All for Joomla All for Webmasters
Basic Teachers’ Training for Music and Note Reading Course
Trade Union Concept and Organizing training
April 28, 2017
Basic Computer training and Basic English training for our EWFM member from Magwe Region.
May 6, 2017

Basic Teachers’ Training for Music and Note Reading Course

Basic Teachers’ Training for Music and Note Reading Course
ဆရာ ဆရာမများအတွက် အခြေခံတူရိယာသင်ကြားနည်းနှင့် ဂီတသင်္ကေတဖတ်နည်း သင်တန်း
၂၀၁၇ ခုနှစ်၊ မေလ(၁)ရက် မှ (၅)ရက်နေ့ထိ ဂီတသံစဉ်အား လေ့လာခြင်း၊ တူရိယာများ အသုံးပြုနည်း၊ ဂီတာသင်ကြားနည်း လေ့လာခြင်းနှင့် ကလေးများနှင့်လက်တွေ့သရုပ်ပြသင်ကြားခြင်း အစီစဉ်များပါဝင်သည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာ ဆရာမများအတွက် အခြေခံတူရိယာသင်ကြားနည်းနှင့် ဂီတသင်္ကေတဖတ်နည်း သင်တန်းပြုလုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ၊ ဂျပန်နိုင်ငံ ကျောင်းဆရာ/ဆရာမများသမဂ္ဂ JTU ၊ ITUC-AP(မြန်မာနိုင်ငံ)တို့မှ ပူးပေါင်း၍ ဘုန်းတော်ကြီးပညာသင်ကျောင်းများမှ ဆရာ၊ ဆရာများအား စွမ်းရည်မြှင့်တင်ပေးပြီး၊ ပြန်လည်သင်ကြားပေးနိုင်ရန် ရည်ရွယ်၍ သင်တန်းပြုလုပ်ခြင်းဖြစ်ပါသည်။
ဂျပန်နိုင်ငံမှ သင်တန်းဆရာ Kataishi Tomoya San နှင့် ဆရာမ Sasaki Kumiko San တို့မှ သင်ကြားပို့ချခဲ့ပါသည်။
ပဲခူးတိုင်း၊ မကွေးတိုင်း နှင့် ချင်းပြည်နယ်တို့ရှိ ပေါက်မြို့နယ်၊ က၀မြို့နယ်၊ ပခုက္ကူမြို့နယ်၊ ပဲခူးမြို့နယ်၊ တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ချောင်းဆုံမြို့နယ်တို့မှ ဘ.က ပညာရေးကျောင်း ပညာရေးအလုပ်သမားအဖွဲ့အစည်းများရှိ ဆရာ၊ ဆရာမများ စုစုပေါင်း (၂၀)ဦး တက်ရောက်လေ့လာ သင်ယူခဲ့ပါသည်။
၂၀၁၇ ခုနှစ် မေလ(၅)ရက်နေ့တွင် မြန်မာနိုင်ငံအလုပ်သမားများအဖွဲ့ချုပ် CTUM တာမွေရုံးတွင် JTU မှ အတွင်းရေးမှူးနှင့်အတူ သင်တန်းတွင် သင်ကြားပေးသော ဆရာ ဆရာမများ ထပ်မံ၍ အခုလို ဂီတသင်တန်းမျိုး လာရောက်သင်ကြားပေးရန်တို့အား ဆွေးနွေးခဲ့ကြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *