All for Joomla All for Webmasters
AFFM Youth committee election and planning meeting
Pre-departure Safe Migration Training
May 17, 2019
Meeting with Finland ambassador and CTUM. BWFM have a meeting with BWI, Trade Union Pro, SAK and SASK.
May 18, 2019

AFFM Youth committee election and planning meeting

AFFM Youth committee election and planning meeting.
May16-17
လူငယ်ကော်မတီဖွဲ့စည်းခြင်းနှင့်ရှေ့လုပ်ငန်းစဉ်များရေးဆွဲခြင်းအစည်းအဝေးကို
မြန်မာနိုင်ငံတောင်သူလယ်သမားနှင့်စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(AFFM)အဖွဲ့ဝင်လူငယ်များဖြင့်ပြုလုပ်

လူငယ်ကော်မတီ ရွေးကောက်ပွဲ နှင့်လုပ်ငန်းစဉ်အစည်းဝေးကို မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM) သွေးစည်းညီညွတ်ရေးခန်းမ တွင်၂ရက်တာကျင်းပပြုလုပ်မည်ဖြစ်သည်
အစည်းအဝေးတွင်

မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)ဥက္ကဌ ဦးမောင်မောင် မှအမှာစကားပြောကြားခြင်း
မြန်မာနိုင်ငံတောင်သူလယ်သမားနှင့်စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(AFFM)မှ ဥက္ကဌ ဦးသန်းဆွေ
တွဲဘက်အတွင်းရေးမှူးဦးဌေးလွင်တို့မှအဖွင့်အမှာစကားပြောကြားခြင်း
CTUM ပညာရေးဌာန မှ DR.ဦးဇော်ဝင်းအောင် မှမိတ်ဆက်စကားပြောကြားခြင်း
CTUM လူငယ်ကော်မတီ ဥက္ကဌ မှမိတ်ဆက်စကားပြောခြင်းများဖြင့်အစည်းဝေးစတင်ခဲ့သည်
အစည်းဝေး အစီစဉ်တွင်လူငယ်ကော်မတီဖွဲ့စည်းပုံစည်းမျဉ်းများအားပြင်ဆင်ခြင်းဖြည့်စွက်ခြင်းဆွေးနွေးအတည်ပြုခြင်း
လူငယ်ကော်မတီ ရွေးကောက်ပွဲ ကော်မရှင် အားဖွဲ့စည်းခြင်း
လူငယ်ကော်မတီ အမူဆောင်များရွေးချယ်တင်မြှောက်ခြင်းရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်းအစီစဉ်များဖြင့်ပြုလုပ်ခဲ့သည်
AFFM ဥက္ကဌ ဦးသန်းဆွေ မှ လယ်သမားလူငယ်တွေဖွဲ့စည်းပြီးလူငယ်ကော်မတီကိုဖွဲ့စည်းမယ်ဆိုတော့ဝမ်းသာတယ် ဟိုးအရင်ကဆို လယ်သမားတွေကိုလုပ်ချင်တိုင်းလုပ်နေတာတွေကိုစာခြောက်ရုပ်အင်အားစုအဖွဲ့ဆိုပြီးအစိုးရကိုဥပဒေနှင့်အညီဆန့်ကျင်ခဲ့တယ်တစ်ယောက်တည်းပဲလုပ်ခဲ့တာလယ်မြေသိမ်းခံရတာတွေအကူညီပေးခဲ့တယ်အမှန်တကယ်လဲပြန်ရခဲ့ရတာတွေရှိတယ် နောက်ပိုင်း FTUBကနေခေါ်ပြီး လယ်သမားအဖွဲ့အစည်းစနစ်တကျဖွဲ့ပေးခဲ့တယ် NLD က ဆရာကြီးတွေပါတယ်နောက်ပိုင်း
အန်ကယ်တို့ကလယ်သမားရေးဆက်ကူညီတယ် AFFM ဆိုတာငါတို့လယ်သမားအကျိုးအတွက်အမှန်တကယ်ကူညီပေးနေတာပါလားလို့သိလာရင်အဖွဲ့ဝင်လာမယ်အခုကAFFM ၂သောင်းကျော်လောက်ပဲရှိသေးတာအင်အားတွေများဖို့လိုတယ်လူငယ်တွေကပခုံးပြောင်းလုပ်ဆောင်ရမှာဖြစ်တယ်ဘာမဆိုစိတ်အားထက်သန်ရင်ဖြစ်ပါတယ် အခုလိုလယ်သမားတွေအခက်ခဲကူညီတယ်ဆိုတာသမာအာဇီဝအလုပ်ပါလူငယ်တွေကအားရှိတယ်လုပ်ကြပါလယ်သမားအကျိုးစီပွားကိုလူငယ်တွေအားတွေနဲ့ကာကွယ်ကြပါလို့”ပြောကြားခဲ့သည်
အစည်းဝေး သို့၂၄ဦးတက်ရောက်ခဲ့သည်
ကျား၁၅ဦး မ၉ဦးတက်ရောက်ခဲ့သည်

Leave a Reply

Your email address will not be published. Required fields are marked *