All for Joomla All for Webmasters
အလုပ်သမားအဖွဲ့အစည်းဖွဲ့စည်းနိုင်ရေး
November 24, 2019
BWI-APအာရှပစိဖိတ်ဒေသဆိုင်ရာအမျိုးသမီးကော်မတီအဖွဲ့ဝင်အဖြစ် ညီလာခံမှအတည်ပြုခြင်း
November 28, 2019

Campaign from YPBD (YBS) Basic Union (Transport Sector)

၂၀၁၉ ခုနှစ် နိဝင်ဘာလ (၂၆) ရက်

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ၏ ကဏ္ဍအလိုက်အဖွဲ့ချုပ် မြန်မာနိုင်ငံသယ်ယူပို့ဆောင်ရေး နှင့် ဝန်ဆောင်မှု အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MTF) ၏အဖွဲ့ဝင် YPBD (YBS) ယာဉ်မောင်းအခြေခံအလုပ်သမားသမဂ္ဂအဖွဲ့ဝင်များသည် လက်ပတ်နီ ကမ်းပိန်း ကို လုပ်ငန်းခွင်မပျက် တောင်းဆိုမှု ပြုလုပ်နေပါသည်။
အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ယာဉ်မောင်းလုပ်သားများအနေဖြင့် အဆိုပါ လက်ပတ်နီပတ် လှုပ်ရှားတောင်ဆိုမှုကို
” ခရီးသွားပြည်သူများ ဘေးကင်းဖို့. ယာဉ်မောင်းများဘဝ မြှင့်စို့ ”
ခေါင်းစဉ်ဖြင့် ပြုလုပ်ပြီး တောင်းဆိုချက်များ အနေဖြင့်

၁) ဥပဒေပါ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ကို အလုပ်ရှင် ကိုယ်စားလှယ်များမှ အလုပ်သမားကိုယ်စား၏ ညှိနှိုင်းတင်ပြချက်များကို မျက်ကွယ်ပြု ဖိအားပေးထိုးခိုင်းနေခြင်း ၊
၂) ခွင့်ရက် ဥပဒေပါ အကျိုးခံစားခွင့်များ ကို ကုမ္ပဏီ ဝန်ထမ်းများအားလုံး တန်းတူခံစားခွင့်ပေးရရှိရေး ၊
၃) ဥပဒေ နှင့်အညီ ဖွဲ့စည်းထားသော လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီများကို တရားဝင်အသိအမှတ်ပြုဆွေးနွေးပေးရေး
၎) ယာဉ်မောင်းများ၏ CNG ဖြည့်စောင့်ဆိုင်းနေရသည့် အချိန် ခံစားခွင့်များကို အလုပ်သမားသမဂ္ဂကိုယ်စား နှင့် အလုပ်ရှင်ကိုယ်စားလှယ်များ ညှိနှိုင်းဆောင်ရွက်ရေး
၅) လုပ်ငန်းချိန်အတွင်း ယာဉ်မတော်တဆမှုများတွင် ယာဉ်မောင်းလုပ်သား၏ အမှား၊အမှန် မခွဲခြားပဲ အလုံးစုံ ယာဉ်မောင်းလုပ်သား ပေးလျော်ခိုင်းနေမှုကို ရုတ်သိမ်းပေးရေး

စသည့် တောင်းဆိုချက်များဖြင့် ပြုလုပ်လျက်ရှိပါသည်။

<iframe src=”https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fftub.burma%2Fposts%2F1245169372360829&width=500″ width=”500″ height=”811″ style=”border:none;overflow:hidden” scrolling=”no” frameborder=”0″ allowTransparency=”true” allow=”encrypted-media”></iframe>

Leave a Reply

Your email address will not be published. Required fields are marked *