” Developing better Conditions for the Skills and Services workers” ( 2016 Sep 21 at CTUM Office)
ဆွီဇာလန်နိုင်ငံအခြေစိုက်ဖြစ်သော UNI Global Union သည် နိုင်ငံတကာရှိ အလုပ်သမားသန်း ၂၀ကျော်ပါဝင်သော သမဂ္ဂပေါင်း ၉၀၀ ကို ကိုယ်စားပြုသော အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် တခုပင် ဖြစ်ပါတယ်..
UNI Global Union, based in Switzerland, represents more than 20 million workers from over 900 trade unions.
UNI တွင် ပူးပေါင်းပါဝင်သော အဖွဲ့ဝင်ကဏ္ဍများမှာ သန့်ရှင်းရေးနှင့်လုံခြုံရေး၊ ကုန်စည်ကူးသန်းရောင်းဝယ်ရေး၊ ဘဏ္ဍာရေး၊ အားကစား၊ ဒီဆိုင်းလုပ်ငန်း ၊ အလှအပနှင့် ဆံပင်လုပ်ငန်း၊ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်လုပ်ငန်း၊ နည်းပညာနှင့် ရေဒီယို၊ တယ်လီဖုန်း၊ ကြေးနန်း၊ တယ်လီဗီရှင်းဆိုင်ရာ လုပ်ငန်း၊ မီဒီယာလုပ်ငန်း၊ ဖျော်ဖြေရေး၊အနုပညာရှင်များနှင့်အဆိုတော်များ၊ အာမခံလုပ်ငန်းများ၊ အေဂျင်စီလုပ်ငန်း၊ ခရီးသွားလာရေးလုပ်ငန်းနှင့် စီမံခန့်ခွဲအုပ်ချုပ်သူ Managers များ၊ အမျိုးသမီးများနှင့် လူငယ်များစသည့် ကဏ္ဍများက အလုပ်သမားများ ပါဝင်ပါတယ်..
Through its Sector Global Unions, UNI represents workers in Cleaning and Security, Commerce, Finance,Gaming Graphics and packaging, Hair and Beauty, Information, Communication, Technology and Service Industry(ICTS), Media, Entertainment and Arts, Post and Logistics, Social Insurance, Sport, Temp Managers, Women and Youth.
ယနေ့ ၂၁ စက်တင်ဘာလ ၂၀၁၆ခုနှစ်တွင် UNIမှ တာဝန်ရှိသူ ကိုယ်စားလှယ်များနှင့် CTUM မှ ခေါင်းဆောင်များသည် တွေ့ဆုံကာ မြန်မာနိုင်ငံရှိ အလုပ်သမားသမဂ္ဂကဏ္ဍတိုးတက်မြင့်မားစေရန် ဆွေးနွေးတင်ပြခြင်းများနှင့် ပူးပေါင်းဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို တွေ့ဆုံဆွေးနွေးကြသည်
Today, 21 September 2016, representatives from UNI-AP had a meeting with CTUM leaders to develop labor in high growth sectors and future collaboration processes in Myanmar .