All for Joomla All for Webmasters
1st Central Committee meeting of IWFM (Second Congress Term)
လှိုင်သာယာအလုပ်သမားအဖွဲ့အစည်းသို့ ဆန်ကို စတင်ရောင်းချပေးနေပါပြီ
December 27, 2017
CTUM – LOFTF Labour Law Training
December 27, 2017

1st Central Committee meeting of IWFM (Second Congress Term)

1st Central Committee meeting of IWFM (Second Congress Term)
7-Dec-2017
မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် IWFM ၏ ဒုတိယအကြိမ် ညီလာခံသက်တမ်း၊ ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့တွင် Solidarity Hall , CTUM ရုံးချုပ်၊ အရှေ့ဒဂုံမြို့နယ်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ ဗဟိုကော်မတီဝင် (၁၅) ဦး နှင့် အရံဗဟိုကော်မတီဝင် (၅) ဦးတို့အား ဖိတ်ကြားခဲ့ပါသည်။ အစည်းအဝေး တက်ရောက်သူ ဗဟိုကော်မတီဝင်များမှာ
၁။ ဒေါ်ခိုင်ဇာအောင် – ဥက္ကဌ

၂။ ဦးမျိုးမြင့် – ဒုဥက္ကဌ
(ရွှေမိပလပ်စတစ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း)

၃။ ဦးနေဇာထွန်း – အထွေထွေအတွင်းရေးမှူး
(ရွှေမိပလပ်စတစ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း)

၎။ ဒေါ်ဝင်းသိင်္ဂိစိုး (ခ) – တွဲဘက်အထွေထွေအတွင်းရေးမှူး
ဒေါ်ခင်နီလာစိုး
(Yes -1 စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း)

၅။ ဦးအောင်ကျော်ထွန်းနိုင်ဦး – ဘဏ္ဍာရေးမှူး
(YIGI စက်မှုလယ်ယာပစ္စည်း အခြေခံအလုပ်သမားအဖွဲ့အစည်း)

၆။ ဦးရဲသူရ – ဗဟိုကော်မတီ အဖွဲ့ဝင်
(North Shore အထည်ချုပ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း)

၇။ ဦးသိန်းနိုင်ဦး – ဗဟိုကော်မတီ အဖွဲ့ဝင်
(SUMEC အထည်ချုပ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း)

၈။ ဦးဝေယံရှိုင်း – ဗဟိုကော်မတီ အဖွဲ့ဝင်
(Yes -1 အထည်ချုပ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း)

၉။ ဒေါ်ခင်သန္တာ – ဗဟိုကော်မတီ အဖွဲ့ဝင်
(မြူးနဲ့စူး အထည်ချုပ် စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း)

၁၀။ ဦးမျိုးဇော် – ဗဟိုကော်မတီ အဖွဲ့ဝင်
(ရွှေမိပလပ်စတစ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း)

၁၁။ ဦးကျော်မြင့် – ဗဟိုကော်မတီ အဖွဲ့ဝင် (ခွင့်-အစ်မ ဆေးရုံတက်)
(မနီဆေးထိုးအပ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း)

၁၂။ ဦးအေးမင်းသန့် – ဗဟိုကော်မတီ အဖွဲ့ဝင်
(Bellmart အထည်ချုပ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း)

၁၃။ ဒေါ်နှင်းသဇင် – ဗဟိုကော်မတီ အဖွဲ့ဝင်
(Seduno အထည်ချုပ်စက်ရုံအခြေခံအလုပ်သမားအဖွဲ့အစည်း)

၁၄။ ဒေါ်အိအိလှိုင် – ဗဟိုကော်မတီ အဖွဲ့ဝင်
(Charming အထည်ချုပ် စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း)

၁၅။ ဦးစိုးသူ – ဗဟိုကော်မတီ အဖွဲ့ဝင် (ခွင့်-နေမကောင်း)
(IWFM စည်းရုံးရေးမှူး)

အစည်းအဝေး တက်ရောက်သူ အရံကော်မတီဝင်များမှာ –
၁။ ဒေါ်ဆွေဆွေခိုင် – (Yes -1 အထည်ချုပ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း)
၂။ ဒေါ်စိုးနွယ်ဦး – Macdo ဆံပင်တုစက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း။
၃။ ဒေါ်ဟန်နီဦး – Great Men အထည်ချုပ် စက်ရုံအခြေခံအလုပ်သမားအဖွဲ့အစည်း
၎။ ဒေါ်စီစီအောင် – Myanmar Jiale Fashioin အထည်ချုပ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း။ (မတက်ရောက်နိုင်)
၅။ ဦးဇော်ဝင်းအောင် – အမှတ် (၆) အထည်ချုပ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း။ (မတက်ရောက်နိုင်)

အစည်းအဝေးတွင်
– IWFM ၏ စည်းရုံးရေး၊ ပညာပေးရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခြင်း။

– ကော်မတီများ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ ခွဲဝေသတ်မှတ်ခြင်း။

– အဖွဲ့ဝင်ကြေး၊ လစဉ်ကြေး ကောက်ခံခြင်းအတွက် ပိုမို ကောင်းမွန်သည့်စနစ်အား ဖော်ထုတ်ရန်၊ ဘဏ္ဍရေး ဆိုင်ရာ သုံးစွဲခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာ ကိစ္စများ။

– IWFM ၀န်ထမ်းများ ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခြင်း။

– အပြည်ပြည်ဆိုင်ရာ သင်တန်း၊ အစည်းအဝေးများ စေလွှတ်ရာတွင် ထည့်သွင်းစဉ်းစားသင့်သည့် အရည် အချင်း သတ်မှတ်ချက်များ ဆွေးနွေးခြင်း။

– ညီလာခံမှတ်တမ်း၊ ဖွဲ့စည်းပုံများကို အချောသတ် ပြင်ဆင်ခြင်း၊ လုပ်ငန်းစီမံချက် (မူကြမ်း) ကို ဆွေးနွေးခြင်း၊

– အထွေထွေ။
က) အဖွဲ့ဝင်အဖြစ်လျှောက်ထားခြင်းနှင့် လက်ခံခြင်းအတွက် သတ်မှတ်ချက်များ။
ခ) အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကိစ္စများ။
ဂ) IndustriALL နှင့် CTUM သို့ လစဉ်ကြေးပေးသွင်းမှုတွင် ၂၀၁၈ ခုနှစ်အတွက် အဖွဲ့ဝင်ဦးရေ တိုးမြှင့် ထည့်ဝင်ရန် ကိစ္စ။

များကို ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးမှတ်တမ်းများအား အဖွဲ့ဝင်များထံသို့ ပေးပို့သွားမည်ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *