Special Invitation Program for the Past Participants of the JILAF Program (2016 Nov 26-Dec 2 at Japan)
အထူးထပ်ဆင့် ဖိတ်ခေါ်သည့်အဖွဲ့ အလုပ်သမားအခြေအနေတင်ပြဆွေးနွေးခြင်းအစည်းအဝေး
(၂၀၁၆ နိုဝင်ဘာ (၂၆)ရက်နေ့မှ ဒီဇင်ဘာ(၂)ရက်နေ့အထိ၊ ဂျပန်နိုင်ငံ)
အဆိုပါအစည်းအဝေးကို ဂျပန်နိုင်ငံအလုပ်သမားပံ့ပိုးကူညီပေးရေးအဖွဲ့အစည်း JILAF မှ ပြုလုပ်ကျင်းပသော အထူးထပ်ဆင့် ဖိတ်ခေါ်သည့်အဖွဲ့ အလုပ်သမားအခြေအနေတင်ပြဆွေးနွေးခြင်းအစည်းအဝေးကို BWFM ဘဏ္ဍရေးမှူးဦးရဲဝင်းထွန်း၊ MRWUF ဥက္ကဋ္ဌဦးမျိုးချစ်၊ IWFM အထွေထွေအတွင်းရေးမှူးဒေါ်တင်မိုးခိုင်တို့သည် ဂျပန်နိုင်ငံသို့ သွားရောက်ကာ ဆွေးနွေးလျက်ရှိပါသည်။
ထိုအစည်းအဝေးပွဲသည် အာရှ၊ အာဖရိက၊ လက်တင်အမေရိကရှိ အလုပ်သမားသမဂ္ဂအဖွဲ့အစည်းခေါင်းဆောင်များကို ဂျပန်နိုင်ငံသို့ ဖိတ်ကြားပြီး ဂျပန်ပြည်အလုပ်သမားအခြေအနေနှင့်အလုပ်သမား-အလုပ်ရှင်ဆက်ဆံရေးနှင့်ပတ်သတ်၍ ပိုမိုနားလည်စေရန်၊ ကူးလူးဆက်ဆံရေးကို တိုးတက်စေရန်နှင့်မိမိတိုင်းပြည်သို့ ပြန်လည်ရောက်ရှိသောအခါ ဂျပန်နိုင်ငံမှ ရရှိခဲ့သော အတွေ့အကြုံများကို မိမိတိုင်းပြည်ရှိ အလုပ်သမားလှုပ်ရှားမှုများတွင် အသုံးချခြင်းဖြင့် မိမိတိုင်းပြည်၏ အလုပ်သမားသမဂ္ဂနှင့်စီးပွားရေး၊ လူမှုရေး တိုးတက်မှုများတွင် အသုံးဝင်စေရန် ရည်ရွယ်ပါသည်။
၂၀၁၃ခုနှစ်မှ ၂၀၁၅ခုနှစ်အထိ ဂျပန်နိုင်ငံသို့ သွားရောက်လေ့လာရန်အတွက် JILAF၏ ကူညီပံ့ပိုးမှုဖြင့် CTUM ခေါင်းဆောင်များနှင့်အဖွဲ့ဝင်များ စုစုပေါင်း (၂၃)ဦး သွားရောက်သင်ကြားခဲ့ပြီးဖြစ်သည်။ ယခု ၂၀၁၆ခုနှစ် ထိုသွားရောက်လေ့လာခဲ့သူများထဲမှ ပြန်လည် ရွေးချယ်ကာ ဖိတ်ခေါ် ဆွေးနွေးခြင်း ဖြစ်သည်။