All for Joomla All for Webmasters
2nd CEC consultation meeting of Industrial Workers’ Federation of Myanmar
ILC ကိုယ်စားလှယ်များ ရွေးချယ်ဆွေးနွေးခြင်း
March 29, 2018
Minimum Wage workshop in Mandalay
March 29, 2018

2nd CEC consultation meeting of Industrial Workers’ Federation of Myanmar

2nd CEC consultation meeting of Industrial Workers’ Federation of Myanmar on 16-Feb-2018

မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၊ ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ဖေဖော်ဝါရီလအတွင်း ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းများနှင့် တွေ့ဆုံရမည့်အဖွဲ့အစည်းများနှင့် စပ်လျဉ်း၍၊ သင်တန်းများ ပြုလုပ်ရန် လိုအပ်ချက်များကိုဆွေးနွေးခြင်း၊ သင်တန်းရက်များ သတ်မှတ်ခြင်း၊ အစည်းအဝေးနှင့် သင်တန်းများ၊ ဆောင်ရွက်ရန်ရှိသည့်လုပ်ငန်းများအား လုပ်ဆောင်ရန် တာဝန်ခွဲဝေသတ်မှတ်ခြင်း၊ တို့ကို ဆောင်ရွက်ခဲ့ကြပါသည်။ ထို့ပြင် IWFM ၏ အဖွဲ့ဝင်များအတွက် ပညာပေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဘာသာရပ်အသီးသီး (Labour Law အလုပ်သမားဥပဒေများ၊ စနစ်တကျ စုပေါင်းညှိနှိုင်းတောင်းဆိုခြင်းဆိုင်ရာCBA ၊ စည်းရုံးရေး နည်းနာများ Organizing ၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး OHS ၊ ကျးမ တန်းတူရေးဆိုင်ရာ) များတွင် ကျွမ်းကျင်သည့် သင်တန်းဆရာများ ပေါ်ပေါက်ရေး အတွက် ဖြစ်နိုင်ခြေရှိသော အဖွဲ့ဝင်များကို အဆင့်ဆင့် လေ့ကျင့်သင်ကြားရေး၊ အစီအစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် IWFM ၏ ၂၀၁၄-၂၀၁၇ ခုနှစ် ဘဏ္ဍာရေး စာရင်းရှင်းတမ်းများအား စီစစ်ခြင်း ကိစ္စရပ်များကိုလည်း ဆောင်ရွက်ခဲ့ကြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *