All for Joomla All for Webmasters
Assessment on Labour Laws and Laws protection women rights for CTUM organizers
Minimum Wage workshop in Mandalay
March 29, 2018
Labour Law Training for Newly formed unions.
March 29, 2018

Assessment on Labour Laws and Laws protection women rights for CTUM organizers

Assessment on Labour Laws and Laws protection women rights for CTUM organizers who will help to implement of CTUM women development center’s activities (20-21 Feb 2018)
မကြာမီ ဖွင့်လှစ်မည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ၏ အမျိုးသမီး ဖွံ့ဖြိုးရေးစင်တာ၏ လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ၀ိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် အဖွဲ့ဝင်များ အား အလုပ်သမား ဥပဒေနှင့် အမျိုးသမီးများအား အကာအကွယ်ပေးသည့် ဥပဒေအများ သိရှိမှုအခြေအနေအား အကဲဖြတ်သည့် ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၂၀၊ ၂၁) ရက်နေ့များတွင် ပြုလုပ်လျက်ရှိပါသည်။ သမဂ္ဂ အဖွဲ့ဝင်များထဲမှ ၂၅ ဦးအား ရွေးချယ်၍ အရည်အချင်း အကဲဖြတ်ခြင်း ကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ထို စည်းရုံးရေးမှူးများသည် အလုပ်သမား ဥပဒေများ၊ အမျိုးသမီးများ အား အကူအညီပေးသည့် ဥပဒေများအား ကောင်းမွန်စွာ သိရှိနားလည်သည့် အဆင့်သို့ ရောက်ရှိသည်အထိ လေ့ကျင့်သင်ကြားသွားမည် ဖြစ်ပါသည်။
ယနေ့တွင် အလုပ်သမားဥပဒေများအား သိရှိနားလည်မှုကို အကဲဖြတ်ခြင်းကို CTUM ၏ ဗဟိုကော်မတီ အဖွဲ့ဝင်ဖြစ်သည့် ဒေါ်ခိုင်ဇာအောင်၊ ဗဟိုကော်မတီဝင်များဖြစ်သော ဦးအောင်ကျော်နှင့် ဒေါ်အေးအေးစိုး တို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။
၂၂ ရက်နေ့တွင် အမျိုးသမီးများအား အကာအကွယ်ပေးသည့် ဥပဒေများနှင့် စပ်လျဉ်း၍ Care Myanmar မှ လာရောက် အကဲဖြတ်ဆွေးနွေးမည် ဖြစ်ပါသည်။
ယနေ့တွင် တက်ရောက်သူ စုစုပေါင်း (၃၀) ဦး ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *