All for Joomla All for Webmasters
Teambuilding and Gender/Equality Training by MWFM
May 22, 2017
Leadership Training by AFFM
May 22, 2017

Collective Bargainng Training by MWFM

Collective Bargainng Training – Workshop for Mining Worker Federation of Myanmar (17-18 May 2017) at King & Queen Hotel, Monywa, Sagaing Division
အပြည်ပြည်ဆိုင်ရာ သတ္တုတွင်းလုပ်ငန်း၊ ဓါတုပစ္စည်း၊ စွမ်းအင်ကဏ္ဍ၊ သတ္တုတွင်း၊ ချည်မျှင်၊ သားရေ၊ အထည်အလိပ်လုပ်ငန်းနှင့် အထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (IndustriALL) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (CTUM) တို့မှ ပူးပေါင်း၍ CTUM၏ အဖွဲ့ဝင် ကဏ္ဍအလိုက် အဖွဲ့ချုပ်တစ်ခုဖြစ်သော မြန်မာနိုင်ငံ သတ္တုတွင်းအလုပ်သမားများအဖွဲ့ချုပ် (MWFM) ၏ အဖွဲ့ဝင် များအတွက် ၂၀၁၇ခုနှစ်၊ မေလ(၁၇-၁၈) ရက်နေ့များတွင် မုံရွာမြို့ ၊King & Queen Hotel ၌ စုပေါင်းညှိနှိုင်းတောင်းဆိုခြင်း သဘောတူညီချက် ရရှိရေးအတွက် စနစ်တကျပြင်ဆင်ခြင်းဆိုင်ရာ သင်တန်း (CBA) အား ပြုလုပ်ခြင်း ဖြစ်ပါသည်။ သင်တန်းတွင် မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း သတ္တုတွင်းကဏ္ဍမှ သမဂ္ဂခေါင်းဆောင် (၂၅) ယောက် တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

သင်တန်းပြုလုပ်ရသည့်ရည်ရွယ်ချက်မှာ

(က) Organizing, collective bargaining, campaigning, occupational safety & health, international standards အကြောင်းအရာများကိုသိရှိသဘောပေါက်စေပြီး သမဂ္ဂ လှုပ်ရှားမှုများတွင် ကျွမ်းကျင်စေရန်။
(ခ) သတ္တုတွင်းလုပ်ငန်းခွင်များနှင့် ကုမ္ပဏီများ၏ သတင်းအချက်အလက်များကို စုဆောင်းတတ်စေရန်။
(ဂ) စုပေါင်းညှိနှိုင်းတောင်းဆိုခြင်း သဘောတူညီချက် ရရှိရေးအတွက် ဆောင်ရွက်ရာတွင် အရည်အသွေး ပြည့်ဝသောသူများ တိုးမြှင့်စွာပါဝင်လာစေရန်။
(ဃ) MWFM အဖွဲ့ဝင်အရေအတွက် တိုးပွားလာစေရန်။
(င) သတ္တုကဏ္ဍ၏ သမဂ္ဂတွင်ပါဝင်သူများ အချင်းချင်း ဆက်သွယ်ချိတ်ဆက်တတ်စေရန်။
(စ) သတ္တုတွင်းသမဂ္ဂအတွက် နည်းမဟာဗျူဟာများ ချမှတ်မှု စနစ်များ ဖွံ့ဖြိုးတိုးတက်စေရန်-
ဖြစ်ပြီး တက်ရောက်သူများမှလည်း အုပ်စုလိုက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။
Credit : Nan Aye Mya Mu

Leave a Reply

Your email address will not be published. Required fields are marked *