Teambuilding and Gender/Equality Training – Workshop for Mining Worker Federation of Myanmar (15-16 May 2017)
အပြည်ပြည်ဆိုင်ရာ သတ္တုတွင်းလုပ်ငန်း၊ ဓါတုပစ္စည်း၊ စွမ်းအင်ကဏ္ဍ၊ သတ္တုတွင်း၊ ချည်မျှင်၊ သားရေ၊ အထည်အလိပ်လုပ်ငန်းနှင့် အထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (IndustriALL) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (CTUM) တို့မှ ပူးပေါင်း၍ CTUM၏ အဖွဲ့ဝင် ကဏ္ဍအလိုက် အဖွဲ့ချုပ်တစ်ခုဖြစ်သော မြန်မာနိုင်ငံ သတ္တုတွင်းအလုပ်သမားများအဖွဲ့ချုပ် (MWFM) ၏ အဖွဲ့ဝင် အမျိုးသမီးများအား လူမှုအဖွဲ့အစည်းများတွင် ကျားမတန်းတူညီမျှပါဝင်ဆောင်ရွက်မှု၏ အရေးပါမှုကို သိရှိစေရန်၊ အသိပညာပေး စွမ်းရည်မြှင့်တင်နိုင်ရန်အတွက် သင်တန်းအား ပြုလုပ်ခြင်း ဖြစ်ပါသည်။ သင်တန်းတွင် ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း သတ္တုတွင်းကဏ္ဍမှ အမျိုးသမီး သမဂ္ဂခေါင်းဆောင် (၂၀) ယောက် တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
သင်တန်း ပထမနေ့တွင် မြန်မာနိုင်ငံ သတ္တုတွင်းအလုပ်သမားများအဖွဲ့ချုပ် (MWFM) ဥက္ကဋ္ဌ
ဦးသောင်းညွန့် နှင့် IndustriALL မှ သတ္တုတွင်းကဏ္ဍ လုပ်ငန်းစီမံချက်တာဝန်ခံ Brother Yoon
တို့မှ အဖွင့်အမှာစကားပြောကြားခြင်းနှင့် ဆွေးနွေးပွဲပြုလုပ်ရည့်ရွယ်ချက်များကိုရှင်းပြသည်။
IndustriAll Global Union South East Asia ၏ Project Coordinator ဖြစ်သူ Sister Lorna B. Ferrer မှ မြန်မာနိုင်ငံမှ အမျိုးသမီးများနှင့် စပ်လျဉ်းသည့် အချက်အလက်များ၊ ကျား-မ တန်းတူရေးညီမျှ မှုအတွက် ဥပဒေ၊ မူဝါဒနှင့် အဖွဲ့အစည်းဆိုင်ရာ မူဘောင်များ၊ ကျား-မရေးရာ အား လူမှုတည်ဆောက်မှုအနေဖြင့် သုံးသပ်ခြင်းများ၊ နိုင်ငံတကာမှ မီးဖွားမှုနှင့်ဆိုင်သည့် အခွင့်အရေးများ အား ဦးဆောင်ဆွေးနွေးခဲ့ပါသည်။ ၂၀၁၇ နှစ်အတွင်း အဖွဲ့ဝင်အမျိုးသမီးများ အတွက် Action Plan များ ရေးဆွဲခဲ့ကြပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
Credit – Nan Aye Mya Mu