All for Joomla All for Webmasters
CTUM Office Building Opening Ceremony
Press on Industrial Dispute at Hundred Tex Garment Factory
March 3, 2017
TOT for Agricultural Skills Training
March 11, 2017

CTUM Office Building Opening Ceremony

အရှေ့ဒဂုံမြို့နယ်ရှိ CTUM ရုံးသစ်အဆောက်အအုံဖွင့်ပွဲကို အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် အတွင်းရေးမှူးတတ်ရောက်

အရှေ့ဒဂုံမြို့နယ်တွင် CTUM ရုံးသစ်အဆောက်အုံဖွင့်ပွဲအခမ်းအနားကို မတ်လ(၅)ရက်နေ့တွင် CTUM အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် ဧည်သည်တော်များ တက်ရောက် ဂုဏ်ပြုကာ ဖဲကြိုးဖြတ်အခမ်းအနားကို ပြုလုပ်ပြီး ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ဖွင့်ပွဲတွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ITUC-AP အတွင်းရေးမှူး Mr. Noriyuki Suzukiက “ဒီလို ကိုယ်ပိုင်အဆောက်အအုံနဲ့ ရုံးခန်းဖွင့်လှစ်တာဟာ ရုံးခန်းဆိုပေမဲ့အလုပ်သမားသမဂ္ဂတွေရဲ့ အိမ်ဖြစ်တယ်။ စည်းလုံးမှုက အင်အားဖြစ်လာမယ်၊ ဒီလိုမျိုး အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တွေလဲ လုပ်ငန်းစဉ်တွေကို တဖြည်းဖြည်းနဲ့ အခြေကျလာအောင် ကြိုးစားဖို့လိုအပ်တယ်” လို့ ပြောကြားခဲ့သည်။ CTUM ရုံးသစ်အဆောက်အုံကို ညီလာခံ၏ဆုံးဖြတ်ချက်အရ အဖွဲ့ဝင်များ၏ အသိအမြင်ဖွင့်သင်တန်းများ၊ အလုပ်သမားသမဂ္ဂဆိုင်ရာ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ၊ မူဝါဒများချမှတ်ရာတွင် အလုပ်သမားများ၏အသံပါဝင်ဆွေးနွေးနိုင်ရန်အတွက် ဆွေးနွေးပွဲများ၊ အစည်းအဝေးများ ပြုလုပ်နိုင်ရန်နှင့် ရုံးပိုင်းဆိုင်ရာလုပ်ငန်းစဉ်များကို စနစ်တကျဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ CTUMရုံးခန်းသစ်ကို ဖွင့်လှစ်ခြင်းဖြစ်သည်။

ထိုCTUM ရုံးခန်းသစ် ဆောက်လုပ်ရာတွင် CTUM အဖွဲ့ဝင်များ အလှူ ငွေ၊ လူအင်အားဖြင့် ကူညီပံ့ပိုးခြင်း၊ ရံပုံငွေ ရှာဖွေခြင်းလုပ်ငန်းစဉ်များနှင့် အဖွဲ့ဝင်များ၏ တက်ကြွစွာ ပူးပေါင်းပါဝင်ကြောင်း သိရှိရသည်။ ယခင်ITUC-AP မြန်မာရုံး တာဝန်ခံဟောင်း Mr. Shigeru Nakajima က ” အခုလို ဖွင့်ပွဲမှာ တတ်ရောက်ဖို့အတွက် ဖိတ်ကြားခြင်းခံရတဲ့အတွက် ၀မ်းသာဂုဏ်ယူမိတယ်” ဟု ပြောကြားသည်။
တက်ရောက်လာသည့်အလုပ်သမားတဦးက ” ရုံးဖွင့်ပွဲမှာ အပြည်ပြည်ဆိုင်ရာက ခေါင်းဆောင်တွေ၊ ကဏ္ဍာအလိုက်အဖွဲ့ချုပ်က တာဝန်ခံတွေ၊ ပြည်နယ်နဲ့တိုင်းဒေသအသီးသီးမှ အဖွဲ့ဝင်တွေ တွေ့ဆုံရတယ်၊ ကျွန်တော်တို့က CTUM အဖွဲ့ဝင်သစ်တွေဖြစ်တဲ့အတွက် ဒီလိုစနစ်တကျစည်းစည်းလုံးလုံးနဲ့ တွေ့ရတယ်အတွက် အားတတ်မိတယ်၊ ရုံးသစ်မှာ သင်တန်းတွေ၊ ဆွေးနွေးပွဲတွေ လာပြီး တက်ရောက်မှာပါ ” လို့ ဖြေကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *