All for Joomla All for Webmasters
အလုပ်သမားများနေထိုင်သည့် Hostel များတွင် သန့်ရှင်းရေးလုပ်ဆောင်ခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းအပြင် ကျန်းမာရေးအသိပညာပေးကိစ္စများ
New Way or Mirae အထည်ချုပ်အခြေခံအလုပ်သမားသမဂ္ဂအဖွဲ့အစည်းမှ အဖွဲ့ဝင်များအား ဆန် ဆီ ကြက်ဥ များပေးသွားမည်
May 16, 2020
Covid19 ပြန့်ပွားမူကာကွယ်ရန်အတွက် ဆေးဖြန်းခြင်း။
May 16, 2020

အလုပ်သမားများနေထိုင်သည့် Hostel များတွင် သန့်ရှင်းရေးလုပ်ဆောင်ခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းအပြင် ကျန်းမာရေးအသိပညာပေးကိစ္စများ

Coronavirus Disease 2019(Covid-19) ဖြစ်ပွားနေသည့်ကာလအတွင်း အလုပ်သမားများနေထိုင်သည့် Hostel များတွင် သန့်ရှင်းရေးလုပ်ဆောင်ခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းအပြင် ကျန်းမာရေးအသိပညာပေးကိစ္စများ ဆောင်ရွက်ခြင်းအစီအစဉ်များ

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်- CTUM အနေဖြင့် ILO Yangon ရုံးပံ့ပိုးပေးမှုဖြင့် Coronavirus Disease 2019 (Covid-19) လတ်တလောဖြစ်ပွားနေသည့် ကာလ အတွင်းတွင် အလုပ်သမားများသို့ ရောဂါကူးဆက်ပြန့်ပွားမှုတားဆီးနိုင်ရေးနှင့် အခြေခံ ကျန်းမာရေးအသိပညာများကို ရရှိနိုင်ရန်အတွက် ဆောင်ရွက်လျှက်ရှိနေပါသည်။ CTUM နှင့်အတူ အခြားသော အလုပ်သမားအရေးဆောင်ရွက်နေသည့် အလုပ်သမားအဖွဲ့အစည်းများလည်း ပူးပေါင်းဆောင်ရွက်နေ​ကြပါသည်။

ဆောင်ရွက်နေသည့် လုပ်ငန်းများအနေဖြင့်
၁။ Care Well ဆရာဝန်များနှင့် ရောဂါကူးဆက်မှုကာကွယ်ရေး အခြေခံသင်တန်း
သင်ရိုးညွှန်းတန်းရေးဆွဲခြင်း။
၂။ PPE ဝတ်စုံ ဝတ်ဆင်နည်းနှင့် ပိုးသတ်ဆေးဖြန်းခြင်းသင်တန်း တက်ရောက်ခြင်း။
၃။ ကူးဆက်ရောဂါ ကာကွယ်နည်း အခြေခံကျန်းမာရေးအသိပညာများ သင်ကြားခြင်း။
၎။ အလုပ်သမားများနေထိုင်ရာ အဆောင်များနှင့်လူနေအိမ်များသို့ ပိုးသတ်ဆေးဖြန်းခြင်း။
၅။ ကျန်းမာရေးအသိပညာများဖြန့်ဝေပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဝေပေးခြင်း။
၆။ နေရပ်ပြန်ရွှေ့ပြောင်းအလုပ်သမားများဝင်ရောက်ရာဂိတ်များတွင် ကျန်းမာရေးဝန်ထမ်း
များအားကူညီပေးခြင်း စသည့် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါသည်။
လုပ်ငန်းများဆောင်ရွက်မှု အခြေအနေ
၁။ Care Well ဆရာဝန်များနှင့် ရောဂါကူးဆက်မှုကာကွယ်ရေး အခြေခံသင်တန်း
သင်ရိုးညွှန်းတန်းရေးဆွဲခြင်း။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအနေဖြင့် – CTUM အနေဖြင့် အလုပ် သမား များ နေထိုင်ရာ နေအိမ်များနှင့် အဆောင်များတွင် ကျန်းမာရေးအရ ရောဂါကာကွယ်နည်း အခြေခံလမ်းညွှန်ချက်များကို လိုက်နာကျင့်သုံးရန်အတွက် အသိပညာပေးရေးလုပ်ငန်းစဉ်ကို ၂၀၂၀ ခုနှစ်၊ မေလ(၃)ရက်နေ့ အရှေ့ဒဂုန်မြို့နယ် Care Well Center တွင် ဒေါက်တာ ဒေါ်မူယာညွှန့်မှ ရှင်းလင်းတင်ပြပေးခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်- CTUM ရုံးတွင် ကျန်းမာရေးအသိပညာပေး သင်ရိုးညွှန်းတမ်းကို ရှင်းလင်း ပြသပေးခဲ့ပါသည်။

