၂၀၁၉ ခုနှစ် မေလ ၂၄ ရက်
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) မှောင်ဘီမြို့နယ်ရုံးခွဲတွင် အဖွဲ့ချုပ်(CTUM) အဖွဲ့ဝင် အခြေခံသမဂ္ဂတစ်ခုဖြစ်သော ရန်ကုန်ဘက်စ်ကားယာဉ်မောင်းအလုပ်သမားသမဂ္ဂ(YBPD) မှ အလုပ်ရှင်-အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်(EC) ကိစ္စရပ်များနှင့်ပက်သက်၍ အဖွဲ့ဝင်ယာဉ်မောင်များနှင့်မြို့နယ်တွင်းရှိ ညီနောင်သမဂ္ဂများကို အသိပေးရှင်းလင်းခြင်းပြုလုပ်ခဲ့ပါသည်။အသိပေးရှင်းလင်းရှင်းလင်းရာတွင် ဥက္ကဌ (YBPD)၊အလုပ်အမှုဆောင်များမှ
၁) အလုပ်ရှင်ကိုယ်စားလှယ် (YBPC) ကုမ္ပဏီတာဝန်ရှိလူကြီးများမှယာဉ်မောင်းများ နည်းမျိုးစုံသုံးပြီး ခြိမ်းခြောက်ထိုးခိုင်းနေခြင်း ကိစ္စရပ်များ
၂) အလုပ်သမားသမဂ္ဂမှEC စာချုပ်တွင် အလုပ်ချိန်ကို တည်ဆဲဥပဒေများ နှင့် အညီ သတ်မှတ်ထည့်သွင်းပေးရေးကိစ္စ
၃) ကုမ္ပဏီ၏ EC စာချုပ်ပါ နောက်ဆက်တွဲ စည်းကမ်းချက်ပေါင်း (၇၆) ချက် ကိစ္စရပ်များ
၎) ယာဉ်မောင်းအလုပ်သမားများ၏ CNG ရရှိမှုအတွက် တန်းစီစောင့်ဆိုင်းနေရသည့်အချိန်နှင့်ပက်သက်သော ကိစ္စရပ်များ
၅) အခြေခံသမဂ္ဂမှ အဖွဲ့ဝင်ယာဉ်မောင်းများအတွက် တည်ဆဲအလုပ်သမားဥပဒေများနှင့်အညီ ရရှိခံစားနိုင်ရေးအတွက် ရှေ့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး အဖွဲ့ဝင်များ၏ သဘောထားနှင့်သဘောတူညီမှုရယူခြင်း။
စသည့်တို့ကိုဆောင်ရွက်ခဲ့ကြပါသည်။အဆိုပါရှင်းလင်းပွဲကို YBPD သမဂ္ဂအဖွဲ့ဝင်ယာဉ်လိုင်းများဖြစ်သော YBS 37 (ဥက္ကံ၊မှောဘီ၊လှည်းကူး၊ထောက်ကြန့်၊ဝာယာလက်)၊43၊88၊89 များအဖွဲ့ဝင်(၃၀) ဦး တက်ရောက်ခဲ့ကြပာသည်။မြို့နယ်တွင်းရှိ အဖွဲ့ချုပ်အဖွဲ့ဝင် ညီနောင်သမဂ္ဂများမှ ခေါင်းဆောင်များလည်း လိုအပ်သည်များကို အကြံပြုဆွေးနွေးပေးခဲ့ကြပါသည်။
CTUM မှော်ဘီမြို့နယ်ရုံးခွဲ
သတင်း နှင့် ပြန်ဆက်