“BWI-APအာရှပစိဖိတ်ဒေသဆိုင်ရာအမျိုးသမီးကော်မတီအဖွဲ့ဝင်အဖြစ် ညီလာခံမှအတည်ပြုခြင်း”
ဩစတေးရီးယားနိုင်ငံတွင် ၂၀၁၉ခုနှစ် နို၀င်ဘာလ(၂၄-၂၈)ရက်အထိ ကျင်းပသော (BWI-AP) အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးနှင့်သစ်လုပ်ငန်း အာရှ ပစိဖိတ်ဒေသဆိုင်ရာ ၄ကြိမ်မြောက် ညီလာခံ၏ ဒုတိယနေ့တွင် လူငယ်ကော်မတီ၊အမျိုးသမီးကော်မတီနှင့်ဒေသဆိုင်ရာ ကော်မတီများအား အဆိုတင်သွင်းခြင်းနှင့်ညီလာခံမှအတည်ပြုခြင်းများဆောင်ရွက်ပါသည်။
အထက်ပါကော်မတီများ အဆိုပြုခြင်းနှင့်အတည်ပြုခြင်းများဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ ဆောက်လုပ်ရေးနှင့်သစ်လုပ်ငန်းအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(BWFM) မှ တွဲဘက် အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးအား အဆိုတင်သွင်းရာ BWI-APအာရှပစိဖိတ်ဒေသဆိုင်ရာအမျိုးသမီးကော်မတီအဖွဲ့ဝင်အဖြစ် ညီလာခံမှအတည်ပြု ရွေးချယ်ခံရပါသည်။ ဂုဏ်ယူစွာဖြင့် အစီရင်ခံအပ်ပါသည်။
<iframe src=”https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fftub.burma%2Fposts%2F1245176762360090&width=500″ width=”500″ height=”863″ style=”border:none;overflow:hidden” scrolling=”no” frameborder=”0″ allowTransparency=”true” allow=”encrypted-media”></iframe>