All for Joomla All for Webmasters
Employment Contract Training
Super Sunday Activities
August 9, 2017
Trade Union Management and Financial Management Training
August 9, 2017

Employment Contract Training

Employment Contract Training on 28-29 July, 2017 at CTUM Training Hall in East Dagon Township.
Ministry of Labour will release a new EC draft very soon. The EC draft is discussed by Employer and Workers Federation. CTUM is doing the EC training for members to make sure that CTUM/IWFM members understand the content of EC and for needed preparation to re-new EC.
 
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် EC သင်တန်းကို ၂၈-၂၉ ရက်၊ ဇူလိုင် ၂၀၁၇ နေ့များတွင် အရှေ့ ဒဂုံမြို့နယ်ရှိ CTUM အဖွဲ့ချုပ် ရုံး၊ သင်တန်းခန်းမတွင် ပြုလုပ်ခဲ့ပါသည်။ အလုပ်ရှင်၊ အလုပ်သမားအလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်အား အသစ်ပြန်လည် ချုပ်ဆိုကြရန်အတွက် ၂၀၁၅ ခုနှစ်တွင် အလုပ်သမားဝန်ကြီးဌာနမှ စာချုပ် မူကြမ်းတစ်စောင်အား ထုတ်ပြန်ခဲ့ပါသည်။ ထိုစာချုပ် မူကြမ်းပါ အချက်များတွင် အလုပ်သမားများအတွက် အခက်အခဲ ဖြစ်စေသည့်အချက်များ ပါဝင်သည့်အတွက် အလုပ်သမားအများအပြားသည် စာချုပ် ပြန်လည် ချုပ်ဆိုရန် ငြင်းဆိုခဲ့ကြပါသည်။ ထို့နောက် ၂၀၁၆ ခုနှစ်တွင် အလုပ်ရှင်နှင့် အလုပ်သမားများ၏ တောင်းဆိုချက်အရ အလုပ်ရှင်အဖွဲ့ချုပ်များနှင့် အလုပ်သမားအဖွဲ့ချုပ်များ သည် အစိုးရမှ ထုတ်ပြန်ခဲ့သည့် EC စာချုပ်မူကြမ်းအား ဆွေးနွေးညှိနှိုင်းခွင့် ရရှိခဲ့ပါသည်။ ယခုအခါတွင် အလုပ်ရှင်၊ အလုပ်သမားများ ဆွေးနွေးပြင်ဆင်ထားသည့် စာချုပ်မူကြမ်းတစ်ခုကို ၀န်ကြီးဌာနမှ အချောသတ်ပြင်ဆင်ပြီး ဖြစ်ပါသည်။ ထိုစာချုပ်အား ၀န်ကြီးဌာနမှ မကြာမီတွင် ညွှန်ကြားချက်နှင့်အတူ ထုတ်ပြန်လာမည်ဖြစ်ပါသည်။  အစိုးရမှ ထုတ်ပြန်လာမည့်မူကြမ်းအား အလုပ်သမားများ သိရှိနားလည်လာစေရန်နှင့် စာချုပ်ပြန်လည် ချုပ်ဆိုရန်အတွက် လိုအပ်သည့် ညှိနှိုင်းဆွေးနွေးမှုများကို ပြုလုပ်ရန် ပြင်ဆင်မှုများ ကို CTUM/ IWFM အဖွဲ့ဝင်များ သိရှိစေရန် ကြိုတင် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ သင်တန်းကို ကြိုတင်ပြုလုပ်ခြင်းဖြင့် အလုပ်သမားသမဂ္ဂခေါင်းဆောင်များမှ မိမိတို့၏ စက်ရုံတွင် EC စာချုပ်များ ပြန်လည် ချုပ်ဆိုရန် အခြေအနေတောင်းဆိုလာပါက လုပ်ငန်းခွင်မပြတ် ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ပါသည်။  အလုပ်သမားများအား EC ပါအချက်များအား ရှင်းလင်းစွာ သိရှိစေရန် အလုပ်သမားသမဂ္ဂခေါင်းဆောင်များမှ အဖွဲ့ဝင်များနှင့် ကြိုတင်ဆွေးနွေးမှုများ ပြုလုပ်ကြပါရန် လည်း သင်တန်းနောက်ဆက်တွဲ အကောင်အထည်ဖော်ဆောင်ရွက်ရန်အဖြစ် ဆွေးနွေးပေးခဲ့ပါသည်။ 
သင်တန်းတွင် ဆွေးနွေးချက်များမှာ လက်ရှိ စက်ရုံတွင် အသုံးပြုနေသည့် EC စာချုပ်အား ပြန်လည် သုံးသပ်ခြင်း။ အစိုးရမှ မကြာမီတွင် ထုတ်ပြန်လာမည့် EC စာချုပ် မူကြမ်းအား ဆွေးနွေးခြင်း။ EC တွင် ပါဝင်သည့် အချက်များအား ရှင်းလင်းစွာ နားလည်ကျင့်သုံးနိုင်ရန် ဖြည့်စွက်ဆွေးဆွေးခြင်း တို့ကို ပြုလုပ်ခဲ့ကြပါသည်။ EC စာချုပ်တွင် တည်ဆဲဥပဒေများအား ကိုးကားထားသည့်အတွက်ကြောင့် ဆက်စပ်ဥပဒေများကိုလည်း ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။ သင်တန်းတွင် အလုပ်သမားသမဂ္ဂခေါင်းဆောင်များအတွက် လိုအပ်သည့် ဥပဒေစာအုပ်များကိုလည်း ပေးအပ်ခဲ့ပါသည်။ သင်တန်းသို့ စက်ရုံ (၁၃) ရုံမှ အလုပ်သမားအဖွဲ့အစည်း ခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး စုစုပေါင်း (၃၆) ဦး ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *