All for Joomla All for Webmasters
Evaluation and Planning Workshop by LO/FTF
(IWFM) ၏ ဒုတိယအကြိမ် ညီလာခံမှ ရွေးကောက်တင်မြောက်ခဲ့သည့် ၂၀၁၇-၂၀၂၀ သက်တမ်းတွင် တာဝန်ထမ်းဆောင်မည့် ဗဟိုကော်မတီ အဖွဲ့ဝင်များ စာရင်း
November 28, 2017
လှိုင်သာယာအလုပ်သမားအဖွဲ့အစည်းသို့ ဆန်ကို စတင်ရောင်းချပေးနေပါပြီ
December 27, 2017

Evaluation and Planning Workshop by LO/FTF

Evaluation and Planning Workshop by LO/FTF ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်တွေကို ရေးဆွဲခြင်းဆိုင်ရာဆွေးနွေးပွဲ
( ၂၉-၃၀ရက် နိုဝင်ဘာလ၊ ၂၀၁၇ခုနှစ်၊ Ibis Styles ဟိုတယ်၊ ရန်ကုန်မြို့)

LO/FTF နှင့် CTUM ပူးပေါင်းဆောင်ရွက်၍ ကဏ္ဍအလိုက် အဖွဲ့ချူပ်များတွင် သမဂ္ဂ ပညာပေးလုပ်ငန်းများ ပြုလုပ်နိုင်ရန်အတွက် ဆရာဖြစ်သင်တန်းများပြုလုပ်ကာ သင်တန်းဆရာများအား မွေးထုတ်ခြင်း၊ ဆက်သွယ်ရေးကဏ္ဍနှင့် CTUMရှိ အဖွဲ့ဝင်သမဂ္ဂများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပရိုဂရမ်များ၊ နှစ်အလိုက် ရေးဆွဲကာ အစီအစဉ်များ ချမှတ်ခဲ့ကြပါသည်။
၂၀၁၆ခုနှစ်အတွင်းတွင် ဆောင်ရွက်ခဲ့သည့်လုပ်ငန်းစဉ်များအား ပြန်လည်သုံးသပ်ခြင်းနှင့် လက်ရှိအခြေအနေများကို ဆွေးနွေးခဲ့သည်။
ထိုနောက် အလုပ်သမားလုပ်အားဈေးကွက်နှင့် အခက်အခဲများ၊ ရွေ့ပြောင်းအလုပ်သမားကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍနှင့် အလုပ်သမားသမဂ္ဂပညာပေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် မူဝါဒများနှင့် နည်းဗျူဟာများ ချမှတ်ကာ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

တက်ရောက်သူများမှာ Brother Buddi Ram Acharya, Brother Peter Lunding, Sister Ana Liza Ubaldo Valencia, LO/FTFမှ တာဝန်ရှိသူများနှင့်အတူ CTUM မှ ခေါင်းဆောင်များနှင့် CTUM ဌာနများဖြစ်သော ရုံးအုပ်ချူပ်ရေးဌာန၊ ရွေ့ပြောင်းအလုပ်သမားဌာန၊ သုတေသနနှင့် သတင်းအချက်အလက်သိမ်းဆည်းရေးဌာန၊ ဘဏ္ဍာရေးဌာနနှင့် ဆက်သွယ်ရေးဌာနမှ တာဝန်ခံများတက်ရောက်ဆွေးနွေးခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *