All for Joomla All for Webmasters
CBA training for IWFM and MWFM in Sagaing (9-10 Sep 2018)
Ctum Myanmar September 9 · ITUC TURHR dep offier and MWFM met on workers’ rights situation in Mine sector and trade union activities. (7-Sep-2018, Mandalay)
November 23, 2018
Ctum Myanmar shared a post. September 9 · ယနေ့ ၉.၉.၂၀၁၈ တနင်္ဂနွေနေ့ လုပ်ငန်းခွင်ဘေးအန္တရယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး သင်တန်း CTUM Women Center
November 23, 2018

CBA training for IWFM and MWFM in Sagaing (9-10 Sep 2018)

CBA training for IWFM and MWFM in Sagaing (9-10 Sep 2018)
——
English version is below.

မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ၏ ကဏ္ဍအလိုက်အဖွဲ့ချုပ်နှစ်ခု ဖြစ်သည့် မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် (IWFM) နှင့် မြန်မာနိုင်ငံ သတ္တုတွင်း အလုပ်သမားများအဖွဲ့ချုပ် (MWFM) တို့ပူးပေါင်း၍ စုပေါင်းညှိနှိုင်း တောင်းဆိုမှု(CBA) နှင့် စေ့စပ်ညှိနှိုင်းခြင်းဆိုင်ရာကျွမ်းကျင်မှုများ ဆိုင်ရာ ပထမဆုံး ပူးတွဲ သင်တန်းတစ်ခု ကို စစ်ကိုင်းမြို့၊ရွှေကမ္ဘာဟိုတယ်၌ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ တွင် စတင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းမှာ SASK၊ FNV၊ FES နှင့် IndustriAll Global Unions တို့မှ IWFM နှင့် MWFM နှစ်ဖွဲ့အတွက် ပံ့ပိုးကူညီသော သမဂ္ဂတည်ဆောက်ရေး စီမံကိန်း အတွင်းမှ လှုပ်ရှားမှုတခုဖြစ်ပါသည်။ စက်တင်ဘာ ၉၊၁၀ ရက် နေ့များတွင်နှစ်ရက်ကြာကျင်းပပြုလုပ် မည့် ၎င်းသင်တန်းသို့ သင်တန်းနည်းပြများနှင့် ဦးဆောင်သူများ၊ ပံ့ပိုးရေးအဖွဲ့ဝင်များအပါအဝင် စုစု ပေါင်း ၂၉ ဦး(ကျား ၂၂ ဦး၊ မ ၇ ဦး) တက်ရောက်လျက်ရှိပါသည်။
မြန်မာနိုင်ငံ သတ္တုတွင်းအလုပ်သမားများအဖွဲ့ချုပ်( MWFM) ဥက္ကဌ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ကြီး(CTUM)၏ ဗဟိုကော်မတီဝင်ဖြစ်သူ ဦးသောင်းညွန့်က မတူညီ သောကဏ္ဍနှင့်သမဂ္ဂများကို ကိုယ်စားပြု၍၊မြန်မာနိုင်ငံအနှံ့အပြားမှတက်ရောက်လာကြသော အလုပ်သမားသမဂ္ဂခေါင်းဆောင်းများနှင့်အဖွဲ့ဝင်များကို ကြိုဆိုနှုတ်ဆက်စကားပြောကြား၍ သင်တန်းကို ဖွင့်လှစ်ပေးခဲ့ပါသည်။
ဤ သင်တန်းတွင် စုပေါင်းညှိနှိုင်းတောင်းဆိုမှု(CBA) မိတ်ဆက်အခြေခံသဘောတရား၊ CBA ညှိနှိုင်း တောင်းဆိုမှုတစ်ခုပြုလုပ်ရန်ကြိုတင်ပြင်ဆင်ခြင်း(ဝါ) အဖွဲ့ဝင်များ၏အဆိုပြုလွှာများ ကောက်ခံခြင်း၊ ညှိနှိုင်းတောင်းဆိုမှုတခုပြုလုပ်ရန် လုပ်ငန်းကော်မတီတစ်ခုဖွဲ့စည်းခြင်း ဆိုင်ရာ ဆွေးနွေးပို့ချချက်များအပြင် တက်ရောက်လာသော သင်တန်းသူ၊သင်တန်းသားများ၏ စေ့စပ်ညှိနှိုင်းခြင်းဆိုင်ရာကျွမ်းကျင်မှုများ ကို တိုးမြင့်နိုင်ရန်အတွက် CBA တစ်ခုဆောင်ရွက်ရာတွင် ပါဝင်သောလုပ်ငန်းစဉ်များဖြစ်သည့် စေ့စပ်ညှိနှိုင်းမှုအတွက်အဖွဲ့ဖွဲ့စည်းခြင်း၊ အလုပ်ရှင်များနှင့် ဆွေးနွေးခြင်း နှင့် နောက်ဆုံး သဘောတူညီချက်များလက်မှတ်ရေးထိုးခြင်းဆိုင်ရာများကို လမ်းညွှန်အကြံပြုဆွေးနွေးပို့ချက်များ ပြုလုပ်သွားမည်ဖြစ်ပါသည်။

CBA and Negotiation Skills Training

The IWFM and MWFM, the two sectoral federations of CTUM, have started conducting their first-ever joint training course on CBA and Negotiation Skills for their members at Shwe Kabar hotel, Sagaing on 9th September 2018. The event is one of the project activities under the IndustriAll Myanmar Union Building Project supported and funded by SASK, FNV, FES and IndustriAll Global Unions. The total of twenty-nine participants (22 men and 7 women) including four leading speakers and trainers are attending and discussing in this two-day course of 9-10 September 2018.
U Thaung Nyunt, the chairman of MWFM, made a welcoming speech to the attendees who are representing different sectors and unions, and come from the different parts of Myanmar.
This training intends to provide the participants with the valuable information of what CBA is, the preparation or collecting members’ proposals to implement a CBA, and the formation of a working committee to make a CBA proposal.
It also aims to promote the negotiation skills in conducting the CBAs in which the processes of composing a negotiation team, having discussions with employers, and finally signing the agreements.

Leave a Reply

Your email address will not be published. Required fields are marked *