All for Joomla All for Webmasters
Employment Contract Training for MWFM by CTUM-Industriall
Solidarity meeting with Agriculture and Farmers Federation of Myanmar’s affiliates Township level union in Yangon region by CTUM-AFFM
December 25, 2016
Employment Contract and ILO convention 87 Training by CTUM-LO/FTF
December 26, 2016

Employment Contract Training for MWFM by CTUM-Industriall

မြန်မာနိုင်ငံ သတ္တုတွင်း အလုပ်သမားများ အဖွဲ့ချုပ်ရှိ အဖွဲ့ဝင် သဂ္ဂများအား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ဆိုင်ရာ သင်တန်း
Employment Contract Training for MWFM by CTUM-Industriall

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ(၂၄)ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် MWFM အဖွဲ့ချုပ်ရုံးတွင် မြန်မာနိုင်ငံ သတ္တုတွင်း အလုပ်သမားများ အဖွဲ့ချုပ်ရှိ အဖွဲ့ဝင် သဂ္ဂများအား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ဆိုင်ရာ သင်တန်းကို စီနိုဟိုက်ဒရို မြို့နယ်အဆင့် သမဂ္ဂရုံးခန်းတွင် ပြုလုပ်ခဲ့ပါသည်။
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် EC နှင့်ပတ်သက်၍ အစိုးရ ၊ CTUM၊ UMFCCI ဆွေးနွေးထားသည့် EC စာချုပ်၊ အစိုးရ မှ ထုတ်ထားသည် EC စာချုပ်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
မြန်မာဝမ်ပေါင် ၊ ပေပေါက်အောက်ရှင်း၊ စီနိုဟိုက်ဒရို၊ ယန်စီကုမ္ပဏီ ကြေးနီသတ္တုတွင်း အခြေခံအလုပ်သမားအဖွဲ့အစည်းတို့မှ သမဂ္ဂကိုယ်စားလှယ်များအပါဝင် စုစုပေါင်း (၅၃) ဦး သင်တန်းတက်ရောက်ခဲ့ကြပါသည်။ MWFM ၏ အမျိုးသမီး ကော်မတီ၊ လူငယ်ကော်မတီခေါင်းဆောင် များလည်း တက်ရောက်ခဲ့ပါသည်။
ဦးသောင်းညွှန့် (MWFM အဖွဲ့ချုပ် ဥက္ကဋ္ဌ)၊ ဒေါ်ခိုင်ဇာအောင် ( CTUM ဘဏ္ဍာရေးမှူး၊ IWFM တွဲဘက်အတွင်းရေးမှူး) နန်းအေးမြမူ ( CTUM အမျိုးသမီးကော်မတီ အလုပ်အမှုဆောင်၊ MWFM အမျိုးသမီးကော်မတီဥက္ကဋ္ဌ)တို့မှ သင်တန်းကို ဦးဆောင်ဆွေးနွေးပေးခဲ့ကြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *