All for Joomla All for Webmasters
2012 Dispute Settlement Law Training
2011 Labour Organization Law
July 5, 2017
သမဂ္ဂလှုပ်ရှားမှုများ
July 5, 2017

2012 Dispute Settlement Law Training

2012 Dispute Settlement Law Training (18th June 2017)

၂၀၁၇ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာမြို့နယ်တွင် ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေဆိုင်ရာ တစ်ရက်တာသင်တန်းကို ပြုလုပ်ခဲ့ပါသည်။
အဆိုပါသင်တန်းကို ဒိန်းမတ်နိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (LO/FTF) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)တို့ပူးပေါင်း၍ TOT ဆရာဖြစ် သင်တန်းပေးထားသော သမဂ္ဂခေါင်းဆောင် ဦးရဲသူရ (ဥက္ကဋ္ဌ North Shore အထည်ချုပ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း) မှ မိမိတို့ဒေသရှိ သမဂ္ဂအဖွဲ့ဝင်များကို ပြန်လည်ပို့ချသော သင်တန်းဖြစ်ပါသည်။
၎င်းသင်တန်းတွင် လုပ်ငန်းခွင်အတွင်း ညှိနှိုင်းရေးကော်မတီဖွဲ့စည်းခြင်းဆိုင်ရာများ၊ အလုပ်ရှင်-အလုပ်သမား ညှိနှိုင်းရေးဆိုင်ရာ နည်းနာများကို ရှင်းလင်းဆွေးနွေးခြင်းများပြုလုပ်ခဲ့ပါသည်။ ထို့အပြင် သင်တန်းသို့ Orange အထည်ချုပ်စက်ရုံ၊ Holly Myanmar အထည်ချုပ်စက်ရုံ၊ North Shore အထည်ချုပ်စက်ရုံနှင့် Myue & Sue အထည်ချုပ်စက်ရုံတို့မှ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များ တက်ရောက်သူ စုစုပေါင်း (20) ဦး တက်ရောက်ခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *