ္ဂခေါင်းဆောင်များအပေါ် ပစ်မှတ်ထား အလုပ်မှ ထုတ်ပယ်ခြင်း၊ ဖိအားပေးခြင်းတို့သည် လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းမှု FOA ကို ချိုးဖောက်မှု ဖြစ်သဖြင့် Brand မှ အော်ဒါ ရပ်ဆိုင်းခြင်းဖြစ်ပါသည်။

ထိုအော်ဒါရပါက စက်ရုံအတွက်သော်လည်းကောင်း၊ အလုပ်သမားများအတွက်သော်လ်ညးကောင်း အကျိုးရှိမည်ဖြစ်ပါသည်။ အလုပ်သမားအခွင့်အရေးများ တောင်းဆိုမည်ကို ကြောက်၍ သမဂ္ဂခေါင်းဆောင်များကို အလုပ်မှထုတ်ပယ်ခြင်းသည် မှန်ကုန်သည့် လုပ်ရပ်များ မဟုတ်ပါ။

နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ ၀င်မှု နှောင့်နှေးခြင်း၊ ရပ်ဆိုင်းခြင်းများသည် အလုပ်သမားများ၏ တောင်းဆိုမှုကြောင့် မဟုတ်ဘဲ အလုပ်ရှင်များမှ လိုက်နာရမည့် ဥပဒေ၊ စည်းကမ်း၊ ကျင့်ဝတ်များကို မလိုက်နာသည့်အတွက်ဖြစ်ကြောင့် နိုင်ငံတော် အစိုးရနှင့် အလုပ်ရှင်၊ လွှတ်တော် အမတ်များကိုလည်း သိစေချင်ပါတယ်။
နိုင်ငံတိုးတက်စေလိုပါက ရင်းနှီးမြှပ်နှံမှုများ ပိုမိုလာရောက်စေလိုပါက အလုပ်သမား ဥပဒေများကို ပိုမိုကောင်းမွန်စေရန် ပြင်ဆင်ရမည်ဖြစ်ပါသည်။ အလုပ်သမားသမဂ္ဂများကို ကာကွယ်ပေးရမည်ဖြစ်ပါသည်။

အခြေခံအကြောင်းအရာကို သေချာသိ၍ ကောင်းမွန်သည့် စနစ်များကို ဆွေးနွေးဖော်ဆောင်ရန် လိုအပ်ပါသည်။ မဟုတ်ပါက အနာတစ်ခြား၊ ဆေးတစ်ခြားဖြစ်နေပါမည်။

ခိုင်ဇာအောင်
ဗဟိုအလုပ်အမှုဆောင် – မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် – CTUM
လက်ထောက်အထွေထွေအတွင်းရေးမှူး – မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှု လက်မှု အလုပသမားများ အဖွဲ့ချုပ် IWFM

Leave a Reply

Your email address will not be published. Required fields are marked *