သင်တန်းကို လှိုင်သာယာရှိ Care Well Center ရှိ ဒေါက်တာဟေမာမှ သင်တန်းသား (၂၀) ဦးအား သင်ကြားပေးမည်ဖြစ်ကြောင်း သင်တန်းမှာ တစ်ရက်တာသင်တန်းဖြစ်ပြီး အချိန်(၂) နာရီခန့်သင်ကြားရန် လိုအပ်ပါကြောင်းနှင့် သင်တန်း တစ်ရက်လျှင် (၅) ဦးထက်မပိုရန် ပြောကြားခဲ့ပါသည်။

၂။ PPE ဝတ်စုံ ဝတ်ဆင်နည်းနှင့် ပိုးသတ်ဆေးဖြန်းခြင်းသင်တန်းတက်ရောက်ခြင်း
Coronavirus Disease 2019(Covid-19) ကာလအတွင်းတွင် ရောဂါပိုးကူးဆက်မှုအား ကာကွယ်ရန်အတွက် အလုပ်သမားများနေထိုင်ရာ အဆောင်များနှင့်နေအိမ် ပါတ်ဝန်းကျင်များသို့ ပိုးသတ်ဆေး ဖြန်းခြင်းလုပ်ငန်းဆောင်ရွက်ရန်နှင့် နေအိမ်အတွင်းတွင် ဆပ်ပြာရေးဖြန်းပတ်ခြင်း လုပ်ငန်းများဆောင်ရွက်ရန် အတွက် အလုပ်သမား(၂၀)ဦးအား သင်တန်းတက်ရောက်စေခဲ့ပါ သည်။ သင်တန်းတက်ရောက်နိုင်ရန်အတွက် ၂၀၂၀ ခုနှစ်၊ မေလ(၆)ရက်နေ့တွင် မြောက်ဥက္က လာမြို့နယ်ရှိ နာရေးကူညီမှုအသင်းဥက္ကဌထံသို့ သင်တန်းပို့ချပေးပါရန် တောင်းခံခဲ့ပါသည်။ တင်ပြမှုအရ သင်တန်းကို ၂၀၂၀ ခုနှစ်၊ မေလ(၉)ရက်နေ့တွင် မနက်(၉)နာရီ သင်တန်းသား(၁၀)ဦးနှင့် ညနေ(၃)နာရီတွင် သင်တန်းသား(၁၀)ဦး တက်ရောက် သင်ကြားခဲ့ပါသည်။
သင်တန်းအား ဦးကျော်သူ နာရေးကူညီမှုအသင်း၊ အရေးပေါ်ဌာနမှ ဦးရဲသွင်ထွဋ်နှင့် အတူ နည်းပြ ဆရာ(၂) တို့မှ လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။ နည်းပြဆရာမှ PPE ၀တ်စုံအား ၀တ်ဆင်နည်းနှင့် ချွတ်နည်း သင်ကြားပေးပြီး သင်တန်းသားထဲမှ တစ်ဦးအား လက်တွေ့ပြန်လည် ၀တ်ဆင်ခိုင်းခြင်းတို့ဖြင့် သင်ကြားပေးခဲ့ပါသည်။ လက်ရှိအခြေအနေအရ သင်တန်းသား အားလုံးအား လက်တွေ ၀တ်ဆင်ခိုင်းလျှင် PPE ၀တ်စုံသည် တစ်ကြိမ်သာ အသုံးပြုလိုရသည့်အတွက် ဆုံးရှုံးမှုရှိသဖြင့် သင်တန်းသား တစ်ဦး လက်တွေ့ ပြုလုပ်ခိုင်း၍ သင်တန်းပို့ချခဲ့ပါသည်။
၃။ ကူးဆက်ရောဂါ ကာကွယ်နည်း အခြေခံကျန်းမာရေးအသိပညာများ သင်ကြားခြင်း။
အဆိုပါသင်တန်းကို ၂၀၂၀ ခုနှစ်၊မေလ(၁၁)ရက်နေ့မှ(၁၄)ရက်နေ့အထိ လှိုင်သာယာမြို့ နယ် Care Well Center တာဝန်ရှိသူ ဒေါက်တာဟေမာမှ သင်တန်းသား(၅)ဦးဆီကို တစ်ရက်တာ သင်တန်းပို့ချပေးခဲ့ပါသည်။

၎။ အလုပ်သမားများနေထိုင်ရာ အဆောင်များနှင့်လူနေအိမ်များသို့ ပိုးသတ်ဆေးဖြန်းခြင်း။
၂၀၂၀ ခုနှစ်၊ မေလ(၁၆)ရက်နေ့တွင် လှိုင်သာယာမြို့နယ်အတွင်း (၇)ရက်ကွက်ရှိ အလုပ်သမားများနေထိုင်ရာအိမ် များအဆောင်များနှင့်ပါတ်ဝန်းကျင်များသို့ ရပ်ကွက်အတွင်းရှိ တာဝန်ရှိသူများ ပူးပေါင်းကူညီမှုဖြင့် ပိုးသတ်ဆေးဖြန်းခြင်း ကိစ္စများကို ဆောင်ရွက်နေကြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *