All for Joomla All for Webmasters
CTUM ၏ ဗဟိုကော်မတီအဖွဲ့ဝင်များ၊ ခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်၍ လိုက်လံဖမ်းဆီးနေခြင်းနှင့်အပြည်ပြည်ဆိုင်ရာနိုင်ငံများသို့ ခရီးသွားလာခြင်းကို တားဆီးရန်အတွက် နိုင်ငံကူးလက်မှတ် (Passport) များကို ပျက်ပြယ်ကြောင်း ကြေညာခြင်းတို့ လုပ်‌ဆောင်နေသည့် အကြမ်းဖက် စစ်အာဏာရှင်အုပ်စုအား ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ကြေညာချက်
The Confederation of Trade unions Myanmar CTUM calls for comprehensive sanctions
March 6, 2021
CTUM condemns the military regime for issuing warrants for CTUM Central Committee members within country and then declaring the passports of the whole CTUM Central Committee as void to block international travel.
June 4, 2021

CTUM ၏ ဗဟိုကော်မတီအဖွဲ့ဝင်များ၊ ခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်၍ လိုက်လံဖမ်းဆီးနေခြင်းနှင့်အပြည်ပြည်ဆိုင်ရာနိုင်ငံများသို့ ခရီးသွားလာခြင်းကို တားဆီးရန်အတွက် နိုင်ငံကူးလက်မှတ် (Passport) များကို ပျက်ပြယ်ကြောင်း ကြေညာခြင်းတို့ လုပ်‌ဆောင်နေသည့် အကြမ်းဖက် စစ်အာဏာရှင်အုပ်စုအား ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ကြေညာချက်

CTUM Myanmar

Confederation of Trade Unions, Myanmar.

၂၀၂၁ ခုနှစ်၊ ဇွန်လ (၄) ရက်

CTUM ၏ ဗဟိုကော်မတီ အဖွဲ့ဝင်များ၊ ခေါင်းဆောင်များအား ဖမ်းဝရမ်းထုတ်၍ လိုက်လံဖမ်းဆီးနေခြင်း နှင့် ဗဟိုကော်မတီများ၏ နိုင်ငံကူး လက်မှတ်များကို ပျက်ပြယ်ကြောင်း ကြေညာသည့်  အကြမ်းဖက် စစ်အာဏာရှင်အုပ်စု၏ လုပ်ရပ်များကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM မှ ပြင်းထန်စွာကန့်ကွက် ရှုံ့ချပါသည်။

အကြမ်းဖက်စစ်အာဏာရှင်အုပ်စုသည် CTUM၏ ဗဟိုကော်မတီအဖွဲ့ဝင်များအား ပုဒ်မ (၁၂၄-က) ဖြင့် ဖမ်းဝရမ်း ထုတ်၍ လိုက်လံဖမ်းဆီးလျက်ရှိသည့်အပြင် ဗဟိုကော်မတီဝင် (၂၇) ဦး၏ နိုင်ငံကူးလက်မှတ် များကို ပျက်ပြယ်ကြောင်း ထုတ်ပြန်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာရှိ မြန်မာသံရုံးများက သက်ဆိုင်ရာ နိုင်ငံများရှိ နိုင်ငံခြားရေးဌာနများသို့ အကြောင်းကြားစာများ ပေးပို့နေခြင်းဖြစ်ပါသည်။

ထိုသို့ အပြည်ပြည်ဆိုင်ရာ ခရီးသွားလာမှုကို ပိတ်ပင်သည့် အကြမ်းဖက်စစ်အာဏာရှင်အုပ်စု၏ ဆောင်ရွက်မှုသည် နိုင်ငံသား တစ်ဦး၏ အခွင့်အရေး၊ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်း ဖြစ်ပါသည်။

ရာဇသတ်ကြီးပုဒ်မ (၁၂၄-က) သည် “မည်သူမဆို၊ နှုတ်ဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဍာန်ဖြင့်ဖြစ်စေ၊ အခြားသောနည်းဖြင့်ဖြစ်စေ၊ ပြည်ထောင်စုအတွက် သို့တည်း မဟုတ်၊ ပြည်ထောင်စု အဖွဲ့ဝင်များအတွက် ဥပဒေအရ တည်ထောင်ထားသော အစိုးရကို မုန်းထား အောင်သော်၄င်း၊ သို့တည်းမဟုတ် မေတ္တာပျက်အောင် လှုံ့ဆော်လျှင် ထိုသူကို ငွေဒဏ်နှင့်တကွ တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊  ငွေဒဏ်နှင့်ထောင်ဒဏ်ဖြစ်စေ၊ ချမှတ်ရမည်” ဟု ပါရှိပါသည်။

အကြမ်းဖက်စစ်အာဏာရှင်သည် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို မတရားသဖြင့် ညှင်းပန်း၊ နှိပ်စက်၊ သတ်ဖြတ်ခြင်းအပါအဝင် မတရားသည့် နည်းလမ်းမျိုးစုံဖြင့် အဓမ္မ သိမ်းဆည်းထားသည်။ ၄င်းတို့ ကိုယ်ကိုယ် ဥပဒေအရ တည်ထောင်ထားသော အုပ်ချုပ်သူ အစိုးရအဖြစ် သတ်မှတ်ထား သော်လည်း မြန်မာပြည်သူလူထုနှင့် အပြည်ပြည်ဆိုင်ရာ အစိုးရများမှ ၄င်းအား အစိုးရတစ်ရပ်အဖြစ်

လက်မခံပါ။ မြန်မာနိုင်ငံ စစ်အာဏာရှင်အုပ်စုသည် လူသတ်၊ ဓားပြ၊ အကြမ်းဖက်သမားများသာ ဖြစ်သည်။ ၄င်းတို့အား လက်မခံကြောင်းကို ပြသသည့်အနေဖြင့် ပြည်တွင်းတွင် CTUM အပြင် သန်းပေါင်းများစွာသော မြန်မာပြည်သူများမှ နည်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန်နေကြပြီး ပြည်ပတွင် လည်း CTUM မှ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများနှင့် ချိတ်ဆက်ဆောင်ရွက်၍ စစ်အာဏာ သိမ်းအစိုးရအား အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ချုပ် ILO နှင့် ကမ္ဘာ့ကုလသမဂ္ဂတို့တွင် မြန်မာပြည်ကို ကိုယ်စားပြုခွင့် မရစေရေးအတွက် စဉ်ဆက်မပြတ်ကြိုးစားဆောင်ရွက် လျှက်ရှိပါသည်။

အကြမ်းဖက်စစ်အာဏာရှင်အုပ်စု၏ ဖော်ပြပါလုပ်ရပ်များသည် အပြည်ပြည်ဆိုင်ရာဖိအားများနှင့် အထူးသဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ၏ ဖိအားများကို ဖြေရှင်းနိုင်ရန်အတွက် CTUM ဦးဆောင်သူများနှင့် အဖွဲ့ဝင်များအား တန်ပြန် ဖိအားပေး နှိပ်ကွပ်သည့်နည်းကို အသုံးပြု၍ ဖြေရှင်းရန် ကြိုးစားသည့် လုပ်ရပ်ဖြစ်သည်။

CTUM သည် လွတ်လပ်စွာ ဖွဲ့စည်းထားသော အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်တခုဖြစ်ပါသည်။ ထို့ပြင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၏ ရလာဒ်ကို အသိအမှတ်ပြုကြောင်း၊ အစိုးရအသစ်ကို ကြိုဆိုထောက်ခံကြောင်းနှင့် အာဏာသိမ်း နောက်ကြောင်းပြန်သည့် မည်သည့်အခြေအနေမျိုးကိုမဆို ဆန့်ကျင်ကြောင်း၊ လက်မခံ ကြောင်း ထုတ်ပြန် ကြေညာချက်ကို ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်ပါသည်။

CTUM သည် ၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (Federation of Trade Unions Burma – FTUB) အဖြစ် စတင် တည်ထောင်ခဲ့ချိန်မှ စ၍ လူမှုတရားမျှတမှု ရှိရေး၊ ဒီမိုကရေစီရေး၊ အလုပ်သမားအခွင့်အရေးနှင့် အလုပ်သမားသမဂ္ဂ အခွင့်အရေးများ ရရှိရေးအတွက် တစ်စိုက်မတ်မတ် လှုပ်ရှားဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။

လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခြင်း (Freedom of Association – FoA) နှင့် စုပေါင်းညှိနှိုင်း တောင်းဆိုခြင်း (the Right to Collective Bargaining ) ဆိုင်ရာ အခွင့်အရေးများသည် ဒီမိုကရေစီ၏ အခြေခံ အုတ်မြစ်ဖြစ်သည်။ လူမှုတရားမျှတမှု ရရှိရန်အတွက် အဓိကကျသည့် လိုအပ်ချက်ဖြစ်သည်။

အာဏာရှင်သည် ထိုအုပ်မြစ်များကို ရိုက်ချိုးဖျက်စီး၍ ၄င်းတို့ အာဏာ တည်မြဲရေး၊ တစ်စုတစ်ဖွဲ့၊ တစ်မိသားစု ကောင်းစားရေးအတွက် ဆောင်ရွက်နေသည်မှာ အထင်အရှားဖြစ်သည်။ CTUM သည် စစ်အာဏာ စနစ်ကို အမြစ်ဖြတ် ဖယ်ရှားရေး၊ မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည် ရရှိရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်လာရေးတို့အတွက် ဖိအားများကို ကြံ့ကြံ့ခံကာ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်သည်။ ထိုသို့ တိုက်ပွဲဝင်ရာတွင် ပြည်တွင်းရှိ အလုပ်သမားပြည်သူများ၊ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းများနှင့် အတူတကွ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကတိကဝတ်ပြုပါသည်။

လေးစားစွာဖြင့်

‌မောင်မောင် ဥက္ကဋ္ဌ

Leave a Reply

Your email address will not be published. Required fields are marked *