All for Joomla All for Webmasters
CTUM President, U Maung Maung speak at ILO’s Conference at assembly room
Occupational Healthy and safety awareness training
June 17, 2017
Planning and Evaluation Meeting by Communication Committee
June 17, 2017

CTUM President, U Maung Maung speak at ILO’s Conference at assembly room

Today evening about 5:10 PM, Geneva time, CTUM President, U Maung Maung speak at ILO’s Conference at assembly room.
ယနေ့ ညနေ ၅ နာရီ။ (Geneva အချိန်) တွင် CTUM ဥက္ကဌ ဦးမောင်မောင်သည် ညီလာခံ မျက်နှာစုံညီ အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံအခြေအနေအား တင်ပြခဲ့ပါသည်။ ILO မှ မြန်မာနိုင်ငံ အား ကူညီပေးစေလိုသည့် အချက်များကိုလည်း တင်ပြခဲ့ပါသည်။အင်္ဂလိပ်ဘာသာဖြင့် တင်ပြခြင်း ဖြစ်ပါ သည်။ တင်ပြချက်များကို မြန်မာ ဘာသာသို့ ပြန်ဆို၍ ဖြန့်ဝေပေးနိုင်ရန် ကြိုးစားပါမည်။ တင်ပြချက်များတွင် အလုပ်ရှင်အချို့၏ ဥပဒေ ချိုးဖောက်မှုများ။ မလေးစားမှုများ။ အစိုးရအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ချက်များ အပြင် နိုင်ငံတွင် အလုပ်သမားသမဂ္ဂတွင် ပါဝင်သူ များအား ပစ်မှတ်ထား အလုပ်မှ ထုတ်ပယ်မှုများကိုလည်း ထည့်သွင်းတင်ပြထားပါ သည်။အလုပ်သမားများမှ မဲပေးရွေးချယ်ထားသော ခုံသမာဓိကောင်စီကိုယ်စားလှယ်တွေကိုလည်း ၁၁ လကြာသည်အထိ အသိအမှတ်မပြုတာကိုလည်း ထည့်သွင်းပြောကြားထားပါတယ်။ ဒါဟာ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲတွေ ယုံကြည်မှု တည်ဆောက်တဲ့နေရာမှာ အတားအဆီးဖြစ်စေတယ်လို့လည်း တင်ပြထားပါတယ်။ ထို့ပြင်အလုပ်သမားသမဂ္ဂများ အတွက် ပညာပေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ILO ၏ အလုပ်သမားဗျူရို ကိုယ်စားလှယ်ကို ထားပေးရန်။ အလုပ်သမားများအတွက် အကျိုးဖြစ်ထွန်းစေမည့် သမဝါယမ လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ILO အနေဖြင့် ကူညီရန်အချက်များလည်း ပါဝင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *