All for Joomla All for Webmasters
ISSUES
May 18, 2018

သမဂ္ဂအခြေခံသဘောတရားသင်တန်း

ယ​နေ့၁၃.၅.၂၀၁၈ အ​ခြေခံသမဂ္ဂ သ​ဘောတရားသင်​တန်းသို့ တက်​​ရောက်​​သင်​ကြား​ပေး​သောစည်းရုံး​ရေးမှူး ကိုစိုးသက်​ပိုင်​ နှင့်​မအိသဇင်​စိုးကို​ကျေးဇူးတင်​ပါတယ်​။သင်​တန်းသို့တက်​​ရောက်​ ​ပေးကြ​သောသမဂ္ဂဝင်​​မောင်​၊မယ်​များအားလုံးကိုလည်း​ကျေးဇူး အထူးတင်​ပါတယ်​ရှင့်​ ​နောက်​အပါတ်​​တွေမှာပြုလုပ်​မည့်​သင်​တန်း များကိုလည်းတက်​​ရောက်​​ပေးကြဖို့ဖတ်​​ခေါ်ပါတယ်​ရှင့်​ သင်​တန်း​ခေါင်းစဉ်​များကိုလည်း ကြိုတင်​ပြီး​တော့တင်​​ပေးပါမယ်​ရှင့်​။ CTUM Women Center Hotline Phone 09785574127 A/174 ကျန်​စစ်​သားလမ်းမကြီး လှိုင်​သာမြို့နယ်​၊ရန်​ကုန်​မြို့။
May 18, 2018

အနည်းဆုံးအခကြေးငွေဆိုင်ရာ ဆွေးနွေးပွဲ

၂၀၁၈ ခုနှစ်​ ​မေလ ၁၂ ရက်​ မြန်​မာနိုင်​ငံလုံးဆိုင်​ရာ အလုပ်​သမားသမဂ္ဂများအဖွဲ့ချုပ်​(CTUM) ​မှော်​ဘီမြို့နယ်​ရုံးခွဲတွင်​ အနည်းဆုံးအခ​ကြေး​ငွေ ဆိုင်​ရာ အသိပညာ​ပေး​ရှင်း​လင်း​ဆွေး​နွေးပွဲပြုလုပ်​ခဲ့ပါသည်​။ဦး​ဆောင်​​ဆွေး​နွေးရှင်း​ခြင်းကို ဦးရဲဝင်းထွန်း (တိုင်း​ဒေသအနခ​ကော်​မတီ-အလုပ်​သမားကိုယ်​စားလှယ်​ BWFM/CTUM) မှ ​ဆောင်​ရွက်​ခဲ့ပြီး SMC အထည်​ချုပ်​အ​ခြေခံသမဂ္ဂ၊Myanmar D-System အ​ခြေခံသမဂ္ဂ၊NC အ​ခြေခံသမဂ္ဂ များမှ အဖွဲ့ဝင်​အလုပ်​သမား (၆၀) ဦး တက်​​ရောက်​ခဲ့ကြပါသည်​။ […]
May 18, 2018

အငြင်းပွားမှု ဖြေရှုင်းရေးဥပဒေအား ပြန်သုံးသပ်ခြင်းအစည်းအဝေး

အငြင်းပွားမှု ဖြေရှုင်းရေးဥပဒေအား ပြန်သုံးသပ်ခြင်းအစည်းအဝေး ၂၀၁၈ ခုနှစ် မေလ (၇) ရက်နေ့တွင် နေပြည်တော်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ( CTUM) မှ ကိုယ်စားလှယ်များသည် အငြင်းပွားမှုဖြေရှင်း ရေးဥပဒေ အား ပြန်လည်သုံးသပ်၍ အပြီးသတ်ပြင်ဆင်နိုင်ရန် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေပါသည်။ […]
May 18, 2018

ဆုံးဖြတ်ချက်များအား မလိုက်နာသော အလုပ်ရှင်များကို ထိရောက်စွာအရေးယူပေးရန်

ခုံသမာဓိအဖွဲ့၊ ခုံသမာဓိကောင်စီတို့၏ ဆုံးဖြတ်ချက်များအား မလိုက်နာသည့် အလုပ်ရှင်များကို ထိရောက်စွာ အပြစ်ပေး အရေးယူရန် နှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲ (၂၀၁၈ မေ ၇ Orchid Hotel) ထို သတင်းစာရှင်းလင်းပွဲတွင် ဦးဆောင်ဆွေးနွေးမည့်သူများ (၁) ဦးရဲသူရအောင် (ဥက္ကဌ လှိုင်သာယာမြို့နယ် ချည်မျှင်နှင့်အထည်လိပ်အလုပ်သမားသမဂ္ဂ) (၂) ဒေါ်ထားထားရီ […]