All for Joomla All for Webmasters
Employment Contract Training
2012 Settlement of Labour Dispute Training by CTUM –LO/FTF
December 18, 2016
International Migrant Day
December 18, 2016

Employment Contract Training

Employment Contract Training
အလုပ်သမားအဖွဲ့အစည်းရှိအလုပ်သမားများအား အလုပ်ရှင်၊ အလုပ်သမား အလုပ်အကိုင်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် (Employment Contract)နှင့် ပါတ်သက်သည့်သင်တန်း

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့ တွင် ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၈၈၃)၊ ပုဂံလမ်းမ(၅၃)ရပ်ကွက်၊ (၅၆)ကားကြီးဝင်းတွင် CTUM၊ IndustriALL တို့ ပူးပေါင်း၍ အလုပ်သမားအဖွဲ့အစည်းရှိအလုပ်သမားများအား အလုပ်ရှင်၊ အလုပ်သမား အလုပ်အကိုင်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ဆိုင်ရာ သင်တန်း ပြုလုပ်ခဲ့ပါသည်။

လုပ်ငန်းပေါင်းစုံထိမ်းသိမ်းရေး ကော်မတီ (ဌာနမှူး) ဦးမောင်မောင်လွင်မှ သင်တန်းအဖွင့်အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံသယ် ယူပို့ဆောင်ရေး နှင့် ဝန်ဆောင်မှုအလုပ်သမားအဖွဲ့အစည်း-MTLTUF အဖွဲ့ချုပ် ဥက္ကဌ ဦးလှဌေးမှ EC စာချုပ် ချုပ်ဆိုရခြင်း အကြောင်းအရင်းအား မိတ်ဆက်စကားပြောကြားခဲ့ပါသည်။
သင်တန်းကို ဦးမျိုးမြင့်(ဥက္ကဌ- မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများ အဖွဲ့ချုပ်(IWFM)၊ဒေါ်စိုးနွယ်ဦး(ဥက္ကဌ- Mac Do ဆံပင်တုစက်ရုံ အခြေခံအလုပ်သမားအဖွဲ့ အစည်း)ဦးသန်းဇော်ထွန်း(အဖွဲ့ဝင်- CTUM လူငယ်ကော်မတီ) တို့မှ ဦးဆောင်၍ ဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။

မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်း သိမ်းရေးကော်မတီ(မြို့တွင်း) မထသအလုပ်သမားအဖွဲ့အစည်းနှင့် တောင်ဒဂုံမြို့နယ်အတွင်းရှိ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားအဖွဲ့အစည်းရှိအလုပ်သမားများများဖြစ်ပါသည်။ ဦးဆောင်ဆွေးနွေးသူအပါဝင် သင်တန်းသူ သင်တန်းသား စုစုပေါင်း (၆၅) ဦး တက်ရောက်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *