All for Joomla All for Webmasters
Brief report of IndustriALL Executive Committee meeting
OSH Talk Show at MNTV
May 3, 2018
ဧပြီလ လစာ မှ စ၍ ဝန်ထမ်းများ လစာတိုးသွားပါပြီ။
May 3, 2018

Brief report of IndustriALL Executive Committee meeting

Brief report of IndustriALL Executive Committee meeting in Geneva, Switzerland from 25-27th April, 2018

အပြည်ပြည်ဆိုင်ရာ လုပ်ငန်းကဏ္ဍအဖွဲ့ချုပ် IndustriALL အမှုဆောင်အစည်းအဝေး အနှစ်ချုပ်အား ဖော်ပြအပ်ပါသည်။ အချိန်တို အတွင်း အရေးကြီးကိစ္စများကို ဆွေးနွေးသည့် အလေ့အထကို အများကြီး လေ့လာခဲ့ရပါတယ်။

(၂၅-၂၇ ရက်။ ဧပြီလ။ ၂၀၁၈ ခုနှစ်)
ဂျနီဗာ၊ ဆွစ်ဇာလန်

အစည်းအဝေးတွင် ဆွေးနွေးချက်များအား အကျဉ်းချုပ် တင်ပြချက်ဖြစ်ပါသည်။။ အစည်းအဝေးသို့ တက်ရောက်သူ စုစုပေါင်း၂၀၀) ခန့် ရှိပါသည်။
အမျိုးသမီးပါဝင်မှုရာခိုင်နှုန်း (၄၀) ပြည့်မှီသည်ဟု သိရပါသည်။

1) IndustriALL အထွေထွေအတွင်းရေးမှူး မှ အဖွင့်အနေဖြင့် ဖြစ်ပေါ်နေသည့် အခြေအနေများ ခြုံငုံတင်ပြချက်။
က) ဈေးသက်သက်သာသာဖြင့် လုပ်သားအင်အားရရှိရေးအတွက် Multinational company ကြီးများ၏ လူ့အခွင့်အရေးအလုပ်သမားချိုးဖောက်မှုများ၊
ခ) စတုတ္တလှိုင်း ဟု တင်စားခေါ်ဝေါ်သည့် နည်းပညာနှင့် စက်ရုပ်များ အသုံးပြု၍ လုပ်သားဈေးကွက်ပြောင်းလဲဖော်ဆောင်မှု၏ အကျိုးဆက်များ။
ဂ) IndustriALL အနေဖြင့် အဖွဲ့ဝင်များဖြစ်သည့် အမျိုးသားအဆင့် လုပ်ငန်းကဏ္ဍအဖွဲ့ချုပ်များအား အားကောင်းစေရန် စီမံချက်များ ဆောင်ရွက်ခြင်းဖြင့် အခက်အခဲများအား ရင်ဆိုင်ရန် စနစ်တကျဆောင်ရွက်နေမှုများ၊
ဃ) အခကြေးငွေ တိုးမြှင့် ရရှိရေးအတွက် နိုင်ငံအလိုက်ဆောင်ရွက်နေမှုများ၊
င) Supply chain ကုန်စည်စီးဆင်းမှုအဆင့်ဆင့်တွင် သမဂ္ဂ အခွင့်အေ၇း အလုပ်သမားအခွင့်အရေး ချိုးဖောက်နေသည့် အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီများအား Target ထားပြုလုပ်သော ကန်ပိန်းများ /
စ) အဖွဲ့ဝင်အင်အား အခြေအနေတင်ပြချက်များ
ဆ) Global Framework Agreement ကမ္ဘာလုံးဆိုင်ရာ သဘောတူညီမှု စာချုပ် နှင့် စပ်လျဉ်း၍ နိုင်ငံ ၅ နိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ။
ဇ) ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် Rana ပလာဇာ ပြိုကျမှုနှင့် စပ်လျဉ်း၍ အသက်ဆုံးပါးခဲ့သူများ၊ ထိခိုက်ဒဏ်ရာ ရရှိသူများ အတွက် ဆောင်၇ွက်ပေးနိုင်ခဲ့မှုများအား တင်ပြခြင်းနှင့် ထိုဆောင်ရွက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်အလုပ်သမားများ၏ လစာနှင့် လုပ်ငန်းခွင်အခြေအနေကို တိုးတက်မှု အခြေအနေအား တင်ပြခြင်း။

2)ဒေသဆိုင်ရာရုံးများမှ ဖြည့်စွက်တင်ပြခြင်း။ IndustriALL အနေဖြင့် နိုင်ငံအလိုက် အနေဖြင့် ကန်ပိန်းပြုလုပ်နေသည့် အမှတ်တံဆိပ်များ၊ကို ရှင်းပြသည်။ LafargeHolcim – Flagship Campaign – GLENCORE (မိုင်း) (Stop Violating workers’ rights)
by countries,

3) Projects,
နိုင်ငံအလိုက်တွင် လုပ်နေသည့် စီမံချက်များ၊ နိုင်ငံအလိုက် စီမံချက်များတွင် ကူညီသည့် donor အဖွဲ့အစည်းများကို အစီရင်ခံတင်ပြသည်။
စီမံချက်များ တွင် GFAနှင့် ပတ်သက်၍ စီမံချက်များ တိုး၍ ရှိလာကြောင်း။
စီမံချက်ဆောင်ရွက်ခြင်းဖြင့် အဖွဲ့ဝင်များအား ပို၍ အင်အားကောင်းလာအောင် လုပ်ဆောင်ပေး သည်။ အဖွဲ့ဝင်များ တိုးလာတယ်။ သို့သော် အဖွဲ့ဝင်ကြေး ထည့်ဝင်မှု အခြေအနေကို မပြတ်စောင့်ကြည့်၇န်လို၊ အဖွဲ့ဝင်အားလုံး အဖွဲ့ဝင်ကြေး၊ နှစ်စဉ်ကြေး များကို ထည့်ရန်လို။ တိုးတယ်လို့ တင်ပြသော်လည်း ထည့်ဝင်ကြေးမှာ အပြည့်အ၀ မတွေ့ရ။ ဘာကြောင့် ဖြစ်၇တယ်ဆိုတာကိုလည်း report ပေးရန်လိုကြောင်း မှတ်ချက် ပြုသွားသည်။

IndustriALL အမျိုးသမီးကော်မတီမှ အစီရင်ခံစာ တင်ပြခြင်း။
အမျိုးသမီးကော်မတီမှ ပြုလုပ်သည့် လှုပ်ရှားမှုများ၊ ပညာပေးအစီအစဉ်များ၊ အမျိုးသမီးအခွင့်အေ ရးများအတွက် ပြုလုပ်နေသည့်စီမံချက်များ၊ UNIONS SAY NO TO VIOLENCE ကန်ပိန်း။ အမှုဆောင်ကော်မတီအနေဖြင့် ပံ့ပိုးပေးရန် လိုအပ်ချက်များကို ဆွေးနွေးခဲ့သည်။

၂၀၁၉ တွင် ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီး ညီလာခံ ပြုလုပ်မည်။ ၂၀၁၈ ခုနှစ်တွင် အာရှ ပစိဖိတ်ဒေသဆိုင်ရာ အမျိုးသမီးညီလာခံကို ပြုလုပ်မည်။

(IndsutriALL အမျိုးသမီးကော်မတီမှ တင်ပြသည့် အဆိုပြု တင်ပြချက်အား ဘာသာပြန်၍ ပို့ပေးမည်။
IWFM သမဂ္ဂများ၊ အမျိုးသမီးကော်မတီများသည် သေချာဖတ်ရှု၍ အကောင် အထည်ဖော် ဆောင်ရွက်သွားရန် ဖြစ်ပါသည်။)

CEC အစည်းအဝေးမစတင်မီက ဒေသအလိုက် အစည်းအဝေးများ ပြုလုပ်ခဲ့သည်- ဒေသဆိုင်ရာ အစည်းအဝေးများမှ ရလာဒ်များအား တင်ပြကြပါသည်။

Trade and Industrial Policy
ဥရောပနိုင်ငံများမှ ဆွေးနွေးဆောင်ရွက်နေသည့် ကုန်သွယ်ရေး ပေါ်လစီကိစ္စများ ဆွေးနွေးသည်။ (အများကြီး ဆက်ပြီး လေ့လာရအုံးမယ်)
ကုန်သွယ်ရေး မူဝါဒတွေက အလုပ်သမားသမဂ္ဂနဲ့ အခွင့်အရေးတွေကို ဘယ်လို သက်ရောက်မှု ရှိစေမလဲ။

GFA
မည်သည့် Brand များနှင့် လက်မှတ်ထိုးထားပြီးကြောင်း၊ ထပ်မံပြီး သဘောတူရန် ရှိသည့် Brand များ နှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအား တင်ပြသည်။
GFA ကို အသုံးပြု၍ IndustriALL ၏ မဟာဗျူဟာ ငါးရပ်ကို အကောင်အထည်ဖော်ရန် မည်သို့ အသုံးချမည်။
မည်သည့် လုပ်ငန်းများ ဆောင်ရွက်မည်။ စသည်တို့ကိုဆွေးနွေးခဲ့သည်။
ကိုယ်စားလျယ်များမှ GFA တကယ်အလုပ်ဖြစ်လား မဖြစ်လားဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေး မှတ်ချက် ပြုကြပါသည်။
တော်တော်များများကတော့ အလုပ်မဖြစ်ကြောင်း ပြောကြပါတယ်။
မြန်မာနိုင်ငံ အနေနဲ့တော့ အလုပ်မဖြစ်ဘူးလို့ မဆွေးနွေးသေးပါဘူး။ တစ်ချို့လည်း အဖြေထွက်ခဲ့ပြီး။ တစ်ချို့ကိစ္စလည်း တိုက်တိုက်တွန်းတွန်းလုပ်ဖို့ လိုနေသေးပါတယ်။

ACT နှင့် ပတ်သက်၍လည်း တင်ပြဆွေးနွေးမှုများ လုပ်ခဲ့ပြီး အာရှ၊ ပစိဖိတ်ဒေသတွင် ကမ္ဘောဒီးယား၊ မြန်မာ၊ တူရကီနိုင်ငံတို့တွင် ဆောင်၇ွက်နေမှု အခြေအနေများကို တင်ြ ပသည်။ မြန်မာနိုင်ငံတွင် ACT ကို မိတ်ဆက်ပေးသည့် အခြေအနေတွင်သာ ရှိသေးပြီး အလုပ်ရှင်များမှ ပူးပေါင်းဆောင်ရွက်လိုမှု သိပ်မရှိပါ။
ထို့နောက် အလုပ်သမားသမဂ္ဂအခွင့်အရေး ချိုးဖောက်ခံနေရမှုအခြေအနေများနှင့် ပြန်လည် တုံ့ပြန်ရမှုအခြေအနေများ၊ အစိုးရများနှင့် ဆက်ဆံရေးအခြေအနေများကို ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးကြပါသည်။ ဘရာဇီး၊ ကိုရီးယားနိုင်ငံနှင့် အချို့နိုင်ငံများတွင် အလုပ်သမား ခေါင်းဆောင်များအား ဖမ်းဆီးထောင်ချမှုများ ရှိနေကြောင်း။ အလုပ်သမား သမဂ္ဂ ခေါင်းဆောင်များ၏ အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရသည့် အခြေအနေများကို တင်ပြချက်များရှိသည်။ နိုင်ငံအချင်းချင်း သွေးစည်းညီညွတ်မှုဖြင့် လိုအပ်သည့် အကူအညီ များကို ပေးသွားမည့်အကြောင်းနှင့်ILOညီလာခံတွင် ဆွေးနွေးမှုများ ပြုလုပ်သွားမည့်အကြောင်း ဆွေးနွေးသည်။

ထို့နောက် ၂၀၁၇ ဘဏ္ဍာရေးအခြေအနေ၊ (အဖွဲ့ဝင်ကြေးကောက်ခံမှု အခြေအနေ၊ အသုံးပြု သည့်အခြေအနေ ၊ စီမံချက်များနှင့် စပ်လျဥ်း၍ ဆွေးနွေးသည်။ )
အဖွဲ့ဝင်အင်အားနှင့်စပ်လျဥ်း၍ အဖွဲ့သစ် (၄) ဖွဲ့တိုးကြောင်း အတည်ပြုသည်၊ (၃) ဖွဲ့ကို ထုတ်ပယ်ကြောင်း အတည်ပြုသည်၊ (၂) ဖွဲ့မှ အဖွဲ့ဝင်အင်အားလျော့သွား၍ ဆက်လက် ရပ်တည်နိုင်ခြင်းမရှိသဖြင့် နှုတ်ထွက်စာ တင်သည်ကို အတည်ပြုသည်။

အဖွဲ့ဝင်ကြေး၊ လစဉ်ကြေး ထည့်ဝင်မှု ပုံမှန်မထည့်နိုင်သည့်အတွက် လျော့ပေးခြင်းကို လက်ခံရန်၊ Esifh ကင်းလွတ်ခွင့်တောင်းခံသည့် အဖွဲ့အစည်းများ စာရင်း (၁၅) ဖွဲ့ကို တင်ပြသည်။

အကြောင်းပြချက်များ၊ – ၆ လစာ လုပ်ခမရခြင်း၊ စီးပွားရေး အကြပ်အတည်းဖြစ်ကြခြင်း၊ အဖွဲ့ဝင်အင်အား လျော့နည်းသွားခြင်း။ နိုင်ငံရေး ပဋိပက္ခများကြောင့် အဖွဲ့ချုပ်များ ပုံမှန်မလည်ပတ်နိုင်ဘူး။ နိုင်ငံပိုင်မှ အများပိုင်ပြောင်းလဲမှုကြောင့် အဖွဲ့ဝင်လျော့နည်းသွားခြင်း၊ ဥပဒေပြင်ဆင်မှု အခြေအနေများကြောင့် အဖွဲ့ဝင်အင်အား လျော့နည်းခြင်း။အပြည်ပြည် ဆိုင်ရာ ငွေကြေး အတက်အကျများကြောင့် လျော့သွင်းခွင့်တောင်းခံခြင်း များဖြစ်ကြောင်း တင်ပြ သည်။

ထို့နောက် လစ်လပ်သွားသည့် IndustriALL အလုပ်အမှုဆောင်အဖွဲ့ဝင်များ၏ နေရာအတွက် အမည်စာရင်း တင်သွင်းခြင်းနှင့် အစားထိုး အတည်ပြခြင်းတို့ကို ပြုလုပ်ခဲ့သည်။

ထို့ပြင် IndustrALL ဒေသဆိုင်ရာ တာဝန်ခံများ၊ အတွင်းရေးမှူးများ နှုတ်ထွက်ခြင်းနှင့် အသစ် ခန့်အပ်ခြင်းတို့ကို တင်ပြသည်။

အဖွဲ့၏ ရံပုံငွေရရှိသည့် အခြေအနေကို ဆက်လက် ရှင်းပြသည်။
အဓိက ရရှိသည့် ရံပုံငွေမှာ အဖွဲ့ဝင်ကြေး လစဉ်ကြေး မှ ဖြစ်သည်။
အခြား ၇ံပုံငွေမှာ သမဂ္ဂများမှ IndsutriALL သို့ အထူးထည့်ဝင်သည့် ရံပုံငွေဖြစ်သည်။ (ယခုနှစ်တွင် ထည့်ဝင်မှု ရရှိငွေ နည်းသွားကြောင်း တင်ပြသည်)။
နောက်ဆုံး အစီအစဉ်အနေဖြင့် ၂၀၂၀ တွင် ကျင်းပမည့် IndustriALL ၏ တတိယအကြိမ် ညီလာခံ ကိစ္စနှင့် စပ်လျဥ်း၍ ဆွေးနွေးသည်။
နေရာ – ဂျနီဗာ (သို့မဟုတ်) အာဖရိက
ထို့နောက် ကြေညာချက် နှစ်ခုအား အတည်ပြု၍ အစည်းအဝေးကိုရုတ်သိမ်းသည်။

တင်ပြသူ
ခိုင်ဇာအောင်
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (IndustriALL)
ဥက္ကဌ (IWFM) / ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (CTUM)

Leave a Reply

Your email address will not be published. Required fields are marked *