All for Joomla All for Webmasters
Ambassadors Training organized by SASK
Trainers Training Module -II for CTUM future educators
April 4, 2017
Stop Precarious Work Campaign Regional Coordination Meeting
April 5, 2017

Ambassadors Training organized by SASK

Ambassadors Training organized by SASK
2017 April 1-2 in Finland
ဒီနေ့တော့ ညီအကိုမောင်နှမတွေကို
Finland နိုင်ငံမှာ ရှိတဲ့ သစ်စက်ရုံတွေ အကြောင်းနှင့် သစ်စက်ရုံတွေမှာ ရှိတဲ့ အလုပ်ရှင်-အလုပ်သမား တွေရဲ့ ဆက်ဆံရေး၊ တွေကို အနည်းငယ်ဝေမျှပေးချင်ပါတယ်။

production line ကိုတော့ ဓါတ်ပုံ ရိုက်ခွင့် မရခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ နည်းပညာကို အခြား သော သူ လက်ထဲကို မရောက်အောင် ကာကွယ်ပေးဖို့ဖြစ်ပါတယ်။ အလုပ်သမားသမဂ္ဂကို၌က အဲဒိလို စိတ်ထားမျိုး ရှိပါတယ်။

ဒီနေ့ စက်ရုံ (၂) ခုကို သွားရောက်လေ့လာခဲ့ပါတယ်။

တစ်ခုကတော့ ISKU စက်ရုံဖြစ်ပါတယ်။
နောက်တစ်ခုကတော့ Koskisen ဖြစ်ပါတယ်။

Finland နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ Helsinki နဲ့ သိပ်မဝေးတဲ့ နေရာမှာ တည်ရှိပါတယ်။

Finland နိုင်ငံမြေ အကျယ်အ၀န်း ရဲ့ ၇၅ ရာခိုင်နှုန်းက သစ်တောမြေတွေဖြစ်ပါတယ်။

သူတို့နိုင်ငံက ရေရှည်တည်တံ့ခိုင်မြဲတဲ့ သစ်တော စီမံခန့်ခွဲမှု ( Sustainable Forest Management) လုပ်တဲ့နေရာမှာ အတွေ့အကြုံက ရာစုနှစ်ရှိနေပါပြီ။

Finland နိုင်ငံရဲ့ စက်မှုလုပ်ငန်းကို စတင်ခဲ့တာက သစ်တောကဏ္ဍကဖြစ်ပါတယ်။

ISKU စက်ရုံဟာဆိုရင် ၁၉၂၈ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာပါ။ စတင်တည်ထောင်ချိန်မှာ လူ (၃) ယောက်တည်းရှိပါတယ်။

PEFC – သစ်တောလက်မှတ်ရရှိထားတဲ့ စက်ရုံတစ်ခုဖြစ်ပါတယ်။ PEFC လက်မှတ်ရာဖို့ဆိုတာက Social Standards – အလုပ်သမားတွေနှင့်ပါတ်သက်တဲ့ အလုပ်သမားစံနှုန်း၊ Environmental Standards – သဘာဝပါတ်ဝန်းကျင်နဲ့ ပါတ်သက်တဲ့ စံနှုန်းတွေ ပြည့်မှီလို့ ရတာပါ။

ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းက – ယူရိုငွေ ၂၂ သန်းဖြစ်ပါတယ်။ ၃၀ % ရာခိုင်နှုန်းက စက်ပစ္စည်းတွေအတွက် အသုံးပြုပါတယ်။

အလုပ်ရှင်ရော-အလုပ်သမားရော လက်ခံထားတာက Product Quality ကို ထိန်းသိမ်းထားဖို့ပဲဖြစ်ပါတယ်။

အလုပ်ရှင်-အလုပ်သမား နှစ်ဘက်လုံးက Quality နဲ့ ပါတ်သက်ရင် လုံးဝကို အထိခိုက်မခံပါဘူး။

စက်ပစ္စည်းမကောင်းဘူးဆိုရင် ချက်ချင်းပြင်တယ်။ ချက်ချင်းလဲတယ်။ အရည်အသွေးကို လုံးဝ ထိခိုက်မခံဘူး။ လေ့လာခဲ့တဲ့ စက်ရုံမှာ အလုပ်သမားဦးရေ ၂၅၀ ရှိပါတယ်။ အခု နည်းပညာအသစ်ကို စတင်စမ်းသပ်နေပါတယ်။ ကုန်ထုတ်လုပ်မှု (၂) ဆမြင့်တက်ဖို့ပါ။ ဒီဇိုင်းအတွက်ကို သင်တန်းကျောင်းရှိတယ်။ သင်တန်းကျောင်းဆင်းတွေကလည်း အမြဲတမ်း ဒီဇိုင်းကို လေ့လာတယ်။ တီထွင်တယ်။

ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်ဖို့ရာ အတွက် အမြဲတမ်း – Quality ကို ထိန်းသိမ်းတယ်။ Social Quality ရော၊ Product Quality ရောကိုပါ။

လုပ်ငန်းခွင်အတွင်းမှာ Production line တွေ၊ Occupational Safety and Standards တွေကို စနစ်တကျထားတယ်။ Zero Accident ဖြစ်အောင် လုပ်တယ်။ ထုတ်လုပ်မှုမြန်အောင်အတွက် သိုလှောာင်ရုံကအစ စနစ်တကျထားတယ်။ Waste – လေလွင့်မှု နည်းအောင် အလုပ်ရှင်-အလုပ်သမား သမဂ္ဂပူးပေါင်းဆောင်ရွက်တယ်။

အလုပ်သမားတွေကို ဘယ်လိုသက်သက်သာသာနဲ့ အလုပ်လုပ်နိုင်အောင်ထားမလဲဆိုတာကို အမြဲစဉ်းစားတယ်။ (Employee Satisfaction – အဲဒိစက်ရုံတွေမှာရှိတဲ့ အလုပ်သမားရဲ့ ကျေနပ်မှုကို အမြဲတမ်း စစ်တမ်းကောက်ယူတယ်။ အလုပ်လုပ်ရတာ ကျေနပ်လား။ မကျေနပ်ဘူးလား။ ဆိုတာကိုပါ။ သမဂ္ဂ (၂) ခုလုံးကို မေးကြည့်တော့ ပျော်တယ်လို့ပြောတယ်။)

နောက်စက်ရုံတစ်ခုကတော့ Koskisen စက်ရုံဖြစ်ပါတယ်။ သစ်အချောထည်တွေထုတ်တာပါ။

စက်ရုံခွဲတွေကတော့ အများကြီးရှိပါတယ်။ ဒါပေမယ့် အထပ်သားစက်ရုံကိုပဲ သွားရောက်လေ့လာခဲ့ပါတယ်။

အဲဒိမှာ ဘာလေ့လာမှတ်သားဖွယ်ရာကောင်းလဲဆိုရင်-

မြန်မာပြည်က Finished Products သစ်အချောထည်ပဲပြောပြော ၊ Value Added Products – တန်ဖိုးမြင့်ထုတ်ကုန် လို့ပဲ ပြောပြော အများဆုံး ထုတ်နိုင် ခွဲသား၊ သစ်ပါးလွှာ၊ အထပ်သား ၊ ပရိဘောဂ ဒီလောက်ပဲဖြစ်ပါတယ်။

ဒါတောင် ၂၀၁၄ ခုနှစ်မှာ သစ်အလုံးလိုက် တင်ပို့မှုကို ဥပဒေထုတ်ပြီး ကာကွယ်ထားလိုက်လို့ပါ။ သစ်အလုံးလိုက် တင်ပို့ခွင့် မရတဲ့အခါကျတော့ သစ်ကို ခွဲပြီးတော့ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားတို့ကို ပို့ပါတယ်။

အဲဒိကမှတဆင့် value added product အဖြစ်ပြောင်းပြီးတော့ ဥရောပ ဈေးကွက်များကို တင်ပို့တာဖြစ်ပါတယ်။

သူတို့ဆီမှာက သစ်ပင်စစိုက်ကတည်းက legal ဖြစ်အောင်၊ သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ စံနှုန်း၊ လူမှုရေးဆိုင်ရာ စံနှုန်းတွေကို လေးစားလိုက်နာပြီးတော့ Supply Chain ကုန်စည်စီးဆင်းမှုတစ်လျှောက်မှာ သူတို့ကိုယ်တိုင် ထုတ်လုပ်နိုင်အောင် ကြိုးစားတယ်။ နည်းပညာကို အမှီလိုက်အောင် ကြိုးစားတယ်။ ရေတိုအတွက်မကြည့်ဘူး။ ရေရှည်အတွက် ကြည့်ပြီး အလုပ်လုပ်တယ်။

Productivity ကုန်ထုတ်စွမ်းအားလို့ပြောရင် – အလုပ်ရှင်က ရင်းနှီးမြှုပ်နှံမှုငွေကို ထပ်ဖြည့်တယ်။ နည်းပညာကို ၀ယ်ထည့်ပေးတယ်။ အလုပ်သမားတွေကို skill traninig လုပ်ပေးတယ်။ နည်းပညာအသစ်တွေကို စနစ်တကျ ကိုင်တွယ်ဆောင်ရွက်တတ်အောင်။ အလုပ်သမားကလည်း ပူးပေါင်းဆောင်ရွက်တယ်။

မြန်မာပြည်မှာကတော့ ကုန်ထုတ်စွမ်းအားလို့ပြောရင် အလုပ်သမားဆီက ဘယ်လောက်ညှစ်ထုတ်မလဲဘဲစဉ်းစားတယ်။ အလုပ်ရှင်ဘက်က လုပ်ရမယ့် ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ ထပ်ဖြည့်တာ သိပ်ပြီးမရှိသလောက်ပဲ။

မြန်မာပြည်မှာပြောတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုတာက စက်ပစ္စည်းအဟောင်းတွေဝယ်မယ်။ စက်ရုံအဟောင်းတွေဝယ်မယ်။ ပြီးသကာလ နောက်ထပ်စက်ရုံတစ်ခုထောင်မယ်။ အလုပ်သမားဆီက ရသမျှညှစ်ယူမယ်။ ရေရှည်အတွက် product quality ကို မကြည့်ဘူး။

ဒါကြောင့် ရေရှည်အတွက် ဖွံ့ဖြိုးတိုးတက်မှုကို ကြည့်ရင်တော့ မြန်မာပြည်မှာ ရှိတဲ့ အလုပ်ရှင်ရဲ့ စိတ်ဓါတ်၊ အလုပ်သမားရဲ့ စိတ်ဓါတ် နဲ့တော့ တော်တော်ကို လုပ်ယူရအုံးမယ့်ကိစ္စဖြစ်ပါတယ်။

အဲဒိစက်ရုံတွေကို လေ့လာနေတုန်းမှာ မျက်ရည်တောင်ကျမိတယ်။ ငါတို့နိုင်ငံ ဘယ်တော့များမှ ဒီအနေအထားကို ရောက်မလဲဆိုတာကို တွေးရင်း ၀မ်းနည်းလာမိလို့ပါ။

ဒါပေမယ့်လည်းလေ အားမလျှော့ပါဘူး။။ မိမိအသက်ရှင်သရွေ့ ကြိုးစားခွင့် ရှိနေအုန်းမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *