All for Joomla All for Webmasters
Occupational Safety and Health (Introduce) Tripartite Workshop
1951 Leave and Holiday Law Training
November 27, 2016
Special Invitation Program for the Past Participants of the JILAF Program
November 28, 2016

Occupational Safety and Health (Introduce) Tripartite Workshop

Occupational Safety and Health (Introduce) Tripartite Workshop
လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ(မိတ်ဆက်)သုံးပွင့်ဆိုင် အလုပ်ရုံဆွေးနွေးပွဲ

(2016 Nov 26-27 at Kanaung Hall in Hlaingthayar Industrial Zone, Yangon)
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ(၂၇)ရက်နေ့ မှ (၂၈)ရက်နေ့ထိ လှိုင်သာယာစက်မှုဇုန်ရှိ ကနောင်ခန်းမတွင် CTUM နှင့် ITUC AP (မြန်မာနိုင်ငံ)တို့ ပူးပေါင်း၍ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ(မိတ်ဆက်) သုံးပွင့်ဆိုင်(ILO၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား)တို့ပါဝင်သည့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။
လှိုင်သာယာစက်မှုဇုံရှိ မြို့နယ်အလုပ်သမားရုံးမှာ အစိုးရကိုယ်စာလှယ်များ၊ စက်ရုံလုပ်ငန်းရှင်များမှ အလုပ်ရှင် ကိုယ်စားလှယ်များ၊ CTUM အဖွဲ့ချုပ် အဖွဲ့ဝင် အလုပ်သမားသမဂ္ဂခေါင်းဆောင်များ၊ ILO တို့မှ စုစုပေါင်း စုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့ပါသည်။
CTUM အဖွဲ့ဝင် လုပ်ငန်းကဏ္ဍအဖွဲ့ချုပ်များဖြစ်သော MWFM. IWFM, BWFM တို့မှ အဖွဲ့ချုပ်ခေါင်းဆောင်များမှ ဦးဆောင်၍ ဆွေးနွေးခဲ့ကြပါသည်။
လက်ရှိ စက်မှုလုပ်ငန်းခွင် နှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအမြင်များ ဆွေးနွေးခြင်း၊ ဘေးအန္တရာယ်၏ အဓိပ္ပါယ်နှင့်ဘေးအန္တရာယ်ရှာဖွေဖော်ထုတ်မှုအား ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံတွင် လက်ရှိ ကျင့်သုံးနေသော ဥပဒေများ၏ အားသာချက်၊ အားနည်းချက်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆောင်ရွက်နိုင်မှုအခြေအနေတို့ကို သုံးသပ်ဆွေးနွေးခြင်း၊ OHS နှင့် ပတ်သက်သည့် လက်ရှိ ကျင့်သုံးနေသည့် ILO စံနှုန်းများနှင့် ILO မှ ၂၀၁၇ ခုနှစ်တွင် ပြုလုပ်မည့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စီမံချက်များအား ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။
အလုပ်ရှင်များဘက်မှလည်း စက်ရုံအတွင်း ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် အသိပညာပေးမှုများတို့အား ဆွေးနွေးခဲ့ကြပါသည်။
တက်ရောက်လာသောသူများမှလည်း ဆွေးနွေးမှုများအပေါ် မေးခွန်းများမေးမြန်းခြင်းနှင့် လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ရှိမှုများအား အပြန်အလှန်ဆွေးနွေးဖလှယ်မှုများပြုလုပ်ခဲ့ပါသည်။

01 1-1 1-2 3 4 2 5

Leave a Reply

Your email address will not be published. Required fields are marked *