All for Joomla All for Webmasters
Democratic Trade Union Management and Effective Communication Training
(၁၀၈)ကြိမ်မြောက်ILC သို့ တတ်ရောက်ခဲ့သည့် မြန်မာအလုပ်သမားကိုယ်စားလှယ်များ၏ အစီရင်ခံတင်ပြခြင်း
September 3, 2019
Protected: Test E-Books
September 21, 2019

Democratic Trade Union Management and Effective Communication Training

Democratic Trade Union Management and Effective Communication Training for IWFM members (25-26 June 2019)

ဒီမိုကရေစီနည်းကျ အလုပ်သမားသမဂ္ဂ စီမံခန့်ခွဲမှုနှင့် ထိရောက်သော ဆက်သွယ်ရေးဆိုင်ရာ သင်တန်း (၂၅-၂၆ ဇွန် ၂၀၁၉)

ဒီမိုကရေစီနည်းကျ အလုပ်သမားသမဂ္ဂ စီမံခန့်ခွဲမှုနှင့် ထိရောက်သော ဆက်သွယ်ရေးဆိုင်ရာ သင်တန်း ကို မြန်မာနိုင်ငံ လုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ၏ အဖွဲ့ဝင် တစ်ခုဖြစ်သည့် မြန်မာနိုင်ငံ ကုန်ထုင်္တနှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် IWFM ၏ အဖွဲ့ဝင်များအတွက် (၂) ရက်တာ ပြုလုပ်ခဲ့ပါသည်။ သင်တန်းတွင် ခေါင်းဆောင်မှု စနစ်ပုံစံများ၊ သမဂ္ဂများကြုံတွေ့ရသည့် အခက်အခဲများ။ ပြင်ပစိန်ခေါ်မှုများ၊ အတွင်းစိန်ခေါ်မှုများ ကို ဖော်ထုတ်ခြင်း၊ အပြင်စိန်ခေါ်မှုများကို ဖြေရှင်း၇န် နည်းလမ်းများ ဆွေးနွေးခြင်း၊ အတွင်း ပြသနာများကို ဖြေရှင်းရန်အတွက် အလုပ်သမားသမဂ္ဂစံနှုန်းများ၊ လုပ်ထုံးလုပ်နည်းများကို ဆွေးနွေးခြင်း၊ သမဂ္ဂ ဖွဲ့စည်းပုံ စည်းမျဉ်းပါ အချက်များအား ဆွေးနွေးခြင်း၊ သမဂ္ဂတွင်း ထိရောက်သော ဆက်သွယ်ရေး စနစ်ထားရှိနိုင်ရန်နှင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ အား ဆွေးနွေးခြင်း၊ တို့ကို ပြုလုပ်ခဲ့ကြပါသည်။

သင်တန်းသို့ စက်မှုကုန်ထုတ်လုပ်ငန်းကဏ္ဍမှ အလုပ်သမားအဖွဲ့အစည်း ၁၂ ဖွဲ့မှ ကိုယ်စားလှယ် (၂၄) ဦး တက်ရောက်ပြီး အစည်းအဝေးအား အရှေ့ဒဂုံမြို့နယ်ရှိ CTUM ရုံး သွေးစည်းညီညွတ်ရေး ခန်းမတွင် ပြုလုပ်ခဲ့ကြပါသည်။ သင်တန်း ဦးဆောင်သူများမှာ IWFM ဥက္ကဌ ဒေါ်ခိုင်ဇာအောင်နှင့် ဗဟိုကော်မတီ အဖွဲ့ဝင် ဦးရဲသူ၇တို့ ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *