All for Joomla All for Webmasters
Employment Contract Training for IWFM members
အလုပ်သမားသမဂ္ဂဘဏ္ဏာငွေထိန်းသိမ်းခြင်း။ စီမံခန့်ခွဲခြင်းဆိုင်ရာ သင်တန်း
August 9, 2017
အလုပ်​သမားသမားအဖွဲ့အစည်းအ​ခြေခံသမဂ္ဂသ​ဘောတရား​ဆွေး​နွေးပွဲ
August 9, 2017

Employment Contract Training for IWFM members

Employment Contract Training for IWFM members at training hall, CTUM headquarter, East Dagon Township, Yangon on 26-27 July 2017
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် CTUM ၏ အဖွဲ့ဝင်ဖြစ်သော မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှု လက်မှု အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် IWFM သည် မကြာမီတွင် အလုပ်သမားဝန်ကြီးဌာနမှ အတည်ပြု ထုတ်ပြန်မည့် အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူညီချက်စာချုပ် Employment Contract နှင့် စပ်လျဉ်း၍ သင်တန်း ပြုလုပ်ခဲ့ပါသည်။ သင်တန်းသို့ IWFM အဖွဲ့ဝင် စက်ရုံ ၁၂ ရုံမှ စုစုပေါင်း ၃၆ ဦးတက်ရောက်ခဲ့ပါသည်။ သင်တန်းကို ဇူလိုင်လ ၂၆-၂၇ ရက်နေ့များတွင် အရှေ့ဒဂုံမြို့နယ်ရှိ CTUM ရုံးချုပ် သင်တန်းခန်းမတွင် ပြုလုပ်ပါသည်။ သင်တန်းတွင် ဆွေးနွေးချက်များမှာ လက်ရှိ စက်ရုံတွင် အသုံးပြုနေသည့် EC စာချုပ်အား ပြန်လည် သုံးသပ်ခြင်း။ အစိုးရမှ မကြာမီတွင် ထုတ်ပြန်လာမည့် EC စာချုပ် မူကြမ်းအား ဆွေးနွေးခြင်း။ EC တွင် ပါဝင်သည့် အချက်များအား ရှင်းလင်းစွာ နားလည်ကျင့်သုံးနိုင်ရန် ဖြည့်စွက်ဆွေးဆွေးခြင်း တို့ကို ပြုလုပ်ခဲ့ကြပါသည်။ EC စာချုပ်တွင် တည်ဆဲဥပဒေများအား ကိုးကားထားသည့်အတွက်ကြောင့် ဆက်စပ်ဥပဒေများကိုလည်း ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။ သင်တန်းပထမရက် အပြီးတွင် အလုပ်သမားသမဂ္ဂခေါင်းဆောင်များအတွက် လိုအပ်သည့် ဥပဒေစာအုပ်များကိုလည်း ပေးအပ်ခဲ့ပါသည်။
သင်တန်းကို IWFM ဗဟ်ုကော်မတီဝင် များဖြစ်သည့် ဒေါ်ခိုင်ဇာအောင်။ ဒေါ်ကြည်ကြည်ထွန်း။ လှိုင်သာယာမြို့နယ် ချည်မျှင်နှင့် အထည်အလိပ် အဖွဲ့အစည်း အတွင်းရေးမှူး ဦးဝေယံရှိုင်းနှင့် အမှုငေ် အဖွဲ့ဝင် ဦးမျိုးမင်းဝင်းတို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *