All for Joomla All for Webmasters
CTUM Women Center Opening Ceremony
CTUM အမျိုးသမီးစင်တာကို သွားကြစို့
May 3, 2018
Japan Embassy နှင့် CTUM တို့ တွေ့ဆုံဆွေးနွေးခြင်း
May 3, 2018

CTUM Women Center Opening Ceremony

CTUM Women Center Opening Ceremony on 8th April, 2018.

CTUM သတင်းထုတ်ပြန်ကြေညာချက်
ရန်ကုန်၊ ၂၀၁၈ ခုနှစ် ဧပြီလ (၈) ရက်။

၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) အဖြစ် မြန်မာနိုင်ငံတွင် နိင်ငံလုံးဆိုင်ရာအဆင့် အဖွဲ့ချုပ်အဖြစ် ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် အသိအမှတ်ပြုလက်မှတ် မှတ်ပုံတင်ရရှိသော တခုတည်းသောအဖွဲ့ချုပ်ဖြစ်သည်။ မတူညီသောလုပ်ငန်းကဏ္ဍ (၉)ခုဖြင့် ဖွဲ့စည်းထားရှိပြီး အလုပ်သမားအဖွဲ့အစည်း ဥပဒေအရ ဖွဲ့စည်းထားသည့် အသိအမှတ်ပြုလက်မှတ်ရ အလုပ်သမား သမဂ္ဂအဖွဲ့ အစည်းပေါင်း (၇၄၅) ဖွဲ့ ၊ တစ်ဦးချင်း အဖွဲ့ဝင်ပေါင်း ၆၅၀၀၀ ကျော်ကို ကိုယ်စားပြုသည်။
CTUM ကို မြန်မာနိုင်ငံလုံး အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (Federation of Trade Unions-Burma – FTUB) အဖြစ် ၁၉၉၁ ခုနှစ် မှ စတင်ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းစဉ်ကာလမှ စ၍ အလုပ်သမားအခွင့်အရေး၊ အလုပ်သမား သမဂ္ဂ အခွင့်အရေး၊ လူ့အခွင့်အရေးနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေးပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ သည်။ ၁၉၉၁ ခုနှစ်မှ ၂၀၁၂ ခုနှစ် အထိ မြန်မာပြည် ပြည်ပတွင် လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ပြီး ၂၀၁၂ နိုဝင်ဘာလတွင် မြန်မာနိုင်ငံသို့ ပြန်လည် ၀င်ရောက်ခွင့်ရရှိခဲ့ပြီး အဖွဲ့ချုပ်၏ လုပ်ငန်းများအား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လာခဲ့သည်။
၂။ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် CTUM သည် အလုပ်သမားများ အကျိုးနှင့် နိုင်ငံအကျိုးငှာ ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အလုပ်သမားသမဂ္ဂ စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းများကို နိုင်ငံတကာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များ၊ အလုပ်သမားသမဂ္ဂများနှင့် သွေးစည်းညီညွှတ်ရေး တည်ဆောက်သည့် အထောက်အပံ့ပေးသည့် အဖွဲ့အစည်းများး၊ နိုင်ငံတကာအစိုးရများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်သည် အလုပ်သမားများအား ဥပဒေနှင့်အညီ အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရေး ကူညီပေးခြင်း၊ စွမ်းဆောင်ရည် မြင့်မားစေရန် ပညာပေးခြင်း၊ ကျားမ တန်းတူ ညီမျှရေး၊ အဓမ္မလုပ်အားပေးစေခိုင်းမှု ပပျောက်ရေး၊ ရွှေ့ပြောင်းလုပ်သားအရေး၊ ကလေးလုပ်သား ပပျောက်ရေး၊ ဥပဒေ ပြင်ဆင်ရေး၊ အလုပ်သမားရေးရာ မူဝါဒများ ချမှတ်ရာတွင် ပါဝင်ဆွေးနွေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ပါသည်။

၃။ CTUM သည် ဂျာမန်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်ဖွံ့ ဖြိုးရေး ၀န်ကြီးဌာနတခုကိုယ်စားအလုပ်လုပ်သည့် GIZ အဖွဲ့အစည်း၏ အာရှဒေသတွင်း ချည်မျှင်နှင့် အထည်ချုပ်လုပ်ငန်းများ တွင် လူမှုရေးနှင့် အလုပ်သမားစံနှုနှုးများဆိုင်ရာ စီမံချက်၏ ပံ့ပိုးမှုဖြင့် အမျိုးသမီးများအတွက် လိုအပ်သည့် ဖွံ့ဖြိုးရေး စင်တာ တစ်ခုကို ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။

၎။ ဤ CTUM အမျိုးသမီး ဖွံ့ဖြိုးရေးစင်တာသည် အမျိုးသမီးအလုပ်သမားများ၏ လိုအပ်ချက်များ၊ အခက်အခဲများကို လေ့လာ၍ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် အကောင်အထည်ဖော် ဖွင့်လှစ်ခြင်းဖြစ်သည်။ အလုပ်သမားအမျိုးသမီးများသည် အလုပ်သမားအခွင့်အရေးများ မရရှိခြင်း၊ ကျန်းမာရေး အသိအမြင် အားနည်းမှုကြောင့် အမျိုးသမီးရောဂါများ ဖြစ်ပွားပြီး အချိန်မှီ ကုသနိုင်မှု မရှိဘဲ အသက်ဆုံးရှုံးမှုများ ရှိနေခြင်း၊ အမျိုးသမီး အလုပ်သမားများ လုပ်ငန်းခွင်ထဲမှ ထွက်ခွာသွားရခြင်းနှင့် လုပ်ငန်းခွင်တွင် ပျော်ရွှင်စွာဖြင့် ကုန်ုထုတ်စွမ်းအားတိုးတက်အောင် မစွမ်း ဆောင်နိုင်ခြင်း များတွေ့ရှိရပြီး ထိုကဲ့သို့ ဖြစ်ရခြင်းမှာ အမျိုးသမီးများသည် လုပ်ငန်းခွင်နှင့် အိမ်တွင်းတွင် နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံနေရခြင်းတို့ကြောင့် ဖြစ်ကြောင်း တွေ့ရှိရသည်။

၅။ ဤ Center သည် CTUM အဖွဲ့ဝင် အမျိုးသမီးများ အတွက် သီးသန့် မဟုတ်ဘဲ အလုပ်သမားအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ အမျိုးသမီး ကျန်းမာရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရလျှင် မည်သို့ ကာကွယ်နိုင်မည်၊ စသည့် အသိပညာ ဗဟုသုတများ၊ လေ့လာလိုသည့် CTUM အဖွဲ့ဝင် မဟုတ်တဲ့ အမျိုးသမီး အလုပ်သမားများ အတွက် လည်း ရည်ရွယ်ပါသည်။ ဤ Center သည် အမျိုးသမီး အလုပ်သမားများအနေဖြင့် အလုပ်သမား အခွင့်အရေးများ မရရှိ သည့်ကိစ္စ၊ အကြမ်းဖက်ခံရတဲ့ကိစ္စများအား အကူအညီတောင်းခံလာပါက ဥပဒေများနှင့်အညီ အကူအညီ ပေးသွားမည် ဖြစ်သည်။
၆။ ထို့ပြင် အလုပ်သမားများနှင့် အလုပ်ရှင်များ လိုက်နာရမည့် အလုပ်သမားဥပဒေများကို ပညာပေးသင်ကြားပေးခြင်း နှင့် စက်ရုံ အလုပ်ရုံအတွင်းခိုင်မာဖွံ့ဖြိုး တိုးတက်သည့်ဆက်ဆံရေး ဖြစ်ပေါ်လာရေးကိုလည်း ဤ Center မှပေးသည့် ၀န်ဆောင်မှု၏ ရလာဒ်တစ်ခုအဖြစ် တွေ့မြင်ရရန် မျှော်လင့်ပါသည်။ အထည်ချုပ်နှင့်အခြား စက်ရုံများမှ အမျိုးသမီး အလုပ်သမားများသည် ၄င်းတို့၏ အခွင့်အရေးများနှင့် အလုပ်သမားဥပဒေများကို သိနားလည်လာ၍ အမျိုးသမီး အလုပ်သမားများအနေဖြင့် မိမိတို့၏ စွမ်းဆောင်ရည်ကို မြှင့်တင်လာနိုင်ရန် ရည်မှန်းသည်။
၇။ ဤ Center ၏ ၀န်ဆောင်မှုများကို အလွယ်တကူ သိရှိ၊ ရရှိနိုင်စေရန် Center ၌ သင်တန်းများ၊ ဆွေးနွေးပွဲများ ပြုလုပ်ပို့ချသွားမည့်အပြင် Hotline ဖုန်းများကို ထားရှိ၍ အမျိုးသမီး အလုပ်သမားများ၏ အခက်အခဲများကို ဆွေးနွေး ပေးသွားမည် ဖြစ်သည်။ အမျိုးသမီး အလုပ်သမားများ ဖတ်ရှုသင့်သည့် စာအုပ်များကိုလည်း အလွယ်တကူ ဖတ်ရှုနိုင်ရန် စာကြည့်တိုက်ထားရှိမည် ဖြစ်သည်။
၈။ CTUM အမျိုးသမီး ဖွံ့ဖြိုးရေး စင်တာ ကို အမှတ် 174-A ၊ ကျန်စစ်သားလမ်း၊ လှိုင်သာယာမြို့နယ်၊ (ထွန်းဖောင်ဒေးရှင်းဆေးရုံအနီး) တွင် ပိတ်ရက်မရှိ ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

ဆက်သွယ်ရန် –
၁) ဒေါ်ခိုင်ဇာအောင် – ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (CTUM)
ဖုန်း – (+၉၅) ၉၄ ၂၀၂၅ ၂၀၂၅ ၊ Email : ctumtreasurer@gmail.com
၂) ဒေါ်စုတာရာလင်း – , sequa gGmbH Project Manager working for SLSG
ဖုန်း – (+၉၅) ၉၅၁၅၈၂၈၆ ၊ Email : sutayarlin@googlemail.com
၃) ဒေါ်နေမြမြဆွေ – ဆက်သွယ်ညှိနှိုင်းရေးမှူး (CTUM/ GIZ စီမံချက်)
ဖုန်း – (+၉၅) ၉၉၅၅၁၉၈၂၀၄ ၊ Email : naymyamyaswe@gmail.com
၎) CTUM women center hotline number: 09785574127
၅) CTUM women center FB page: @WomenCenterCTUM

CTUM ​ held an opening ceremony today for the new ​Women Center ​located at​ A/174, Kyan Sit Thar Road, Hlaing Thar Yar Township. The Center aim​s​ to develop women’s knowledge and capacity on labour laws, laws protection women, gender base violence, women health and to improve computer and English skill of women workers. The services from CTUM women center are not only for CTUM women members but also for women workers who are interested in mentioned issues.
The center will provide ​ a doctor to provide ​medical check up​s​ monthly base for women especially on cervical and breast cancers which threatening women.
The Center will help with consultation with women workers when they need to solve the difficulties regarding workers’ rights are violated, violence against women not only at the workplace but also at home. The center will give legal aid to women as needed.

The Women workers are invited to the Center to improve their knowledge and capacities.

The CTUM hopes this program will help women develop but also for having better working condition in workplaces, having good relationship between workers and employers which can improve productivity that makes country’s economic development.

Leave a Reply

Your email address will not be published. Required fields are marked *